တိုက်ပွဲ

ဖယ်ခုံမြိုနယ်တွင် စစ်ကောင်စီ နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ တိုက်ပွဲပြင်းထန်

သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီ နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း သတင်းရရှိသည်။ သျှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်အတွင်း နှင့် ပင်လောင်းမြို့သို့သွားသည့် လမ်းမတကြောတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ဒုတိယပတ်မှစ၍ စစ်ကောင်စီမှ စစ်အင်အားများဖြည့်ကာ ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော် လှန်ရေး တပ်ပေါင်းစုနှင့် တိုက်ပွဲများ ပြင်းထန်နေကြောင်း...

နောင်ချိုမြို့နယ် အင်းဝိုင်းသကြားစက် လေကြောင်းဗုံးကြဲခံရ၊ စစ်ရှောင် (၁၀၀၀) နီးပါး ဘေးလွတ်ရာ ထပ်မံထွက်ပြေး

သျှမ်းပြည် နောင်ချိုမြို့နယ် အင်းဝိုင်းကျေးရွာရှိ ဆင်းရွှေလီသကြားစက်ကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲခဲ့ခြင်းကြောင့် စစ်ဘေးရှောင် (၁၀၀၀) နီးပါး ဘေးလွတ်ရာ ထပ်မံထွက်ပြေးနေရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၁၈ ရက်) ည ၇ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ်အတွင်း အင်းဝိုင်းကျေးရွာရှိ...

ကျောက်မဲမြို့တွင် စစ်ရေးငြိမ်းသော်လည်း ဝမ်းရေးအတွက် အလုပ်လုပ်ရန် ခက်ခဲနေ

သျှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင် စစ်ရေးအခြေအနေ ငြိမ်သက်နေသော်လည်း ပြည်သူများဝမ်းရေး အတွက် အလုပ်လုပ်ရန် ခက်ခဲနေသေးကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းပိုက်ပြီးနောက်ပိုင်း စစ်ရှောင်အများစု နေရပ်ပြန်လာနေကြပြီး ဝမ်းရေးအတွက် အလုပ်အကိုင် ရှားပါးနေသေးကာ အခက်အခဲများဖြင့် ကြုံနေရကြောင်း ကျောက်မဲ နေရပ်ပြန် စစ်ရှောင်များက ပြောသည်။ လက်ရှိကာလသည် အလုပ်အကိုင်...

စစ်ကောင်စီ မှ လူသားဒိုင်းအဖြစ်ဖမ်းထားသည့် ဖယ်ခုံမြို့ ဒေသခံ ၂၄၀ကျော် နေရပ်မပြန်ရသေး

သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့တွင် စစ်ကောင်စီမှ လူသားဒိုင်းအဖြစ် ဖမ်းဆီးထိန်းသိမ်းထားသည့် ဖယ်ခုံမြို့နယ် ဒေသခံ ၂၄၀ ကျော်နေရပ် မပြန်ရသေးကြောင်း သိရသည်။ ဖယ်ခုံမြိုနယ် ပူချယ်‌ကျေးရွာနှင့် ကုန်းဆုံကျေးရွာရှိ ဒေသခံ ၂၄၀ ကျော်ကို စစ်ကောင်စီမှ ပြီးခဲ့သည့် (နိုဝင်လာလ ၁၁ ရက်) တွင် လူသားဒိုင်း...

ရွာငံ စစ်ဆေးရေးဂိတ် တော်လှန်ရေးတပ် တိုက်ခိုက်မှု မူးယစ်ရဲ အပါအဝင် ရဲ ၇ ဦးသေ

သျှမ်းတောင်၊ ဓနုဒေသ၊ ရွာငံမြို့ပြင်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ယမန်နေ့ (နိုဝင်ဘာလ ၁၄ ရက်) မွန်းလွဲပိုင်းက တော်လှန်ရေးတပ် ဝင်ရောက်တိုက်ခိုက်ရာ မူးယစ်ရဲ ၆ ဦးနှင့် ရိုးရိုးရဲ ၁ ဦး သေဆုံးသွားကြောင်း သတင်းရင်းမြစ်က ပြောသည်။ မန္တလေး- ဟန်မြင့်မိုရ်- ရွာငံ- အောင်ပန်းမှ...

