မိုင်းရှူးမြို့ ကျေးလက်တခုအတွင်း ညသန်းခေါင် လက်နက်ကြီးကျ ကားတစီးနှင့် အိမ်တလုံးပျက်စီး

လွိုင်လင်ခရိုင် မိုင်းရှူးမြို့နယ် မိုင်းအောတ် အုပ်စုတွင် နိုဝင်ဘာလကုန်က ညသန်းခေါင်  ဒေသခံများ အိမ်မောကျနေချိန် လက်နက်ကြီး လက်နက်ငယ်များ  ရွာအတွင်းသို့ ကျလာရာ နေအိမ်တလုံး၊ ကားတစီး ပျက်စီးကာ တရွာလုံး ထိပ်လှန့်ကြသည်ဟု ဒေသခံများက ပြောသည်။

နိုဝင်ဘာလ ၃၀ ရက်က မိုင်းရှူးမြို့အရှေ့မြောက်ဘက်ရှိ မိုင်းအောတ်အုပ်စု ကိန်းတောင်းရွာအတွင်းသို့  ထိုအနီးရှိ တပ်စခန်းချနေထိုင်နေသည့် တပ်ဘက်မှ လက်နက်ကြီးငယ်များဖြင့်ပစ်ခတ်ခဲ့ကြောင်း၊  တဖက်တည်းကသာ ပစ်ခတ်နေသည့်အသံဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိကြောင်း ဒေသခံများက ပြောသည်။

“ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်ကို အသက်နဲ့လဲပြီးကာကွယ်ပါမယ်ဆိုတဲ့စစ်တပ်က ဘာကြောင့် လူတွေနေ တဲ့ရွာထဲကို ပစ်မှတ်ထား အကြောင်းမဲ့ ပစ်ခတ်တာလဲ ဘာရည်ရွယ်ချက်နဲ့ ဘယ်သူက အမိန့် ပေးပြီး ဘယ်သူက တာဝန်ယူမလဲဆိုတဲ့ မေးခွန်းရှိပါတယ်။ လူထုကို ကျေနပ်အောင် တာဝန်ရှိသူတွေက ပြန်လည်ရှင်းပြဖို့ လိုတယ်လို့ ပြောချင်ပါတယ်”  – ဟု မိုင်းရှူးမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းအေးက ပြောသည်။

မိုင်းအောတ်တွင် စခန်းချနေသည်မှာ  ခလရ ၉၉ က ဗိုလ်မှူး ဖြူကျော်စိုးဦးဆောင်သည့် အင်အား ၃၅ ယောက်ခန့်ရှိအဖွဲ့ဖြစ်ကြောင်း မိုင်းအောတ်အုပ်စုသား လုံးအွတ်ကပြောသည်။

“တိုက်ပွဲဖြစ်ရင်တော့ ၂ ဘက်ပစ်ခတ်သံကြားရမယ်လေ။ အခုက တဖက်တည်းပစ်နေတဲ့အသံ။ အရပ် ၄ မျက်နှာ ရမ်းပြီးပစ်ခတ်နေတာ။ ဝမ့်ကိန်းတောင်းရွာက စိုင်းလှယိန် အိမ်အဖီ နဲ့  ကားတစီးထိခိုက်ပျက်စီးတယ်။ ညကြီးမင်းကြီးအချိန်ဖြစ်နေတော့ အိမ်သားတွေအစုံရှိတဲ့အချိန်လေ။ တော်သေးတယ်အိပ်ခန်းထဲ တည့်တည့်မကျလို့ လူကိုတော့မထိဘူး” – ဟု ၎င်းကပြောသည်။

အဆိုပါညပစ်ခတ်ခြင်းတွင် စက်သေနတ်ဖြင့် အလုံး ၅၀ ထက်မနည်း ဆက်တိုက် ဆွဲပစ်ကြောင်း၊ လက်နက်ကြီးဖြင့်လည်း ၃ ခါပစ်ခတ်ကြောင်း၊ ဒေသခံရွာသားများ စိုးရိမ်ထိတ်လှန့် ခဲ့ကြောင်း လုံးအွတ်ကပြောသည်။

အဆိုပါဒေသသည် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် လှုပ်ရှားသည့်ဒေသဖြစ်သော် လည်း အထက် ဖော်ပြပါ နေ့ရက်နှင့်နေရာတွင် အစိုးရတပ်မတော်နှင့် တိုက်ပွဲဖြစ်ပွါးခြင်း မရှိရကြောင်း SSPP/SSA ဘက်ကပြော ပါသည်။

