RCSS/SSA စစ်သည်များအတွက် တရုတ်နိုင်ငံရောက် သျှမ်းရွှေ့ပြောင်းအလုပ်သမားများ ငွေနှင့်ပစ္စည်းများ စုပေါင်းထောက်ပံ့

တရုတ်နိုင်ငံအတွင်းရောက်ရှိအလုပ်လုပ်ကိုင်နေသော သျှမ်းပြည်သား ရွှေ့ပြောင်း အလုပ်သမားများစုပေါင်းကာ သျှမ်းပြည်တပ်မတော် RCSS/SSA အတွက် ကျပ်ငွေ သိန်း ၆၀ ခန့် ရှိ ငွေနှင့်ပစ္စည်းများ တာဝန်ရှိသူများထံ ပေအပ်ခဲ့သည်ဟုသိရသည်။

တရုတ်ယွမ်ငွေ ၂၉၀၀၀ (မြန်မာငွေတန်ဖိုးကျပ်သိန်း ၆၀ နီးပါး) တန်ဖိုးရှိ အဝတ်အစားများ၊ ရိက္ခာများ၊ အသုံးအဆောင်ပစ္စည်းများကို RCSS/SSA တပ်ထုများအတွက် နို၀င်ဘာလ ၂၃ ရက်နေ့က ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“သျှမ်းရွှေ့ပြောင်းအလုပ်သမားများစုပေါင်းဖွဲ့စည်းထားသည့် သျှမ်းအမျိုးသားရေးကူညီထောက်ပ့ံရေးအဖွဲ့၏ အမှုဆောင်အဖွဲ့ဝင်တဦးက – ကျနော်တို့ ဒီဘက်မှာအလုပ်လာလုပ်တဲ့ သျှမ်းအဖွဲ့ကနေ RCSS/SSA ကို အဝတ်အစားတွေ အစားအသောက်တွေကို တတ်စွမ်းသလောက်အင်အားလေးနဲ့ ကူညီထောက်ပံ့မှုပေး အပ်လာတာ ရ ကြိမ်မြောက်ရှိပါပြီ။ ကျနော်တို့ သျှမ်းအမျိုးသားရေးအတွက် လုပ်နေတဲ့သူတွေ စိတ်ဓါတ်ခွန် အားတွေ ပိုမိုထက်သန်လာစေဖို့အတွက်ရည်ရွယ်ပါတယ်။ ကျနော်တို့ သူများဆီမှာ အလုပ်လာလုပ်နေပေမယ့်လည်းဘဲ ကိုယ့်အမျိုးသားရေးအတွက်လုပ်နေတဲ့ ပုဂ္ဂိုလ်တွေကိုမမေ့ပါဘူး ဆိုတာကိုပြချင်တဲ့သဘောနဲ့ တတ်စွမ်းနိုင်သလောက် မိမိခွန်အားနဲ့ရင်းပြီး ရလာတဲ့ငွေလေးတွေ ကို စုပေါင်းပြီး တတ်နိုင်တဲ့ဘက်က ကူညီထောင်ပံ့တာပါ”- ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။

တရုတ်နိုင်ငံအတွင်းရောက်ရှိအလုပ်လုပ်ကိုင်နေသော သျှမ်းအဖွဲ့အနေဖြင့် လာမည့်နှစ်များတွင်လည်း အလှူငွေများစုစည်းကာ အမျိုးသားရေးအတွက်ဆက်လက်ထောက်ပ့ံပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ထိုင်းနိုင်ငံဘက်တွင်လည်း ထိုကဲ့သို့ ပူးပေါင်းဆောင်ရွက်သည့် ကူညီထောက်ပံ့မှု အသင်းဖွဲ့စည်းကာ ကူညီထောက်ပံ့မှုအတွက်ရလာသည့်ငွေကြေးများ၊ ပစ္စည်းများ၊ ဆန်ဆီ၊ ဆားများ လစဉ်လတိုင်း RCSS/SSA လွိုင်တိုင်းလျဲန်း ဌာနချုပ်သို့ လစဉ် ထောက်ပံ့အပ်နှံမှုများ ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်းမြို့ထဲ ပြန်လည်ဝင်ရောက်ရန် Non-CDM များကို စစ်အစိုးရ အသင့်ပြင်ခိုင်းထားဟုဆို

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်ရှိ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများတွင် တာဝန်ပြန်လည် ထမ်းဆောင်နိုင်ရန် မူဆယ်မြို့ဘက်ရှိ Non-CDM ဝန်ထမ်းများကို အသိပေး ပြင်ဆင်ခိုင်းနေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ထဲသို့ ပြန်လည်ဝင်ရောက်၍ အုပ်ချုပ်ရေးယန္တရား လည်ပတ်ရန် စစ်ကော်မရှင် အသွင်ပြောင်း စစ်အစိုးရမှ မူဆယ်နှင့်...

