Saturday, April 27, 2024

ဖမ်းဆီးထိန်းသိမ်းထားသည့် အရပ်သားတစ်ဦးကို ပစ်ခတ်သည့် KNDF တပ်သား ၂ ဦး ထောက်ဒဏ် နှစ် ၂၀ ကျော်ချမှတ်

Must read

ဖမ်းဆီးထိန်းသိမ်းထားသည့် မသင်္ကာသူတစ်ဦးကို ပစ်ခတ်ခဲ့သည့် KNDF တပ်သား ၂ ဦးကို ထောင်ဒဏ် (၂၀) နှစ်နှင့် (၁) လပြစ်ဒဏ်ချမှတ်လိုက်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က မတ်လ ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၂၁ ည ၁၁ နာရီဝန်းကျင်တွင် အသက် (၂၇) နှစ်အရွယ်ရှိ ပီကင်းကောခူရွာတွင် နေထိုင်သူအရပ်သားတစ်ဦးကို ရပ်ရွာအတွင်း မူးယစ်ရမ်းကားမှု စွဲချက်ဖြင့် ဖမ်းဆီးထိန်းသိမ်းထားစဉ် KNDF တပ်ဖွဲ့ဝင်အချို့၏ မလျော်မကန်သည့်ပစ်ခတ်မှုကြောင့် သေဆုံးသွားကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုနှင့် ပတ်သက်ပြီး ဗဟိုစုံစမ်းစစ်ဆေးရေးအဖွဲ့မှ ကနဦးစုံစမ်းဆေးမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်စဉ်အပေါ် စစ်ဘက်ဆိုင်ရာအက်ဥပဒေ ပုဒ်မ (၄၉) ပထမအဆင့် ဗျူဟာစစ်ခုံရုံး စစ်ဆေးကြားနာမှု ဆောင်ရွက်ခဲ့သည်ဟု သိရသည်။

ထို့နောက် ကျူးလွန်သူ KNDF တပ်သား (၂) ဦးကို စစ်အက်ဥပဒေ ပုဒ်မ (၂၂)၊ (၃၀) အရ ထောင်ဒဏ် (၂၀) နှစ်နှင့် (၁) လပြစ်ဒဏ်ချမှတ်လိုက်ကြောင်း ထုတ်ပြန်ချက်၌ ရေးသားဖော်ပြထားသည်။

ထို့အပြင် ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF အနေဖြင့် သစ္စာအဓိဌာန် (၅) ချက်၊ နိုင်ငံရေး မူဝါဒကြေညာစာတမ်းနှင့်အညီ လိုက်နာကျင့်သုံးရပ်တည်လျှက်ရှိကြောင်း ဆိုသည်။

Leave a Comments

- Advertisement -spot_img

Latest article