Tuesday, January 27, 2026

မိုင်းယောင်း

မိုင်းယောင်းတွင် မဲသွားမထည့်လျှင် ငွေကောက်၊ အိမ်ထောင်စုပယ်၊ ခရီးသွားခွင့်မပြုဟု စစ်ကော်မရှင် ခြိမ်းခြောက်

သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်တွင် ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် ရွေးကောက်ပွဲ အပိုင်း (၂) ကျင်းပရာ မဲရုံတွင် မဲသွားမထည့်လျှင် ငွေကောက်ခံခြင်း၊ အိမ်ထောင်စုစာရင်းထဲ ပယ်ထုတ်ခြင်း၊ ခရီးသွားလာ ခွင့်မပြုခြင်းတို့ ပြုလုပ်သွားမည်ဟု စစ်ကော်မရှင်လက်အောက်ခံ အုပ်ချုပ်ရေးမှူးများက ခြိမ်းခြောက်ထားကြောင်း ဒေသခံများက ပြောသည်။ မဲရုံတွင်...

မိုင်းယောင်းတွင် ရွေးကောက်ပွဲအတွက် မဲထည့်ပေးကြရန် စစ်တပ်ခြိမ်းခြောက်ထားဟု ဒေသခံများပြော

သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်တွင် စစ်ကော်မရှင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် မဲထည့်ပေးကြရန် စစ်တပ်က ခြိမ်းခြောက်ထားကြောင်း ဒေသခံများကပြောသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊ မိုင်းဖြတ်၊ မိုင်းတုံ၊ မိုင်းယောင်း၊ မိုင်းယန်း အပါအဝင် သျှမ်းပြည်...

မိုင်းလားတပ် NDAA ထိန်းချုပ် မိုင်းယောင်းမြို့နယ်ထဲ မြေရှားသတ္တုတွင်း (၁၉) ခုတိုးလာ

သျှမ်းပြည်အရှေ့ပိုင်း အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ခေါ် မိုင်းလားတပ်ဖွဲ့ (NDAA) ထိန်းချုပ်ထားသော မိုင်းယောင်းမြို့နယ်အတွင်း မြေရှားသတ္တု တူးဖော်မှုသည် စစ်အာဏာသိမ်းကာလ လေးနှစ်အတွင်း နေရာ(၁၉)ခုထက်မနည်း တိုးလာကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF)က ယနေ့ (သြဂုတ် ၂၅ ရက်)တွင် ထုတ်ပြန်လိုက်သည်။ အဆိုပါ မိုင်းလားတပ်ဖွဲ့ NDAA ထိန်းချုပ်ထားသော...

မိုင်းယောင်း ရွှေတူးဖော်ခွင့် သက်တမ်းကုန်သော်လည်း ခရိုင်အုပ်ချုပ်ရေးမှူးမှ ဆက်လက်တူးဖော်ခွင့်ပြုထား

သျှမ်းပြည်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့နယ်တွင် မိုင်းယောင်းခရိုင် အုပ်ချုပ်ရေးမှူးမှ ရွှေတူးဖော်ရေးကုမ္ပဏီတစ်ခုအား တူးဖော်ခွင့် သက်တမ်းကုန်ဆုံးသွားသော်လည်း ဆက်လက်တူးဖော်ခွင့်ပြုနေကြောင်း စုံစမ်းသိရှိရသည်။ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့အနီး ဝမ်တတ်စန့်ရွာနားတွင် ရွှေနဂါးရွှေတူးဖော်ရေးကုမ္ပဏီ အား ရွှေတူးဖော်ခွင့် သက်တမ်း ၅ နှစ်ပြည့်သွားသော်လည်း ဆက်လက်တူးဖော်ခွင့်ပြုနေကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။ “အုပ်ချုပ်ရေးမှူးနဲ့ စစ်တပ်ပေါင်းပြီး ခွင့်ပြုပေးထားတယ်၊ ဆီဘောက်ဆာကားနဲ့...

မိုင်းယောင်းမြို့နယ်တွင်း မိုးအဆက်မပြတ်ရွာ ရေကြီးရေလျှံမှုဖြစ်နေ

သျှမ်းပြည် အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းကာ တောင်ကျရေများကြောင့် ရေကြီးရေလျှံမှုများဖြစ်နေကြောင်း သိရသည်။ ယနေ့ (သြဂုတ်လ ၅ ရက်) မနက် မိုင်းယောင်းမြို့နယ် ဝမ်ဒေ၊ဝမ်လဲ နှင့် ဝမ်မိုင်ရွာတို့တွင် မိုးအဆင်မပြတ် ရွာသွန်းပြီး တောင်ကျရေများကြောင့် ‌ရေကြီးရေလျှံမှုများဖြစ်နေကြောင်း မိုင်းယောင်းမြို့ဒေသခံ အမျိုးသမီး တစ်ဦး က...