ထိုင်းအမျိုးသမီးတစ်ဦး “ခြင်” အသေများရောင်းကာ စီးပွားဖြစ်

0
ထိုင်းအမျိုးသမီးတစ်ဦးသည် နေ့စဉ်ခြင်ရိုက်ရသည့် အလုပ်ကို စိတ်ကူးသစ်ဖြင့် ပေါင်းစပ်ပြီး ခြင်အသေကောင်များဖြင့် ပြုလုပ်ထားသည့် အမှောင်ထဲတွင် အရောင်တောက်သည့် သော့ချိတ်များကို တီထွင်ရောင်းချရာမှ ဝင်ငွေအမြောက်အမြား ရရှိနေကြောင်း Khaosod သတင်းတွင် ဖော်ပြထားသည်။ "လီ" ဟု အမည်ရသည့် အမျိုးသမီးသည် TikTok တွင် ခြင်အသေကောင်များကို စုဆောင်းကာ ပလတ်စတစ်လောင်းပြီး...

လူငယ်များကြား Happy Pod မူးယစ်ဆေး ခေတ်စားလာ

0
သျှမ်းပြည်တွင် တားမြစ်ထားသည့် အီးစီးကရက်အပြင် “ Happy Pod” ဟုခေါ်သော မူးယစ်ဆေးပစ္စည်းများလည်း ရောင်းဝယ်သုံးစွဲမှုယခင်ကထက်ပိုများရှိလာကြောင်း စုံစမ်းသိရသည်။ မြန်မာနိုင်ငံတွင် အီးစီးကရက် နှင့် ဆက်စပ်ပစ္စည်းများကို တားမြစ်ကုန်စည်အဖြစ် သတ်မှတ်ထားပြီး၊ ရောင်းဝယ်သုံးစွဲလျှင် အရေးယူခံမည် ဖြစ်ကြောင်းကို စစ်ကော်မရှင် လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ၂၀၂၆ ခုနစ်ဖေဖော်ဝါရီ ၁၈...

ချင်းမိုင်တွင် ထိုင်းနိုင်ငံအမည်ခံပြီး ငွေကြေးခဝါချခိုင်းသည့် တရုတ်ဂိုဏ်းကို ဖမ်းဆီးရမိ

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ထိုင်းနိုင်ငံသားများကို အလုပ်အကိုင်အတုများဖြင့် လှည့်ဖြားကာ ဖမ်းဆီးချုပ်နှောင်ပြီး အွန်လိုင်းငွေလိမ်မှုမှ ရရှိသောငွေများကို ငွေကြေးခဝါချခိုင်းနေသည့် တရုတ်ဂိုဏ်းခေါင်းဆောင်နှင့် အဖွဲ့ဝင်များကို ထိုင်းရဲတပ်ဖွဲ့က စီးနင်းဖမ်းဆီးလိုက်ကြောင်း Chiang Mai News တွင်ဖော်ပြသည်။ ယနေ့ (ဧပြီလ ၂၉ ရက်) တွင် အမှတ်် (၅) ခရိုင်...

တရုတ်ပြည် အလုပ်လုပ်ရန် မူဆယ်(လဝက) အသက်ပြင် မှောင်ခိုစျေးကွက်နှင့် လာဘ်စားမှု

0
မြန်မာနိုင်ငံ၏ စစ်ရေး ပဋိပက္ခနှင့် စီးပွားရေး ကျဆင်းမှုကြောင့် တရုတ်နိုင်ငံသို့ အလုပ်သွားလုပ်မည့် လူငယ်များသည် နယ်စပ်ဖြတ်ကျော်ခွင့် ကန့်သတ်ချက်များလာပြီး၊ ဌာနဆိုင်ရာအသီးသီးက အဆမတန် ငွေညှစ်မှုနှင့် ခေါင်းပုံဖြတ်မှုများကို ရင်ဆိုင်နေရကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများကို ပြည်ပအလုပ်အကိုင်ဖြင့်...