မူစယ်ခရိုင် မိုင်းယုအုပ်စုလူငယ်များ မူးယစ်ဆေးဝါး နှင့်ဂိမ်းလောင်းကစားပိတ်ပင်တားဆီးရေး အုပ်ချုပ်ရေးမှူးများထံတောင်းဆို  

သျှမ်းပြည်မြောက်ပိုင်း မူစယ်ခရိုင် ကွတ်ခိုင်မြို့နယ် မိုင်းယုအုပ်စုတွင် ဂိမ်းဆိုင်များပိတ်ပင်တားဆီးပေးရန် ဒေသတွင်းလူငယ်များက ကျေးရွာ၊ အုပ်စုအုပ်ချုပ်ရေးမှူးနှင့် ဂိမ်းဆိုင်ပိုင်ရှင်များထံ စုပေါင်းတောင်းဆိုလိုက်သည်။

မိုင်းယုအုပ်စုတွင် ဂိမ်းဆိုင်များပိတ်ပင်တားဆီးပေးရန် ဒေသတွင်းလူငယ်များက ကျေးရွာ၊ အုပ်စုအုပ်ချုပ်ရေးမှူးနှင့် ဂိမ်းဆိုင်ပိုင်ရှင်များထံ စုပေါင်းတောင်းဆို

မတ်လ ၈ ရက်နေ့မနက်ပိုင်းက မိုင်းယုအုပ်စု စျေးတွင် မိုင်းယုအုပ်စုအတွင်း ဒေသခံလူငယ် ၅၀၀ နီးပါး တွေ့ဆုံကာ အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံပြီးတောင်းဆိုလိုက်ခြင်းဖြစ်သည်။

“အုပ်စုအတွင်း ၉ ရွာက ကျေးရွာအကြီးအကဲ တက်ရောက်ပြီး အမှာစကားပြောတယ်။ ပြီးတော့ တက်ရောက်လာတဲ့ လူငယ်အချင်းချင်းဆွေးနွေးတယ်။ေ ကျးလက်အကြီးအကဲတွေဆီတင်ပြ တောင်းဆိုတယ်။မိုင်းယုအုပ်စုအုပ်ချုပ်ရေးမှူး စိုင်းခမ်းနွံကတော့ မတ်လ ၈ ရက်နေ့ကပြီး ပိတ်ပင်ပေးမယ်လို့ ပြောဆိုသွားတယ်။ ဂိမ်းဆိုင်အားလုံးပိတ်ပင်နိုင်ရေးအတွက် တက်ရောက်လာတဲ့ လူငယ် ၄၇၀ ကျော်လက်မှတ်ရေးထိုးကြတယ်။” – ဟု တွေ့ဆုံရေးဖြစ်မြောက်ရေးဦးဆောင်လူငယ်တဦးဖြစ်သည့် စိုင်းလျောဝ်းစတ် ကသျှမ်းသံတော်ဆင့်အားပြောပြသည်။

မူစယ်ခရိုင် မိုင်းယုအုပ်စုလူငယ်များ ကိုယ်ထူကိုယ်ထ မူးယစ်ဆေးဝါး နှင့်ဂိမ်းလောင်းကစားပိတ်ပင်တားဆီးရေး အုပ်ချုပ်ရေးမှူးများထံတောင်းဆို   (Photo credit to Liao Zat)

အဆိုပါ တွေ့ဆုံမှု သို့တက်ရောက်ရန် ဂိမ်းဆိုင်ပိုင်ရှင်များ၊ ဒေသတွင်းလှုပ်ရှားသည့် ပန်းဆေးပြည်သူ့စစ်များ၊ ရဲများအား ဖိတ်ကြားသော်လည်း တက်ရောက်ခြင်းမရှိကြောင်း သိရသည်။

