မိုင်းယောင်းမြို့ ၁၀နှစ်အရွယ်ရှိ သျှမ်းအမျိုးသမီးငယ် မုဒိမ်းကျင့်ခံရ၊ ကျူးလွန်သူ ပြင်းထန်စွာအရေးယူသင့်

သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ် ဟောင်ကြန့်ကျေးရွာမှ အသက် ၁၀ နှစ်အရွယ်ရှိ အမျိုးသမီးငယ် အား မုဒိမ်းကျင့်ခဲ့သည့်သူကို ပြင်းထွန်စွာ အရေးယူသင့်ကြောင်း သျှမ်းလူမှုအသိုင်းအဝိုင်းများက ပြောသည်။

မိုင်းယောင်းမြို့

ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့တွင် မိုင်းယောင်းမြို့နယ်မှ ဟောင်ကြန့်ကျေးရွာ သင်္ချိုင်းသွားရာလမ်းဘေးတစ်နေရာ တွင် အခင်းဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မုဒိမ်းကျင့်ခံရသူ အသက် ၁၀ နှစ်အောက် ကလေးငယ်ဖြစ်ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

“ဒီလိုမျိုးရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကို စစ်ကောင်စီတပ်သားတွေ လုပ်လာတာနှစ်ပေါင်း အတော်ကြာ ခဲ့ပြီ၊ အခုအသက် ၁၀ နှစ်အောက်ကို ဓါးထောက်ပြီး မုဒိမ်းကျင့်တာကလည်း အင်မတန်မှ ကြမ်းတမ်း ရက်စက်တဲ့လုပ်ရပ်ဖြစ်လို့ ပြုကျင့်သူ တရားခံစစ်သားကို ပြင်းပြင်းထန်ထန်အရေးယူသင့်တယ်၊ အပြစ်ပေးသင့် တယ်” ဟု SHRF မှ ပြောရေးဆိုခွင့် စိုင်းဟော်ရှဲန်က ပြောသည်။

အဆိုပါ မုဒိမ်းကျင့်ခံရသူ သျှမ်းအမျိုးသမီးငယ်သည် အသက် ၇ နှစ်သာရှိနေပြီး တြိဂံဒေသတိုင်းစစ်ဌာနချုပ် (တသခ) ၏ လက်အောက်ခံတပ်ဖြစ်သည့် မိုင်းယောင်းအခြေစိုက် အမှတ် (၃၃၄) ခြေမြန်တပ်ရင်းမှ တပ်သား သန်းဇော် မှ ဓါးထောက်မုဒိမ်းကျင့်ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် တရားခံ တပ်သား သန်းဇော်ကို ရဲစခန်းမှ ဖမ်ဆီးထိန်းသိမ်းထားခြင်းဖြစ်ပြီး ကလေးငယ်ကို ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

သျှမ်းအမျိုးသမီးငယ် မုဒိမ်းကျင့်ခံရမှုနှင့် ပက်သက်ပြီး သတင်းဌာနများသို့ သတင်းပေါက်ကြားမှု မရှိစေရန် အတွက် မိသားစုဝင်များကို ခြိမ်းခြောက်ပြောဆိုမှုများလည်း ရှိနေကြောင်း ဒေသခံများက ပြောသည်။

“အခုလိုသတင်းဖုံးကွယ်ဖို့ ခြိမ်းခြောက်ပြော ဆိုတာတွေလည်း မိသားစုဝင်ကြုံနေရလို့ သတင်းကို မပေးရဲတာ တွေ ရှိနေပါတယ်၊ ဒါကို စစ်တပ်ဖက်ကရော ရဲစခန်းဘက်ကရော ဖိအားပေးနေတာ”ဟု အမည်မဖော် လိုသူ ဒေသခံတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

မုဒိမ်းကျင့်သူသည် အဆိုပါနေ့မှာပင် ကုန်စုံဆိုင် တစ်ဆိုင်တွင်လည်း ဓါးဖြင့် ခြိမ်းခြောက် ငွေတောင်းခဲ့ကြောင်း လည်း ဒေသခံများထံမှ သိရသည်။

ယင်းကိစ္စဖြစ်စဥ်များနှင့် ပတ်သက်ပြီး မိုင်းယောင်းတပ်နယ် နှင့် စစ်ကောင်စီလက်အောက်ခံ ဒေသ အာဏာပိုင် များက အထက်ဌာနများသို့ တင်ပြခြင်းမရှိဘဲ သတင်းဖုံးထားကာ ကြိတ်ဖြေရှင်းနေသည်ဟုလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...