မိုင်းယောင်းမြို့ “ဧဝရတ်”ရွှေဆိုင် ဓားပြတိုက်ခံရ၊ ဆိုင်ရှင် သေနတ်ပစ်ခံရပြီး အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံး

သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့ရှိ “ဧဝရတ်”ရွှေဆိုင် ဓားပြတိုက်ခံရပြီး ဆိုင်ရှင်သေနတ်ပစ်ခံရ၍ အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၈ ရက်) မွန်းလွဲ ၂ နာရီခွဲခန့်တွင် မိုင်းယောင်းမြို့ ရပ်ကွက်(၈) ဟိုခိုရပ်ရှိ ဈေးအနီး ဖွင့်လှစ်ထားသည့် “ဧဝရတ်”ရွှေဆိုင်ကို အမည်မသိ သေနတ်ကိုင်ဆောင်သူ လူငယ်...

တာချီလိတ် – ကျိုင်းတုံကြား ယာဉ်တစ်စီး တိမ်းမှောက်ပြီး ၄ ဦးသေဆုံး

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ် - ကျိုင်းတုံကားလမ်းပေါ်ရှိ တာလေမြို့နယ် နားယောင်းအုပ်စု ပါခမ်းနွဲ့ကျေးရွာတွင် ယာဉ်တစ်စီး တိမ်းမှောက်ပြီး နမ့်လင်းချောင်းထဲသို့ ထိုးကျကာ ကလေးအပါအဝင် ၄ ဦး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ အောက်တိုဘာ ၁ ရက် နံနက် ၆ နာရီတွင် တာချီလိတ်မြို့မှ...

မိုင်းယောင်းမြို့ ၁၀နှစ်အရွယ်ရှိ သျှမ်းအမျိုးသမီးငယ် မုဒိမ်းကျင့်ခံရ၊ ကျူးလွန်သူ ပြင်းထန်စွာအရေးယူသင့်

သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ် ဟောင်ကြန့်ကျေးရွာမှ အသက် ၁၀ နှစ်အရွယ်ရှိ အမျိုးသမီးငယ် အား မုဒိမ်းကျင့်ခဲ့သည့်သူကို ပြင်းထွန်စွာ အရေးယူသင့်ကြောင်း သျှမ်းလူမှုအသိုင်းအဝိုင်းများက ပြောသည်။ ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့တွင် မိုင်းယောင်းမြို့နယ်မှ ဟောင်ကြန့်ကျေးရွာ သင်္ချိုင်းသွားရာလမ်းဘေးတစ်နေရာ တွင် အခင်းဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မုဒိမ်းကျင့်ခံရသူ အသက်...

ရေကြီးရေလျှံမှုဖြစ်သည့် မိုင်းယောင်းမြို့နယ်ကို ကယ်ဆယ်ရေးပစ္စည်းပို့ရန်ခက်ခဲ

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကျေးရွာများတွင် ရေကြီးရေလျှံဖြစ်ပွားကာ ရေများ ပြန်ကျသွားသော်လည်း အဓိက ဆက်သွယ်ထားသည့် တံတားကြိုးသွားသဖြင့် ကယ်ဆယ်ရေး ပစ္စည်းပို့ရန် ခက်ခဲနေကြောင်း စုံစမ်းသိရှိရသည်။ ဇူလိုင် (၂၀) ရက်နေ့က မိုင်းယောင်း မြို့နယ်ရှိ ဝမ်လွတ်၊ ဝမ်လဲ၊ ဝမ်ဒေ၊ ဝမ်တောင်း၊ ကော့ခွယ်၊...

၂ ပတ်အတွင်း သျှမ်းပြည်အရှေ့ပိုင်းတွင် ကိုဗစ် ၁၉ ပိုးတွေ့လူနာ ၁၀၄ ဦးအထိရှိလာ

သျှမ်းပြည်အရှေ့ပိုင်းတွင် ၂ ပတ်အတွင်း ကိုဗစ် ၁၉ ပိုးတွေ့လူနာ စုစုပေါင်း ၁၀၄ ဦးရှိလာကြောင်း စုံစမ်းသိရှိရသည်။ ထိုအနက်တာချီလိတ်မြို့တွင် ကိုဗစ် ၁၉ ပိုးတွေ့လူနာအများဆုံးရှိ နေသဖြင့်လမ်းပန်းဆက်သွယ်ရေးနှင့်အသွားအလာကန့်သတ်မှုလည်းအများဆုံးရှိနေသည်ဟုသိရသည်။ “သျှမ်းအရှေ့မှာ တာချီလိတ်က ၇၅ယောက်၊ မိုင်းတုံ ၇ယောက်၊ မိုင်းယောင်း ၇ယောက်၊ မိုင်းပျဉ်း ၃ ယောက်၊ မိုင်းယန်း...

Latest news