Friday, April 26, 2024

နမ္မတူမြို့နယ်တွင် အသက် ၈ နှစ်အရွယ် ခလေး မိဘယာခင်းအတွင်း မြေမြုပ်မိုင်းနင်းမိ သေဆုံး

Must read

သျှမ်းပြည်မြောက်ပိုင်း နမ္မတူ မြို့နယ်မှ အသက် ၈ နှစ်အရွယ် ကလေးငယ်တဦး ၄င်းမိဘပိုင်ယာခင်းအတွင်း ဟင်းရွက်ဆင်းခူးစဉ် မြေမြုပ်မိုင်းနင်းမိကာ သေဆုံးခဲ့ရကြောင်းသိရသည်။

နို၀င်ဘာလ ၂၈ ရက်နေ့က နမ္မတူမြို့ အရှေ့မြောက်ဘက် မိုင် ၃၀ ကျော်ကွာ ၀မ့်ဆာလုံအုပ်စု ၀မ့်နားဆန်းရွာ နှင့် ၃ မိုင်ကွာဝေးသော ကောင်းတွယ်ဟောက်တောင်ကုန်းရှိ ၄င်းမိဘပိုင် ပြောင်းစိုက်သည့် ယာခင်းအတွင်း ဖရုံ ရွက်ခူးနေစဉ် အသက် ၈ နှစ်အရွယ် စိုင်းလှဟန် ခေါ် စိုင်းလျန်မှာ မြေမြုပ်မိုင်းနင်းမိကာ ပွဲချင်းပြီးသေဆုံး ခဲ့ခြင်းဖြစ်သည်။

နမ္မတူမြို့နယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့ ဒုဥက္ကဌ စိုင်းဘဉာဏ်က – ကလေးက သူ့မိဘတွေနဲ့ တောင်ယာ မှာသွားအိပ်ပြီး အလုပ်လုပ်တာလို့ကြားတယ်။ ဒီခလေး မိုင်းနင်းမိပြီး ရွာသားတွေ ထပ်သွားရှာတော့ သူတို့ ခြံ ထဲမှာ မိုင်းနောက် ၂ လုံး ထပ်တွေ့တယ် ။ လွန်ခဲ့တဲ့ လတွေတုန်းက အဲဒီ့ဘက်မှာ အစိုးရတပ် နဲ့ ပလောင်တပ် တိုက်ပွဲဖြစ်တဲ့နေရာ။ တိုက်ပွဲတုန်းက သူတို့ထောင်ထားပြီး ပြန်လာမဖြုတ်တော့ ခံရတာက အပြစ်မဲ့ရွာသားတွေ။ မသေသင့်ဘဲသေရတာပေါ့ – ဟု ပြောဆိုသည်။

မိုင်းနင်းမိ သေဆုံးသော စိုင်းလှဟန်မှာ ၀မ့်နားဆန်းရွာသား လုံးဆန်ခိုင် ပါဆိ တို့၏ သားဖြစ်သည်။

မည်သည့်လက်နက်ကိုင်တပ်ဖွဲ့မှ မြုပ်ထားသောမိုင်း မသိရသော်လည်း နမ္မတူမြို့နယ်အတွင်း အစိုးရတပ်အပြင် တအာင်းလက်နက်ကိုင်တပ်ဖွဲ့၊ ကချင်တပ်၊ ပြည်သူ့ရဲတပ်ဖွဲ့ နှင့် သျှမ်းလက်နက်ကိုင်တပ်ဖွဲ့ ၂ ဖွဲ့တို့ လှုပ်ရှား သွားလာပါသည်။

Leave a Comments

- Advertisement -spot_img

Latest article