Sunday, February 1, 2026

တိုက်ပွဲ

သိန္နီမြို့သို့ နေရပ်ပြန် စစ်ရှောင်များ အိမ်ခြံဝန်းထဲ စစ်သားအလောင်းများတွေ့

သျှမ်းပြည်သိန္နီမြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ-၁၆အနီးရှိ နေအိမ်များတွင် စစ်သားအလောင်းများတွေ့ရှိကြောင်း စုံစမ်းသိရသည်။ လက်ရှိ သိန္နီမြို့နယ်တွင် တိုက်ပွဲများငြိမ်သက်နေသဖြင့် စစ်ဘေးရှောင်များသည် မိမိနေအိမ်သို့ ပြန်သွားကြည့်ချိန် နေအိမ်ခြံဝန်းအတွင်း စစ်သားအလောင်းများအား တွေ့ရှိပြီး ပြန်လည်တူးဖော်ကာ အခြားနေရာသို့သွားမြုပ်ပေးနေရကြောင်း သိန္နီမြို့ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ အဆိုပါ စစ်သားအလောင်းများသည် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း တိုက်ပွဲကြောင့် ကျဆုံးသွားသည့်...

ဆီဆိုင်မြို့နယ် နေရပ်ပြန် စစ်ရှောင်များ စားဝတ်နေရေး အခက်တွေ့

ဆီဆိုင်မြို့နယ်မှ လွိုင်လင်လေးသို့နေရပ်ပြန်သွားသော စစ်ရှောင်များ စားဝတ်နေရေး အခက်အခဲကြုံတွေ့နေ ကြောင်း သိရသည်။ သျှမ်း-ကရင်နီနယ်စပ်တကြောရှိ တိုက်ပွဲများကြောင့် ဆီဆိုင်မြို့နယ်ထဲသို့ ထွက်ပြေးတိမ်းရှောင်လာသူများသည် လွိုင်လင်လေးမြို့ကို နေရပ်ပြန်သွားခဲ့ကြပြီး စိုးရိမ်မှုများနှင့် စားဝတ်နေရေးအတွက် အခက်အခဲများ ကြုံတွေ့ နေရကြောင်း စစ်ရှောင်အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “ခုက တခြားနေရာ တွေထပ်ပြေးဖို့က အခက်အခဲရှိလို့ ကိုယ်နေရပ်ကိုပြန်ခဲ့တာပေါ့။တိုက်ပွဲတွေကငြိမ်နေပါတယ်ဆိုပေမယ့် စားဝတ်နေရေး...

ဆိုက်ခေါင် ဇောတိကရာမကျောင်းတိုက်အတွင်း စစ်ကောင်စီတပ်စွဲနေထိုင်

သျှမ်းပြည် ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာရှိ ဇောတိကရာမကျောင်းဝန်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲနေထိုင်ကြောင်း ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရသည်။ ဖေဖော်ဝါရီလ ၆ ရက် ညနေပိုင်းမှစပြီး လူအင်အား ၃၀၀ ကျော်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်သားများသည် ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာရှိ ဇောတိကရာမကျောင်းဝန်းအတွင်း လာရောက်တပ်စွဲထားကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အခုဆိုင်ခေါင်...

TNLA တပ်ဖွဲ့ သိမ်းပိုက်ရရှိထားသည့် မြို့များတွင်ကျင့်သုံးမည့် စစ်မှုထမ်းမူဝါဒ ထုတ်ပြန်

သျှမ်းပြည်မြောက်ပိုင်းရှိ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA က သိမ်းပိုက်ထားသည့် မြို့များတွင် ကျင့်သုံးမည့် စစ်မှုထမ်းဆိုင်ရာ မူဝါဒကို ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ “၁၀၂၇ စစ်ဆင်ရေး”အတွင်း တအာင်း(ပလောင်)တပ်ဖွဲ့ TNLA က သိမ်းပိုက်ရရှိထားသည့် နယ်မြေများ၌ ကျင့်သုံးမည့် စစ်မှုထမ်းဆိုင်ရာ မူဝါဒတွင် အသက်(၁၆)နှစ်အထက်...

ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ကျေးရွာအနီးအထိ တိုက်ပွဲဆက်ဖြစ်

သျှမ်းပြည် ဆီဆိုင်မြို့ရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA၊ ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲသည် ဆိုက်ခေါက်ကျေးရွာအနီးအရှေ့ဘက် လွယ်ပွတ်ကျေးရွာအထိ ဆက်ဖြစ်လာနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၆ ရက်) တွင် ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ကျေးရွာ၏ အရှေ့ဘက်နေရာ၌ လုံခြုံရေးဆောင်ရွက်နေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA တပ်ဖွဲ့ကို စစ်ကောင်စီတပ်ဖွဲ့များက...