မြန်မာ-တရုတ်နယ်စပ်ဂိတ်များ ပိတ်ဆို့ခြင်းကြောင့် သျှမ်းမြောက်တွင် ကုန်ဈေးနှုန်းအဆမတန်မြင့်တက်

မြန်မာ-တရုတ်နယ်စပ်ဒေသရှိ ဂိတ်များကို တရုတ်ဘက်က ပိတ်ဆို့မှုများကြောင့် ကုန်စည်စီးဆင်းမှု ကျဆင်းလာကာ သျှမ်းပြည် မြောက်ပိုင်း တစ်ဝှမ်းတွင် ကုန်ဈေးနှုန်းအဆမတန် မြင့်တက်လာနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။ ညီနောင်မဟာမိတ်သုံးဖွဲ့ ထိန်းချုပ်ထားသည့် မြန်မာ-တရုတ်နယ်စပ်ဒေသရှိ ကုန်သွယ်ရေးဂိတ်များအပြင် စစ်ကောစီတပ် ထိန်းချုပ်ထားသည့် မူဆယ်မြို့ရှိ ကုန်သွယ်ရေးဂိတ်များကိုပါ တရုတ်ဘက်က ကုန်စည်တင်းကျပ်၊ ကန့်သတ်၊ ပိတ်ပင်ခြင်းကြောင့်...

ပွင့်လင်းရာသီတွင် စစ်တပ်မှ သျှမ်းမြောက်ကို အပြင်းထန်ထိုးစစ်ဆင်နေ

သျှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့တွင် စစ်တပ်နှင့် တပ်အာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)တို့ တိုက်ပွဲပြင်းထန်နေကြောင်း သတင်းနှင့်ပြန်ကြားရေးဌာန PSLF/TNLA မှ ထုတ်ပြန်ထားသည်။ “၁၀၂၇ စစ်ဆင်ရေး” အတွင်း စစ်ကောင်စီက သျှမ်းမြောက်ဒေသတစ်ခုလုံးနီးပါး ဆုံးရှုံးလိုက်ရပြီး အရှုံးဖြင့် ရင်ဆိုင်ခဲ့ရသဖြင့် ယခုပွင့်လင်းရာသီ ရောက်ချိန်တွင် သျှမ်းမြောက်ကို စတင်ထိုးစစ်ဆင် တိုက်ခိုက်နေသည်။ နောင်ချိုမြို့...

ဖယ်ခုံ စစ်ကောင်စီမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဗုံးကြဲချမှုကြောင့် ဒေသခံများ ကြောက်လန့်နေ

သျှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ် ကာလကျေးရွာ ကို စစ်ကောင်စီတပ်တပ်မှ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံများ ကြောက်လန့်နေကြရကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် နိုဝင်ဘာလ (၈) ရက် ညပိုင်းတွင် စစ်ကောင်စီတပ်မှ ကာလရွာကို လေယာဉ်ဗုံးကြဲမှုကြောင့် စစ်ရှောင်နှစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးမှာ ဒဏ်ရာ အပြင်းထန်ရရှိခဲ့ကာ နေအိမ် ၆ လုံးခန့် ပျက်စီးသွားခဲ့သည်ဟု သတင်းရင်းမြစ်ထံမှ...

တောင်ခမ်း တိုက်ပွဲပြင်းထန်

သျှမ်းပြည် နောင်ချိုမြို့နယ် တောင်ခမ်းဒေသတွင် ယမန်နေ့ (နိုဝင်ဘာလ ၇ ရက်) နံနက်ပိုင်းမှစ၍ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေကြောင်း စစ်ရေးသတင်းရင်းမြစ်က အတည်ပြု ပြောသည်။ တောင်ခမ်းရွာ မြောက်ဘက်ရှိ အမြောက်စစ်ဆင်ရေး ကွက်ကဲမှု ဌာနချုပ် (မစခ-၉၀၂) အပါအဝင် တပ်စခန်းများကို TNLA ပူးပေါင်းတပ်က ထပ်မံ...

ဓာတ်ပုံကို အသုံးပြုပြီး ပြည်သူများအပေါ် လိမ်လည်အလှူခံခြင်း အထူးသတိပြုရန် KNDF ကအသိပေး

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ဖွဲ့ဝင်များ၏ ဓာတ်ပုံများကို အသုံးပြု၍ ပြည်သူများအပေါ် လိမ်လည်အလှူခံခြင်းကို မသမာသူများမှ ပြုလုပ်လျှက်ရှိနေသဖြင့် အထူးသတိပြုရန် KNDF ကအသိပေးထုတ်ပြန် ကြေညာထားသည်။ KNDF ၏ ဗဟိုဌာနများ ၊ ဗျူဟာများ ၊ တပ်ရင်းများ၏ အမည်များနှင့် တပ်ဖွဲ့ဝင်များ၏ ဓာတ်ပုံများကို အသုံးပြု၍ ပြည်သူများအပေါ်...

Latest news