“ အစိုးရတပ်မတော်ရဲ့အခုလုပ်နေတဲ့ လုပ်ရပ်ဟာ လူထုကို ကြောက်လှန့်အောင်ခြိမ်းခြောက်လိုက်တာ ဘဲဖြစ်တယ်။ နယ်မြေတည်ငြိမ်အောင် လုပ်တာမဟုတ်ဘူး။ ငြိမ်းချမ်းမှု မရှိအောင်လုပ်လိုက်တာဘဲဖြစ်တယ်၊ ၂၀၁၂ ခု ကတည်းက ကျနော်တို့ကို လာတိုက်ကတည်းက အဲဒီ့ရွာအနားမှာ ကျနော်တို့တပ်မနေတော့ဘူး။ အစိုးရတပ်ဘဲလာရောက် စခန်းချတာ” – ဟု SSPP/SSA ပြန်ကြားရေး အရာရှိ ကပြောသည်။

အဆိုပါအခင်းဖြစ်ပွားသည့်ဒေသဘက်တွင် လမ်းဖေါက်လုပ်ရန်အတွက် အစိုးရတပ်မတော်မှ ဒေသအတွင်း ရှိ SSPP/SSA စခန်းများအားလုံး ဆုတ်ပေးရန် ယခုနှစ်လယ်ပိုင်းက အစိုးရတပ်မတော်မှ ညွှန်ကြားထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဒီဂျစ်တယ်ထောင်ချောက်နှင့် နယ်စပ်ဖြတ်ကျော် ငွေလိမ်ဂိုဏ်းများ

0
မိမိ၏ ဘဏ်အကောင့်ထဲသို့ အမည်မသိဘဲ ဝင်လာသည့် ငွေလွဲတခုသည် ဘဝတစ်သက်တာ စုဆောင်းငွေများကို မိနစ်ပိုင်းအတွင်း ပျောက်ကွယ်သွားစေနိုင်ရုံသာမက အပြစ်မဲ့ပြည်သူတဉီးဘဝကနေ တရားခံတဉီးအဖြစ်သို့ ဥပဒေကြောင်းအရ အရေးယူခံရစေနိုင်သည့် ဒီဂျစ်တယ်ထောက်ချောက်တခု ဖြစ်လာနေသည်။ လက်ရှိတွင် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားများနှင့် သျှမ်းပြည်တွင်းရှိ အသေးစားစီးပွားရေး လုပ်ငန်းရှင်များသည် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များ၏ နည်းပညာသုံး...

တာချီလိတ်-မိုင်းရှူး ကုန်တင်ကားများ လမ်းကြေး ၂၄ သိန်းအထက် ပေးနေရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ် - မိုင်းရှူး လမ်းတလျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များတွင် ကုန်တင်သွားလာ နေသည့် ကားသမားများထံ ငွေကြေးအဆမတန် တောင်းနေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မှ မိုင်းရှူးသို့ ပြန်သည့် ကားအသေးတစ်စီးအတွက် ခရီးစဉ်တစ်ကြိမ်လျှင် လမ်းကြေး ကျပ် ၂၄ သိန်းကျော် ကုန်ကျခဲ့ကြောင်း...

ထိုင်းတွင် တားမြစ်အလုပ် လုပ်ကိုင်သည့် ရွှေ့ပြောင်းလုပ်သားများကို ပြည်နှင်ဒဏ်အထိ တင်းကြပ်စွာ အရေးယူမည်

0
ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) မရှိဘဲ ရွှေ့ပြောင်းလုပ်သားများကို ငှားရမ်းခြင်း သို့မဟုတ် ဥပဒေအရ ခွင့်ပြုထားသည့် အလုပ်အကိုင်နယ်ပယ် ပြင်ပတွင် ခိုင်းစေခြင်းများ မပြုလုပ်ကြရန် ထိုင်းအစိုးရက အလုပ်ရှင်များ၊ စီးပွားရေးလုပ်ငန်းများနှင့် အများပြည်သူသို့ သတိပေးကြောင်း ထိုင်းသတင်းဌာနများတွင်ဖော်ပြသည်။ အစိုးရ ဒုတိယပြောရေးဆိုခွင့်ရှိသူ မနက်ဒါရက်စ် (Patdarasm Thongsaluaykorn)...

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

ဖယ်ခုံမြို့နယ်အတွင်းရှိ နေအိမ်များကို စစ်တပ်က ထပ်မံမီးရှို့

0
သျှမ်း-ကရင်နီ(ကယား) နယ်စပ်ဖြစ်သည့် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်က ကျန်ရှိသည့် နေအိမ်များကို ထပ်မံမီးရှို့ခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် “၁၁၁၁”စစ်ဆင်ရေးတွင် စစ်တပ်က မိုးဗြဲနှင့် ဖယ်ခုံမြို့နယ် ကျေးရွာအများစုကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင်...