နမ္မတူမြို့အနီး KIA နှင့် PDF စစ်ဆေးရေးဂိတ်ဖြတ်သန်းခ ကောက်ယူ

သျှမ်းပြည် နမ္မတူမြို့နယ် အနီးရှိ မိုင်းတတ်ကျေးရွာမှ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ပူးပေါင်းတပ်ဖွဲ့ PDF တို့ စောင့်ကြပ် စစ်ဆေးနေသည့် စစ်ဆေးရေးဂိတ် ဖြတ်သန်းခကို အဆမတန် တောင်းယူ နေကြောင်း စုံစမ်းသိရသည်။ နမ္မတူမြို့နယ်၊ မိုင်းတတ်ကျေးရွာ အနီး၌ KIA နှင့် ပူးပေါင်းတပ်ဖွဲ့ PDF တို့က စစ်ဆေးရေးဂိတ် ထားရှိပြီး လမ်းသွားလမ်းလာ ကားသမားများ၊ ခရီးသည် နှင့် ကုန်တင်ကား သမားများထံမှ ပိုက်ဆံ အဆမတန် တောင်းယူနေကြောင်းကို အမည်မဖော်လိုသူ ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “မိုင်းတတ်ရွာကနေ ထွက်လာရင် ၅-၁၀ မိနစ်လောက်တော့ မောင်းရသေးတယ်။ အဲ့ဒီတောင်ကုန်းမှာ သူတို့ စစ်ဆေးရေးဂိတ် ဖွင့်ပြီးကားသမားတွေထံကနေ ကားအသေးဆိုရင် ပိုက်ဆံ ၃ သောင်းကျပ် တောင်းတယ်။ အံစာတုံးကားလိုမျိုးဆိုရင် ၄၀၀၀၀ ကျပ်တောင်းတယ်။ အဲ့မှာ ဈေးနည်းနည်းစစ်ရင် သေနတ်မောင်းတင်ပြီး ပေးရင် သွားရမယ်၊ မပေးရင် ဒီမှာပဲ ဆိုပြီးသေနတ်ကို ပြတာ” ဟု တွေ့ကြုံရသည့် အမည်မဖော်လိုသူ ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ အဆိုပါ စစ်ဆေးရေးဂိတ်ရှိသည့် နေရာသည် လားရှိုး - မူဆယ် လမ်းကြောင်းပေါ် ရှိနေသည့်အတွက် ကားသမားများ နေ့စဥ်နီးပါးဖြတ်သန်းသွားလာ အသုံးပြုရသည့် လမ်းကြောင်းလည်း ဖြစ်နေကြောင်း သိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ အတွင်းမှ စတင်ကာ ပြင်းထန်လာခဲ့သည့် သျှမ်းမြောက်ဒေသအတွင်း ၁၀၂၇ စစ်ဆင်ရေးကြောင့်လားရှိုး - မူဆယ် - မန္တလေး ပြည်ထောင်စု လမ်းမကြီး ပျက်စီးသွားခဲ့ရပြီး ကားသမားများက လားရှိုး - နမ္မတူ - နမ့်ခမ်း - မူဆယ်လမ်းကြောင်းကိုသာ ဆက်လက်အသုံးပြု နေရခြင်း ဖြစ်ကြောင်း သိရသည်။ “အရင်တုန်းကတော့ လားရှိုး - မူဆယ်ဆိုရင် အလွန်ဆုံး ၃ နာရီလောက်ပဲ မောင်းရတာပေါ့။ အခုတော့ လမ်းမှာ ကားပိတ်ဘာညာကြုံရရင် နှစ်ညအိပ် ခရီး၊ သုံးညအိပ်ခရီးလည်း ဖြစ်သွားပြီ။ လမ်းကြောင်းအခြေအနေပေါ် မူတည်ပြီး ထွက်ရတာဆိုတော့လည်းအတိအကျမရှိဘူး။ ဆီဈေးတွေ၊ ဂိတ်ကြေးတွေလည်း အများကြီး ပေးဆောင်နေရတယ်” ဟု အထက်ပါ ကားသမားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။ လားရှိုး - နမ္မတူ - နမ့်ခမ်း - မူဆယ် လမ်းကြောင်း တစ်လျှောက်တွင် KIA နှင့် ပူးပေါင်းတပ်ဖွဲ့ PDF တို့အပြင် တအာင်း(ပလောင်)အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA နှင့် ပူးပေါင်းတပ်ဖွဲ့တို့၏ စစ်ဆေးရေးဂိတ် များကလည်း ပိုက်ဆံကိုအဆမတန်ကောက်ယူတောင်းခံနေကြောင်း စုံစမ်းသိရသည်။ လက်ရှိ လားရှိုး - နမ္မတူ - နမ့်ခမ်း - မူဆယ် လမ်းကြောင်းအတွက် ယာဉ်စီးခနှုန်းထားသည် ခရီးသည်တစ်ဦးလျှင် မြန်မာငွေ ကျပ်သုံးသိန်းထိဈေးရှိကြောင်း သိရသည်။

