Friday, May 3, 2024

မိုင်းယုအုပ်စု

မူစယ်ခရိုင် မိုင်းယုအုပ်စုလူငယ်များ မူးယစ်ဆေးဝါး နှင့်ဂိမ်းလောင်းကစားပိတ်ပင်တားဆီးရေး အုပ်ချုပ်ရေးမှူးများထံတောင်းဆို  

သျှမ်းပြည်မြောက်ပိုင်း မူစယ်ခရိုင် ကွတ်ခိုင်မြို့နယ် မိုင်းယုအုပ်စုတွင် ဂိမ်းဆိုင်များပိတ်ပင်တားဆီးပေးရန် ဒေသတွင်းလူငယ်များက ကျေးရွာ၊ အုပ်စုအုပ်ချုပ်ရေးမှူးနှင့် ဂိမ်းဆိုင်ပိုင်ရှင်များထံ စုပေါင်းတောင်းဆိုလိုက်သည်။ မတ်လ ၈ ရက်နေ့မနက်ပိုင်းက မိုင်းယုအုပ်စု စျေးတွင် မိုင်းယုအုပ်စုအတွင်း ဒေသခံလူငယ် ၅၀၀ နီးပါး တွေ့ဆုံကာ အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံပြီးတောင်းဆိုလိုက်ခြင်းဖြစ်သည်။ “အုပ်စုအတွင်း ၉ ရွာက ကျေးရွာအကြီးအကဲ တက်ရောက်ပြီး...

မူစယ်ခရိုင် မိုင်းယုအုပ်စုတွင် မူးယစ်ဆေးဝါးရောင်းဝယ်သူပေါများ

လောင်းကစားဝိုင်းများ ဂိမ်းဆိုင်များ ပေါများနေသော သျှမ်းပြည်မြောက်ပိုင်းကွတ်ခိုင်မြို့နယ် မိုင်းယုအုပ်စုတွင် ယာဘ မူးယစ်ဆေးဝါးလည်းအဆမတန် ပေါများနေကြောင်းဒေသခံများကပြောသည်။ “ယာဘ မူးယစ်ဆေးဝါးပေါချက်ကတော့ပြောမနေနဲ့တော့။ မုန့်ကောင်းကောင်းရှာစားရင်တောင်ခက်ဦးမယ်။ ယာဘမုူးယစ်ဆေးဝါးက လမ်းကောင်းကောင်းမလျှောက်ရင် ခလုတ်တောင်တိုက်သွားနိုင်တယ်။ စျေးလည်းပေါ ၊ရှာဝယ်လည်းလွယ်။ တပြားကျပ် ၄၀၀ ဘဲရှိတယ်။ လူတန်းစားမရွေးဝယ်စားနိုင် တယ်။အဲလောက် ထိပေါတာ။ လူငယ်တွေကိုယ့်အားကိုယ်ကိုး တိုက်ဖျက်မှုမလုပ်ရင် အနာဂတ်က...

Latest news