ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာတွင် တိုက်ပွဲပြင်းထန်နေဆဲ

သျှမ်းပြည် ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာတွင် ကရင်နီအမျိုးသား ကာကွယ်ရေးတပ်မတော် KNDF ၊မဟာမိတ်ပူးပေါင်း တော်လှန်ရေးအင်အားစုတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲပြင်းထန်နေကြောင်း  စုံစမ်းသိရသည်။

စစ်ကောင်စီတပ်နှင့်လက်အောက်ခံ ပြည်သူ့စစ် PNA က ပင်လောင်း-ဖယ်ခုံနယ်စပ်ကို ထိုးစစ်ဆင်မှုကြောင့် မတ်လ ၁၀ ရက်ကတည်း ပင်လောင်းမြို့နယ်အတွင်းမှာ တိုက်ပွဲတစ်ကျော့ပြန်ဖြစ်ပွားလာပြီး လက်ရှိ ဆောင်းပြောင်းကျေးရွာတွင် တိုက်ပွဲပြင်းထန်လာနေကြောင်း ပင်လောင်းမြို့ဒေသခံများထံမှ သိရသည်။

ပင်လောင်းမြို့ တောင်ဘက်ရှိ ဆောင်းပြောင်းကျေးရွာသည် ပင်လောင်-ဖယ်ခုံ လမ်းမပေါ်တွင်တည်ရှိပြီး ပင်လောင်းမြို့နှင့် မိုင် ၂၀ ခန့်ကွာဝေးသည်။ 

“အခုတိုက်ပွဲကတော့ ပြင်းထန်နေတုန်းပဲဗျ။ ဆောင်းပြောင်းရွာရှိတဲ့ ရဲစခန်းတွေ၊ တပ်စခန်းတွေ တော်လှန်းတပ်ဖွဲ့တွေ သိမ်းနေတယ်” ဟု ပင်လောင်းမြို့ ဒေသခံအမျိုးသား ၁ ဦးကပြောသည်။

လက်ရှိ တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ ရှမ်းတောင်တော်လှန်ရေးလူငယ်အင်အားစုဘက်က ထုတ်ပြန်လာခြင်း မရှိသေးပေ။ 

သို့သော် ဒေသခံများပြောပြချက်အရ ပင်လောင်းမြို့နယ်အတွင်း တိုက်ပွဲသည် တစ်နေ့ထက်တစ်နေ့ ပိုမိုပြင်းထန်လာနေပြီး မြို့ပေါ်သို့ တဖြည်းဖြည်းချဉ်းကပ်လာနေသည်ဟု ပင်လောင်းမြို့ခံများက ပြောသည်။

“တစ်လောက သူတို့ပြောတဲ့အတိုင်း စားမေးပွဲဖြေပြီးရင် ပိုသတိရပေးပါဆိုတာ အခုတော့တကယ်လည်း ပိုကြမ်းလာပြီ။ အရင်က နမ့်ဖာမှုကနေ အခုဆောင်းပြောင်းရောက်လာတာ တဖြည်းဖြည်းမြို့နဲ့နီးလာပြီ။ ကျနော်တို့လည်း ပြေးစရာနေရာလည်း မရှိတော့ဘူး။ ဘယ်ပြေးရမှန်းမသိတော့ဘူး” ဟု ပင်လောင်းမြို့ပေါ်တွင် နေထိုင်သည့် အသက် ၃၀ ကျော် အမျိုးသားတစ်ဦးက ဆိုပြန်သည်။ 

ယင်းတိုက်ပွဲအတွင်း အထိနာနေသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် PNA တို့သည် ပင်လောင်းမြို့ပေါ်မှာ ကားချောဆွဲခြင်း၊ ပိုက်ဆံတောင်းခံခြင်း၊ စစ်မှုထမ်းခေါ်ယူခြင်းများ ပြုလုပ်နေလျက်ရှိသည်ဟု သိရသည်။

“အခုရွာတွေမှာကော၊ မြို့ပေါ်မှာကော စစ်အသုံးစရိတ်အတွက် တောင်းနေတာ။ တချို့နေရာတွေက ကျပ်ငွေ ၇ သောင်းအထိတောင်းနေတယ်။ တချို့နေရာကျတော့လည်း ကျပ်ငွေ ၂ သောင်း၊ ၅ သောင်းဆိုပြီး တောင်း နေတယ်။ ပြီးတော့ စစ်သားမလုပ်ရမယ်၊ မလုပ်ချင်ရင် တစ်ယောက်ကို ကျပ်သိန်း ၅၀ ဆိုပြီး ထပ်တောင်း နေတယ်။ အခုသူတို့တောင်းနေရာ အမျိုးမျိုးပဲ။ လွန်လွန်းတယ်၊ ဒီမှာဘယ်သူမှ မနေချင်ကြတော့ဘူး” ဟု အထက်ပါ အသက် ၃၀ ကျော် အမျိုးသားတစ်ဦး ထပ်လောင်းပြောသည်။ 

လက်ရှိ ပင်လောင်းမြို့နယ်အတွင်း ရက်ပေါင်း ၁၀ ကျော်ကြာ တိုက်ပွဲကြောင့် မိမိနေရပ်စွန့်ပစ်ပြီး ထွက်ပြေး တိမ်းရှောင် နေရသူ လူဦးရေ ၁ သောင်းခန့် ရှိနေသည်ဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်လောင်းတွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီး၊ နေရာပြောင်းရွှေ့ရန် စီစဉ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီးပြီး နေရာပြောင်းရွှေ့ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်မှစပြီး သျှမ်းတောင်၌ မိုးများ ဆက်တိုက်ရွာသွန်းခဲ့ပြီးနောက် တောင်ကျရေကြောင့် တီကျစ်ဒေသနှင့် နောင်တရားဒေသတွင် ပြောင်းစိုက်ခင်းနှင့် ရာသီပေါ်သီးနှံစိုက်ခင်းများ ရေနစ်မြှုပ် ပျက်စီး သွားခဲ့သည်။ ထိုသို့ သီးနှံများ ပျက်စီးဆုံးရှုံးသောကြောင့် နောက်ထပ်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

စစ်ဒဏ်သင့် နန်းနိမ့်ကျေးရွာတွင် နေအိမ်မပြင်နိုင်သေးဘဲ နေရပ်ပြန်နေရ

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် နန်းနိမ့်ကျေးရွာ တွင် စစ်ဘေးဒဏ်သင့် ဘုန်းကြီးကျောင်းနှင့်နေအိမ်များ ပြန်လည်ပြင်ဆင်မှု မပြုလုပ်နိုင်သေးသော်လည်း ပြည်သူများ နေရပ်ပြန်နေထိုင်နေရကြောင်း သတင်းရရှိသည်။​  လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO)တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ကြား  ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ပင်လောင်းမြို့နယ် တောင်မဲသင်း‌ကျေးရွာ၊ နန်းနိမ့်ကျေးရွာ နှင့် ပင်ပုံကျေးရွာမှ...