ဒီးမော့ဆိုအနောက်ဘက်ခြမ်းရှိ စာသင်ကျောင်းတစ်ခုကို စစ်ကောင်စီတပ်ဖွဲ့က အကြောင်းမဲ့လေယာဉ်ဖြင့် ဗုံးကြဲ ကလေးငယ် ၄ဦးသေဆုံး

ကရင်နီ (ကယား) ပြည်နယ် ဒီးမော့ဆိုအနောက်ဘက်ခြမ်းရှိ စာသင်ကျောင်းတစ်ခုကို စစ်ကောင်စီတပ်ဖွဲ့က အကြောင်းမဲ့လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ် ၄ဦး ထိခိုက်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၅ ရက်) မနက်ပိုင်း ၁၀ နာရီဝန်းကျင်တွင် ဒီးမော့ဆိုနောက်ခြမ်းရှိ စာသင်ကျောင်းတစ်ခုကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက အကြောင်းမဲ့ လေယာဉ်ဖြင့်...

မိုးမိတ်စစ်ကောင်စီတပ်က အရပ်သား ၅ ဦးကို ပစ်သတ်၊ အမျိုးသမီး ၅ ဦး အပါအဝင် ၄၀ ဦးထက်မနည်း ဖမ်းဆီးထား

သျှမ်းပြည် မိုးမိတ်မြို့နယ် စစ်ကောင်စီတပ်က အိမ်စောင့်ကျန်ခဲ့သည့် အရပ်သား ၅ ဦးကို ပစ်သတ်ခဲ့ပြီး အမျိုးသမီး ၅ ဦးအပါအဝင် ၄၀ ဦးထက်မနည်းကိုလည်း ဖမ်းဆီးထားကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီလ ၂ ရက် ညနေပိုင်းတွင် မိုးမိတ်မြို့နယ် ရွှေဇာလီကျေးရွာတွင် အိမ်စောင့်ကျန်ခဲ့သည့် အရပ်သား ၅ ဦးကို...

ဆီဆိုင်မြို့နယ်မှ ထွက်ပြေးလာသည့် စစ်ရှောင်များကို စစ်ကောင်စီတပ်ဖွဲ့က စစ်ဆေးရိုက်နှိက်၍ အမျိုးသား ၁ ဦးသေဆုံး

သျှမ်းပြည် ဆီဆိုင်မြို့နယ်မှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင်များကို မြို့အထွက်ရှိ စစ်ကောင်စီတပ်ဖွဲ့များက စစ်ဆေးရိုက်နှိက်ခဲ့သဖြင့် စစ်ရှောင်အမျိုးသား ၁ ဦး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ယနေ့ (ဇန်နဝါရီလ ၅ ရက်) မနက်ပိုင်း ၁၀ နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် နောင်အယ်ရွာမှ အမျိုသားတစ်ဦးသည် တိုက်ပွဲကြောင့် ဆိုက်ခေါင်ကျေးရွာဘက်သို့...

စစ်အာဏာရှင်အမြစ်ပြတ် ဆက်လက်ချီတက်မည်ဟု PNLAပြော

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ပေါင်းစုံနှင့် ပူးပေါင်းပြီး စစ်အာဏာရှင်အမြစ်ပြတ်ရေး ဆက်လက်ချီ တက်သွားမည်ဟု PNLA ကပြောဆိုလိုက်သည်။ ဆီဆိုင်မြို့ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA မှ ထိန်းချုပ်ပြီးနောက် စစ်ကောင်စီသည် ၎င်းတို့လက်လွတ်ဆုံးရှုံးရသည့် မြို့များ၊ ရွာများကို အလုံးစုံဖျက်ဆီးပစ်ရေး သဘောထားဖြင့် တိုက်ခိုက်ဖျက်ဆီးနေကြောင်း...

Latest news