မူစယ်ခရိုင် မိုင်းယုအုပ်စုတွင် မူးယစ်ဆေးဝါးရောင်းဝယ်သူပေါများ

လောင်းကစားဝိုင်းများ ဂိမ်းဆိုင်များ ပေါများနေသော သျှမ်းပြည်မြောက်ပိုင်းကွတ်ခိုင်မြို့နယ် မိုင်းယုအုပ်စုတွင် ယာဘ မူးယစ်ဆေးဝါးလည်းအဆမတန် ပေါများနေကြောင်းဒေသခံများကပြောသည်။

“ယာဘ မူးယစ်ဆေးဝါးပေါချက်ကတော့ပြောမနေနဲ့တော့။ မုန့်ကောင်းကောင်းရှာစားရင်တောင်ခက်ဦးမယ်။ ယာဘမုူးယစ်ဆေးဝါးက လမ်းကောင်းကောင်းမလျှောက်ရင် ခလုတ်တောင်တိုက်သွားနိုင်တယ်။ စျေးလည်းပေါ ၊ရှာဝယ်လည်းလွယ်။ တပြားကျပ် ၄၀၀ ဘဲရှိတယ်။ လူတန်းစားမရွေးဝယ်စားနိုင် တယ်။အဲလောက် ထိပေါတာ။ လူငယ်တွေကိုယ့်အားကိုယ်ကိုး တိုက်ဖျက်မှုမလုပ်ရင် အနာဂတ်က မလွယ်ဘူး။” -ဟု ကွတ်ခိုင်မြို့နယ် မိုင်းယုအုပ်စုမှ လူငယ်စိုင်းလျောဝ်းစတ့် ကပြောသည်။

သျှမ်းပြည်မြောက်ပိုင်းတွင်ယာဘများအားလွတ်လပ်စွာရောင်းဝယ်နေ

မိုင်းယုအုပ်စုအတွင်းရှိ ကျေးရွာ ၉ ရွာမှလူငယ်များစုပေါင်းကာ မတ်လ ၈ ရက်နေ့က ကျေးလက်အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံပြီး မူးယစ်ဆေးဝါးနှင့် ဂိမ်းဆိုင်များ ပိတ်ပင်တားဆီးပေးရန် တောင်းဆိုခဲ့ကြသည်။ သို့သော် ဂိမ်းဆိုင်များဖွင့်လှစ်ရာတွင်ပါ၀င်သည့် ဒေသတွင်းလှုပ်ရှားသည့် ပြည်သူ့စစ်တပ်ဖွဲ့မှာ အစည်းအဝေးတက်ရောက်ခြင်းမရှိပေ။

“လူငယ်တွေရွာသားတွေညီညွတ်စွာလက်တွဲပြီးခုခံတိုက်ခိုက်စေချင်တယ်။ ဂိမ်းဆိုင်တို့ မူးယစ်ဆေးတို့ဆိုတာက ဘယ်သူ့ကိုမှ အကျိုးမပေးပါဘူး။ ကိုယ့်ဒေသလူငယ်တွေပျက်စီးအောင် ဖျက်ဆီးနေတာ။ အမြဲသတိထားနေရမယ့်အချက်ဖြစ်တယ်။” – ဟု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွင် ဦးဆောင်ပါ၀င်သည့် စိုင်းလျောဝ်စတ့် ကပြောသည်။

သျှမ်းပြည်မူးယစ်ဆေးဝါး စောင့်ကြည့်ရေးအဖွဲ့က – သျှမ်းပြည်အနှံ့ ယာဘ မူးယစ်ဆေးဝါးများပျ့ံနှံ့လျက်ရှိပြီး အသက် ၁၂ နှစ်ခလေးများမကျန်သုံးစွဲနေကြကြောင်း၊ ယာဘစျေးမှာလည်းအည့ံဆုံးအမျိုးအစားမှာ တပြား ၁၀၀ ကျပ်သာရှိကြောင်း -ပြောဆိုပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေး UWSA နှင့် NSPNC နေပြည်တော်တွင် ထပ်မံဆွေးနွေး

0
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်အစိုးရ၏ NSPNC ကိုယ်စားလှယ်တို့ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေးအတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) နှင့် ယနေ့ (ဩဂုတ်လ ၄ ရက်) တို့တွင် နေပြည်တော်ရှိ Horizon...

သီပေါ-မိုင်းရယ် စစ်တပ် ဆက်တိုက်ဖမ်းဆီးနေသည့် မူးယစ်ဆေးဝါးအမှု တရားခံမပေါ်သေး

0
သျှမ်းပြည် သီပေါနှင့် မိုင်းရယ်မြို့နယ်တွင် မူးယစ်ဆေးဝါး ချက်လုပ်သည့်နေရာများနှင့် အသုံးပြုသည့် ပစ္စည်းများကို စစ်ကော်မရှင်ဘက်မှ ဆက်တိုက်ရှာဖွေ ဖမ်းဆီးနေသော်လည်း တရားခံ မပေါ်သေးကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၈) ရက်မှ စတင်ပြီး သီပေါမြို့နယ် နမ့်လန်မြို့တဝိုက်နှင့် မိုင်းရယ်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်မှ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများနှင့် မူးယစ်ဆေးဝါး ချက်လုပ်သည့်...

ထိုင်း-မြန်မာနယ်စပ်မှ သယ်ဆောင်လာသည့် စိတ်ကြွဆေးပြား ငါးသန်းကျော်ကို ချင်းမိုင်ခရိုင်တွင် ဖမ်းမိ

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် မယ့်တျန် (Mae Taeng) မြို့နယ်တွင် စိတ်ကြွဆေးပြား ငါးသန်းနှစ်သိန်း (၅,၂၀၀,၀၀၀) ပြားကို လူငယ် ၃ ဦးနှင့်အတူ ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနက ဖော်ပြသည်။ ယမန်နေ့ စက်တင်ဘာလ ၁၇ ရက် နံနက် ၂ နာရီကျော်အချိန်တွင် ချင်းမိုင်ခရိုင် မယ့်တျန်...