မိုင်းယော်တိုက်နယ်အတွင်း ရွာသစ်တည် အခမ်းအနား စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခတ်

သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်အတွင်းတွင် ဒေသခံများ ရွာသစ်တည် အခမ်းအနား ပြုလုပ်ကျင်းပနေစဥ် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရသည်။

မိုင်းယော်မြို့နယ်

ယမန်နေ့ (မတ်လ ၁ ရက်) တွင် လားရှိုးမြို့ အခြေစိုက် စစ်ကောင်စီ ၆၈ တပ်ရင်းမှ မိုင်းယော်တိုက်နယ် ပန်ခုတ် – လွယ်လျန်ကျေးရွာအနီး ရွာသစ်တည်နေသည့် အခမ်းအနားဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အရင်က ပန်လော့ ၊ လွယ်ကျန်း နဲ့ နမ့်ဆန် တောင်ပေါ်ဘက် ရှိနေတဲ့ တအာင်း (ပလောင်) လူမျိုးတွေက အခု ဒီမြေပြန့် ဒေသဘက်ကို ပြောင်းလာနေကြတာ၊ မနေ့က ရွာသစ်တည် အခမ်းအနားပွဲ လုပ်နေကြတဲ့ အချိန်မှာ စစ်ကောင်စီကနေပြီးတော့မှ လက်နက်ကြီးနဲ့ကျတာ၊ ရွာပြင်မှာကျတာပေါ့၊ ထိခိုက်မှုတော့ မရှိဘူး” ဟု မိုင်းယောက်တိုက်နယ်မှ အမည်မဖော်လိုသူ ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီ ၆၈ တပ်ရင်းမှ လက်နက်ကြီးဖြင့် ၈ ချက်ထက်မနည်း ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

လက်ရှိ ရွာသစ်တည်နေသည့်နေရာသည် လွယ်ခေါ် နှင့် လုံမွန်းရွာ တို့နှင့်လည်း နီးစပ်နေသည့်အတွက် ဒေသခံများက စိုးရိမ်ကြောက်လန့်နေကြကြောင်းလည်း သိရသည်။

“အခုလိုမျိုး တအာင်း (ပလောင်) လူမျိုးတွေ ရွာသစ်တည်နေတာ သတင်းရလို့ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်တာလို့တော့ သိရတယ်၊ အဲ့နေရာကို ဦးတည်ပြီး ပစ်ပေမယ့် အနီးပတ်ဝန်းကျင်မှာ ရှိတဲ့ ရွာတွေကလည်း ကြားရတော့ ကြောက်ကြတယ်၊ စစ်ကောင်စီက ဘာကြောင့် ပစ်တာလဲတော့ မသိရဘူး” ဟု အထက်ပါ ရွာခံက ဆက်ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်းတွင်လည်း မိုင်းယော်တိုက်နယ် ဂျာယန်ကျေးရွာအနီးရှိ ဂျာယန်ပြည်သူ့စစ် တပ်စခန်းကို တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA က ဝင်ရောက်စီးနင်းချိန်တွင် စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

စစ်ကောင်စီမှ နိုင်ငံတော် အာဏာသိမ်းယူပြီး နောက်ပိုင်းတွင် စစ်ကောင်စီ တပ်ဖွဲ့မှ ဦးတည်ချက်မရှိ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခြင်း၊ လေကြောင်းလိုင်းဖြင့် ပစ်ခတ်ခြင်း တို့ကြောင့် အရပ်သား ပြည်သူတို့ ထိခိုက်မှုများ ရှိသည့်အပြင် သေဆုံးမှုအထိ ရှိလာခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ စတင်ပြီး ပြည်သူများကို စစ်ရာဇာဝတ်မှု ကျူးလွန်ခဲ့သည်။ စစ်ကောင်စီသည် စစ်ကောင်စီတပ်ဖွဲ့သည် ဂျီနီဗာ သဘောတူညီချုပ် စာချုပ်ချုပ်ဆိုထားသည့် တပ်ဖွဲ့တစ်ခုဖြစ်သည်။ ဂျီနီဗာ သဘောတူညီချက်အရ စစ်ပဋိပက္ခများကြား အရပ်သား လူထုများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခြင်း၊ တိုက်ခိုက်မှု လုပ်ရင် အရပ်သားများ အသက်ဆုံး၊ ဒဏ်ရာရမှာ သိလျက်ဖြင့် ရည်ရွယ်ချက်ဖြင့် တိုက်ခိုက်မှု လုပ်ဆောင်ခြင်း မပြုလုပ်ရန် ပါရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...