Saturday, April 27, 2024

ပင်လောင်းမြို့နယ် နန်းတုတ်ရွာကို စစ်ကောင်စီကလေယာဉ်ဖြင့်ဗုံးကြဲ၊ နေအိမ် ၆ လုံးပျက်စီး

Must read

သျှမ်းပြည် ပင်လောင်း-ဖယ်ခုံ နယ်စပ်ဒေသရှိ နန်းတုတ်တောင်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သားနေအိမ် ၆ လုံး ပျက်စီးသွားကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ မတ်လ ၂၂ ရက် ညပိုင်း ၁၂ နာရီဝန်းကျင်တွင် ပင်လောင်း-ဖယ်ခုံ နယ်စပ်ဒေသရှိ နန်းတုတ်တောင်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဆေးခန်းအဆောက်အဦးအချို့အပါအဝင် အရပ်သား နေအိမ် ၆ လုံးပျက်စီးသွားခဲ့ကြောင်း နန်းတုတ်ရွာ ဒေသခံတစ်ဦးက ပြောသည်။

“ကျနော်ထင်တာကတော့ သူတို့သွေးခွဲတယ်လို့ပဲမြင်တယ်။ PDF တွေရွာမှာလာနေရင် ဒီလိုဗုံးကြဲခံရမယ်။ PDF တွေကြောင့် ဒီလိုဖြစ်ရတာဆိုပြီး ပြည်သူတွေကို သွေးခွဲချင်တယ်လို့ပဲ မြင်တယ်” ဟု ၎င်းကပြောသည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုနှင့် ပတ်သက်၍ ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်းသိရသည်။

အလားတူ ဖယ်ခုံမြို့နယ် လအိကျေးရွာရှိဆေးရုံကို ယမန်နေ့ မတ်လ ၂၂ ရက် မနက်ပိုင်း ၁၀ နာရီဝန်းကျင်က စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဆေးရုံအဆောက်အဦးများ ပျက်စီးသွားသည့်အပြင် ဆေးကုသမှုခံနေသည့် အမျိုးသား ၂ ဦးသေဆုံး၊ အမျိုးသမီး ၁ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၂ ရက်တွင်လည်း ပင်လောင်းမြို့နယ် နန်းတုတ်ကျေးရွာကို ဖယ်ခုံမြို့ရှိ စစ်ကောင်စီအမြောက်တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article