Friday, April 26, 2024

တိုင်းရင်းသားလူမျိုးစုများ၏ စာပေယဉ်ကျေးမှု ဖွံ့ဖြိုးရေးပွဲတော်တောင်ကြီး မြို့တွင်ကျင်းပမည်

Must read

သျှမ်းပြည်နယ်တောင်ပိုင်း ၊ တောင်ကြီးမြို့တွင် တိုင်းရင်းသားလူမျိုးစုများ၏ စာပေယဉ်ကျေးမှု ဖွံ့ဖြိုးရေး စျေး ရောင်းပွဲတော်ကို မတ်လ ၂၁ ရက်နေ့မှ မတ်လ ၂၅ ရက်နေ့အထိ ၅ ရက်တိုင်တိုင် ကျင်းပပြုလုပ် သွားမည် ဟု သျှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စီမံကိန်း နှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင်ထံမှသိရသည် ။

သျှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စီမံကိန်း နှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင်

” ဒီပွဲတော်ဟာ ခရီးသွားလုပ်ငန်းကိုလည်းအထောက်အကူဖြစ်စေပါတယ် ၊ ဒီပွဲအောင်မြင်သွားရင် ကျနော်တို့ သျှမ်းအစိုးရအနေနဲ့ နှစ်စဉ်ပုံမှန် တန်ဆောင်တိုင်ပွဲတော်လိုပဲကျင်းပသွားမယ် ၊ တစ်နိုင်ငံလုံး ကပြည် သူတွေ အနေနဲ့ ကျနော်တို့သျှမ်းပြည်ကို ဒီရာသီမှာအပူရှောင်ရင်းဒီပွဲတော် ကိုလာ ရောက်လည်ပတ် လို့ရပါတယ် ” ဟု ၄င်းကပြောသည် ။

တိုင်းရင်းသားလူမျိုးစုများ၏ စာပေနှင့်ယဉ်ကျေးမှုများဖွံ့ဖြိုးတိုးတက်မှုအဓွန့် ရှည်တည်တံ့စေရန် ၊ တိုင်းရင်းသား လူမျိုးစုများ၏ရိုးရာအစားအသောက် အဝတ်အထည် နှင့် အသုံးအဆောင်ပစ္စည်း တွေကိုအားပေးမြှင့်တင်ရန် ၊ တိုင်းရင်းသားလူမျိုးစုများအချင်းချင်းရင်းနှီးချစ်ခင်မှုမှတစ်ဆင့် တိုင်းရင်းသား စည်းလုံးညီညွှတ်မှု ခိုင်မာအား ကောင်းလာစေရန် ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များနှင့် ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စဖြစ်ပေါ်လာရေး အ တွက်အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ကျင်းပရခြင်းဖြစ်သည်ဟု ၀န်ကြီးဦး စိုးညွှန့်လွင် ကပြောသည် ။

အဆိုပါစျေးရောင်းပွဲတော်အား တောင်ကြီးမြို့အဝေရာမီးပုံးပျံကွင်းတွင်စျေး ဆိုင်များရောင်းချခြင်း၊ ဖျော်ဖြေရေး ကဏ္ဍအနေနှင့်ရိုးရာစတိတ်စင်၊ ခေတ်ပေါ်တေးဂီတစတိတ်စင်ပါ၀င်မည်ဖြစ်ပြီး တိုင်းရင်းသား စာပေစာတမ်း ဖတ်ပွဲအား တောင်ကြီးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည် ။

သျှမ်းပြည်နယ်အတွင်းနေထိုင်ကြသော တိုင်းရင်းသားအသီးသီး၏ ရိုးရာယဉ်ကျေးမှုများ ကပြဖျော်ဖြေခြင်း၊ ရိုးရာအစားအသောက်များ ၊ ရိုးရာ အဝတ်အစားများရောင်းချခြင်း ၊ တိုင်းရင်းသား စာပေဆိုင်ရာစာတမ်းများနှင့် ရိုးရာယဉ်ကျေး မှုဓလေ့ဆိုင်ရာ စာတန်းများ ဖတ်ကြားခြင်း ၊ တိုင်းရင်းသားစာပေ စာအုပ်များရောင်းချခြင်း ၊ ပြခန်းပေါင်း ၂၃ ခန်း ၊ ကပြဖျော်ဖြေမည့်တိုင်း ရင်းသားအဖွဲ့ ၄၅ ဖွဲ့ပါ၀င်မည်ဟုသိရှိရပါသည် ။

Leave a Comments

- Advertisement -spot_img

Latest article