Tuesday, April 30, 2024

မိုင်းယော်တိုက်နယ်

UWSA တပ်ဖွဲ့ မိုင်းယော်တိုက်နယ်သို့ အလုံးအရင်း ဝင်ရောက်လာ

သျှမ်းပြည် လားရှိုးခရိုင် မိုင်းယော် တိုက်နယ်အတွင်းသို့ “ဝ” ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် ( UWSA ) တပ်ဖွဲ့ အင်အား ၃၀၀ ခန့် ဝင်ရောက် လာကြောင်း စုံစမ်း သိရသည်။ ယခုရက်သတ္တပတ်အတွင်းတွင် အင်အား ၃၀၀ နီးပါးရှိသည့် UWSA စစ်ကြောင်း တစ်ခုသည်...

မိုင်းယော်တိုက်နယ်အတွင်း ရွာသစ်တည် အခမ်းအနား စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခတ်

သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်အတွင်းတွင် ဒေသခံများ ရွာသစ်တည် အခမ်းအနား ပြုလုပ်ကျင်းပနေစဥ် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၁ ရက်) တွင် လားရှိုးမြို့ အခြေစိုက် စစ်ကောင်စီ ၆၈ တပ်ရင်းမှ မိုင်းယော်တိုက်နယ် ပန်ခုတ် - လွယ်လျန်ကျေးရွာအနီး...

ဂျာယန် ပြည်သူ့စစ်တပ်သားသစ်ထဲ အသက်မပြည့်သည့် လူငယ်များပါဝင်နေ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် မိုင်းယော်တိုက်နယ်၊ ဂျာယန်ကျေးရွာ အနီးရှိ ဂျာယန်ပြည်သူ့စစ် တပ်သားသစ်ထဲတွင် အသက်မပြည့်သေးသည့် ကလေးလူငယ်များ ပါဝင်နေကြောင်း သတင်းရရှိသည်။ ဂျာယန်ပြည်သူ့စစ်တပ်စခန်းအတွင်းသို့ စစ်သားလုပ်ရန် ခေါ်ဆောင်သွားခြင်း ခံရသူများအနက် အသက် (၁၈) နှစ် မပြည့်သေးသည့် ကလေးသူငယ် (၂၀) ဦးပါဝင်ခဲ့ကြောင်း တအာင်း (ပလောင်) အမျိုးသား...

မိုင်းယော်တိုက်နယ် ရွာသူကြီးများ အခွန်ပြေစာတုဖြင့် ငွေကြေး အတင်းအဓမ္မကောက်နေ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ် မိုင်းကျက်ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူး နှင့် ရွာသူကြီးများသည် ပြည်သူများထံ ငွေကြေးအတင်းအဓမ္မ ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဇွန် (၂၇) ရက် နံနက်ပိုင်းမှာ မိုင်းကျက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး စိုင်းထွန်းယီ နှင့် ကျေးရွာသူကြီး တို့ပူးပေါင်းပြီး အခွန်ပြေစာအတုဖြင့် တောင်သူများထံ...

မိုင်းယော်တိုက်နယ် ဗုံးပေါက်ကွဲ ၄လ အရွယ်ကလေး သေဆုံး၊ ၂ဦးပြင်းထန်စွာ ဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် မိုင်းယော်တိုက်နယ် ပန်ခုတ်ကျေးရွာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လေးလအရွယ်ရှိ ကလေးငယ်တစ်ဦး သေဆုံးကာ နှစ်ဦးပြင်းထန်စွာ ဒဏ်ရာရရှိသွားကြောင်းသတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ၂၆ ရက် နေ့လည် ၁၂ နာရီဝန်းကျင်အချိန်တွင် ဖခင်ဖြစ်သူ လယ်တောမှ ကောက်ယူလာပြီး မပေါက်ကွဲသေးသည့် ဗုံးတစ်လုံးကို အသက် ၇...

မိုင်းယော်တိုက်နယ် မြောက်ပိုင်းမဟာမိတ်နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်၊ စကစ ဘက် လေကြောင်းဖြင့်တိုက်ခိုက်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်အတွင်း မြောက်ပိုင်း မဟာမိတ် နှင့် စစ်ကောင်စီ တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က လေယာဉ် (၂) စီးဖြင့် လာရောက် တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ (ဖေဖော်ဝါရီ ၇) ရက် မနက် (၁၀) နာရီခွဲချိန်မှ စတင်ပြီး စစ်ကောင်စီဘက်က...

မိုင်းယော်တိုက်နယ်အတွင်း စစ်ကောင်စီ တိုက်လေယာဥ်ဖြင့် ထိုးစစ်ဆင်

သျှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ်အတွင်း ဖြစ်ပွားသည့် ကိုးကန့်တပ်မတော် (MNDAA) နှင့် တိုက်ပွဲတွင် အထိနာသည့် စစ်ကောင်စီတပ်သည် မိုင်းယော်တိုက်နယ်ရှိ မဟာမိတ်တပ်ဖွဲ့ကို တိုက်လေယာဥ်ဖြင့် အကြမ်းဖက် ထိုးစစ်ဆင်နေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၈ ရက်နေ့ မိုင်းယော်တိုက်နယ်နှင့် မိုင်းဟက်ကြား လုံမွန်းကျေးရွာအုပ်စုအတွင်း သွားလာလှုပ်ရှားနေသည့် မဟာမိတ်တပ်ဖွဲ့တို့၏ စခန်းနေရာများကို...

လားရှိုးမြို့မြောက်ဘက်တွင် အစိုးရတပ်နှင့် TNLA တိုက်ပွဲဖြစ် ရွာသားတချို့ စစ်ဘေးရှောင်နေရ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်အတွင်း အစိုးရတပ်နှင့် တအာင်း TNLA တပ်တို့ တိုက်ပွဲဖြစ်ပွါးမှုကြောင့် ဒေသခံလူထု မိုင်းယော်သို့ စစ်ဘေးရှောင် ရောက်ရှိနေကြောင်းသိရသည်။ သြဂုတ်လ ၂၁ ရက် ယနေ့မနက် ၈ နာရီ ၄၅ မိနစ်မှ ၉ နာရှိခွဲကျော်အထိ ပစ်ခတ်တိုက်ခိုက်မှုသံများ၊ လက်နက်ကြီးသံများ ကြားရကြောင်းမိုင်းယော်ဒေသခံများကပြောဆိုသည်။ “မိုင်းယော်တောင်ဘက်အရပ်က...

Latest news