Tuesday, January 27, 2026

မိုင်းယော်တိုက်နယ်အတွင်း ရွာသစ်တည် အခမ်းအနား စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခတ်

သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်အတွင်းတွင် ဒေသခံများ ရွာသစ်တည် အခမ်းအနား ပြုလုပ်ကျင်းပနေစဥ် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရသည်။

မိုင်းယော်မြို့နယ်

ယမန်နေ့ (မတ်လ ၁ ရက်) တွင် လားရှိုးမြို့ အခြေစိုက် စစ်ကောင်စီ ၆၈ တပ်ရင်းမှ မိုင်းယော်တိုက်နယ် ပန်ခုတ် – လွယ်လျန်ကျေးရွာအနီး ရွာသစ်တည်နေသည့် အခမ်းအနားဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အရင်က ပန်လော့ ၊ လွယ်ကျန်း နဲ့ နမ့်ဆန် တောင်ပေါ်ဘက် ရှိနေတဲ့ တအာင်း (ပလောင်) လူမျိုးတွေက အခု ဒီမြေပြန့် ဒေသဘက်ကို ပြောင်းလာနေကြတာ၊ မနေ့က ရွာသစ်တည် အခမ်းအနားပွဲ လုပ်နေကြတဲ့ အချိန်မှာ စစ်ကောင်စီကနေပြီးတော့မှ လက်နက်ကြီးနဲ့ကျတာ၊ ရွာပြင်မှာကျတာပေါ့၊ ထိခိုက်မှုတော့ မရှိဘူး” ဟု မိုင်းယောက်တိုက်နယ်မှ အမည်မဖော်လိုသူ ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီ ၆၈ တပ်ရင်းမှ လက်နက်ကြီးဖြင့် ၈ ချက်ထက်မနည်း ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

လက်ရှိ ရွာသစ်တည်နေသည့်နေရာသည် လွယ်ခေါ် နှင့် လုံမွန်းရွာ တို့နှင့်လည်း နီးစပ်နေသည့်အတွက် ဒေသခံများက စိုးရိမ်ကြောက်လန့်နေကြကြောင်းလည်း သိရသည်။

“အခုလိုမျိုး တအာင်း (ပလောင်) လူမျိုးတွေ ရွာသစ်တည်နေတာ သတင်းရလို့ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်တာလို့တော့ သိရတယ်၊ အဲ့နေရာကို ဦးတည်ပြီး ပစ်ပေမယ့် အနီးပတ်ဝန်းကျင်မှာ ရှိတဲ့ ရွာတွေကလည်း ကြားရတော့ ကြောက်ကြတယ်၊ စစ်ကောင်စီက ဘာကြောင့် ပစ်တာလဲတော့ မသိရဘူး” ဟု အထက်ပါ ရွာခံက ဆက်ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်းတွင်လည်း မိုင်းယော်တိုက်နယ် ဂျာယန်ကျေးရွာအနီးရှိ ဂျာယန်ပြည်သူ့စစ် တပ်စခန်းကို တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA က ဝင်ရောက်စီးနင်းချိန်တွင် စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

စစ်ကောင်စီမှ နိုင်ငံတော် အာဏာသိမ်းယူပြီး နောက်ပိုင်းတွင် စစ်ကောင်စီ တပ်ဖွဲ့မှ ဦးတည်ချက်မရှိ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခြင်း၊ လေကြောင်းလိုင်းဖြင့် ပစ်ခတ်ခြင်း တို့ကြောင့် အရပ်သား ပြည်သူတို့ ထိခိုက်မှုများ ရှိသည့်အပြင် သေဆုံးမှုအထိ ရှိလာခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ စတင်ပြီး ပြည်သူများကို စစ်ရာဇာဝတ်မှု ကျူးလွန်ခဲ့သည်။ စစ်ကောင်စီသည် စစ်ကောင်စီတပ်ဖွဲ့သည် ဂျီနီဗာ သဘောတူညီချုပ် စာချုပ်ချုပ်ဆိုထားသည့် တပ်ဖွဲ့တစ်ခုဖြစ်သည်။ ဂျီနီဗာ သဘောတူညီချက်အရ စစ်ပဋိပက္ခများကြား အရပ်သား လူထုများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခြင်း၊ တိုက်ခိုက်မှု လုပ်ရင် အရပ်သားများ အသက်ဆုံး၊ ဒဏ်ရာရမှာ သိလျက်ဖြင့် ရည်ရွယ်ချက်ဖြင့် တိုက်ခိုက်မှု လုပ်ဆောင်ခြင်း မပြုလုပ်ရန် ပါရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...