ပန်လော့တွင်ဖွင့်လှစ်ထားသော ဂိမ်းဆိုင် ၂ ခုမှာမူ ပန်းဆေးပြည်သူ့စစ်ပိုင်ဖြစ်သဖြင့် ဂိမ်းဆိုင်များမပိတ်ပေးပါက လူထုလက်မှတ်ရေးထိုးတောင်းဆိုမှုအား ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့်အထိ တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်း ရွာသားများပြောဆိုသည် ။

“ဂိမ်းဆိုင်တွေ လောင်းကစားဝိုင်းတွေပေါများလာတာကြောင့် ဒေသတွင်းလူငယ်တွေအကျင့်စာရိတ္တ ပျက်ပြားလာတယ်။ ဆိုးခိုးလုယက်မှုတွေများပြားလာတာကြောင့် မတ်လ ၄ ရက်နေ့က ကျနော်တို့ မိုင်းယုရွာကလူငယ်တွေကနေ ဟိုခို၊ ပန်လော့ ၊ လင်လျန်ရွာ လူငယ် ၃၀ ကျော်နဲ့တွေ့ဆုံဆွေးနွေးတယ်။ ဒီကိစ္စ ဘယ်လိုလုပ်ဆောင်သွားသင့်သလဲဆိုတာ ဆွေးနွေးဖို့ ဗဟုသုတဖလှယ်ဖို့ မတ်လ ၈ ရက်နေ့မှာ တွေ့ဆုံမှုတခုပြုလုပ်ဖို့ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ် ။”- ဟု စိုင်းလျောဝ်းစတ်က ပြောသည်။

ကွတ်ခိုင်မြို့နယ်မိုင်းယုအုပ်စုတွင် ဂိမ်းဆိုင်ပေါင်း ၁၀ ဆိုင်ကျော်ရှိပြီး ဂိမ်းဆိုင်များကိုလွန်ခဲ့သည့် ၁၀ နှစ်ခန့်ကတည်းစတင်ထားရှိလာသည်ဟုသိရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေး UWSA နှင့် NSPNC နေပြည်တော်တွင် ထပ်မံဆွေးနွေး

0
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်အစိုးရ၏ NSPNC ကိုယ်စားလှယ်တို့ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေးအတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) နှင့် ယနေ့ (ဩဂုတ်လ ၄ ရက်) တို့တွင် နေပြည်တော်ရှိ Horizon...

သီပေါ-မိုင်းရယ် စစ်တပ် ဆက်တိုက်ဖမ်းဆီးနေသည့် မူးယစ်ဆေးဝါးအမှု တရားခံမပေါ်သေး

0
သျှမ်းပြည် သီပေါနှင့် မိုင်းရယ်မြို့နယ်တွင် မူးယစ်ဆေးဝါး ချက်လုပ်သည့်နေရာများနှင့် အသုံးပြုသည့် ပစ္စည်းများကို စစ်ကော်မရှင်ဘက်မှ ဆက်တိုက်ရှာဖွေ ဖမ်းဆီးနေသော်လည်း တရားခံ မပေါ်သေးကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၈) ရက်မှ စတင်ပြီး သီပေါမြို့နယ် နမ့်လန်မြို့တဝိုက်နှင့် မိုင်းရယ်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်မှ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများနှင့် မူးယစ်ဆေးဝါး ချက်လုပ်သည့်...

ထိုင်း-မြန်မာနယ်စပ်မှ သယ်ဆောင်လာသည့် စိတ်ကြွဆေးပြား ငါးသန်းကျော်ကို ချင်းမိုင်ခရိုင်တွင် ဖမ်းမိ

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် မယ့်တျန် (Mae Taeng) မြို့နယ်တွင် စိတ်ကြွဆေးပြား ငါးသန်းနှစ်သိန်း (၅,၂၀၀,၀၀၀) ပြားကို လူငယ် ၃ ဦးနှင့်အတူ ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနက ဖော်ပြသည်။ ယမန်နေ့ စက်တင်ဘာလ ၁၇ ရက် နံနက် ၂ နာရီကျော်အချိန်တွင် ချင်းမိုင်ခရိုင် မယ့်တျန်...