Saturday, April 27, 2024

စစ်ကောင်စီက စစ်မှုထမ်းဟောင်း မိသားစုဝင်များကို အဓိကထား ခေါ်ယူနေတာ

Must read

သျှမ်းပြည် ကွန်ဟိန်းမြို့တွင်း ပြည်သူ့ စစ်မှုထမ်းဟောင်း မိသားစု ဝင်များကို ပြည်သူ့ စစ်မှုထမ်းရန် အဓိက ခေါ်ယူနေကြောင်း စုံစမ်းသိရသည်။

စစ်ကောင်စီ

သျှမ်းပြည် ကွန်ဟိန်းမြို့တွင် ပြည်သူ့ စစ်မှုထမ်းရန်ခေါ်ယူသည့် နောက်တွင် စစ်မှုထမ်းဟောင်း၏ မိသားစုဝင်များကို စစ်ကောင်စီက အဓိကထား ခေါ်ယူနေကြောင်း ကွန်ဟိန်းမြို့နယ် ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“နေရာတိုင်းမှာတော့ စစ်မှုထမ်းဖို့ ပြည်သူတွေကိုခေါ်နေတာလေ။ခုကတော့ စစ်မှုထမ်းဟောင်း မိသားစုတွေကို သူတို့က မဲနိုက်ပြီးခေါ်နေတာ။အဲ့ဒါတွေပြီးမှ ပြည်သူတွေကို ပြန်ကောက်မယ်ထင်တာပဲ။ ဒီမှာကတော့ အကုန်ပြေးနေတာပဲ။ဒီမှာတော့ စစ်မှုထမ်းဟောင်းသားသမီးတွေလောက်ပဲကျန်တယ်‌ ပြေးလို့လည်းမရဘူး။”ဟု ကွန်ဟိန်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထိုစစ်ကောင်စီထုတ်ပြန်သည့် စစ်မှုထမ်းဥပဒေကြောင့် ကွန်ဟိန်းမြို့နယ်တွင် ရပ်ကွက် ၁ ၊ ၂ လူကြီးများလည်း တိမ်းရှောင်နေကြပြီး ပြည်သူများလည်း နီးစပ်ရာ နယ်စပ်ဒေသသို့ ထွက်ပြေးတိမ်းရှောင်ရန် ကြိုးစားနေကြသည်။

လွန်ခဲ့သည့် ဖေဖော်ဝါရီ ၁၀ရက်တွင် စစ်ရေး အဖက်ဖက်ရှုံးနိမ့်နေသည့် စစ်ကောင်စီသည် အသက်ပြည့်ပြီး နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်း ဥပဒေကို စတင်ကျင့်သုံး တော့မည်ဟု ထုတ်ပြန်ခဲ့သည်။

ထိုဥပဒေတွင် အမျိုးသားဖြစ်လျှင် အသက် ၁၈နှစ်မှ အသက် ၃၅နှစ် မပြည့်ခင်အထိ သတ်မှတ်ထားကာ အမျိုးသမီးများ ဖြစ်လျှင် အသက် ၁၈နှစ်မှ အသက် ၂၇နှစ်မပြည့်ခင်အထိ သတ်မှတ်ထားသည်။ ထို့အပြင် အတတ်ပညာ အသက်မွေး ဝမ်းကျောင်း ပြုသည့် ကျွမ်းကျင်သူများဖြစ်ပါက အမျိုးသား အသက် ၁၈နှစ် မှ ၄၅နှစ် အမျိုးသမီး အသက် ၁၈နှစ်မှ ၃၅နှစ်ထိသတ်မှတ်ထားသည်။

Leave a Comments

- Advertisement -spot_img

Latest article