Thursday, January 29, 2026

တိုက်ပွဲ

သျှမ်းတပ်(၂)တပ် တိုက်ပွဲဆက် မဖြစ်ရန် ရွှေလီမြစ်ဝှမ်းသံဃာတော်များတောင်းဆို

သျှမ်းတပ် (၂) တပ် တိုက်ပွဲ ဆက်လက် မဖြစ်ပွားရန် သျှမ်းမြောက် ရွှေလီမြစ်ဝှမ်းဒေသအတွင်း နေထိုင်သော သံယာတော်များ ပြည်သူများက တောင်းဆိုလိုက်သည်။ ရွှေလီမြစ်ဝှမ်း မူဆယ်မြို့နယ် ကျေးရွာအုပ်စု (၁၉) အုပ်စု အတွင်းနေထိုင်သော သံဃာတော်များ၊ ပြည်သူများမှ သျှမ်းတပ် (၂)တပ်ဖြစ်သည့် RCSS/SSA နှင့် SSPP/SSA...

နမ္မတူ မန်လီကျေးရွာ အတွင်း တိုင်းရင်းသားတပ်ဖွဲ့ကြား တိုက်ပွဲပြင်းထန်၊ နေအိမ် (၃)လုံးမီးလောင်

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မန်လီကျေးရွာအတွင်း ယနေ့ (ဧပြီ ၆)ရက် နေ့လည် ၃နာရီဝန်းကျင် တွင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များကြား တိုက်ပွဲပြင်းထန်ပြီး၊ နေအိမ် (၃)လုံးမီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များမှာ RCSS/SSA နှင့် မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုဖြစ်သည့် SSPP/SSA၊ TNLAတို့ ဖြစ်သည်။ “ မနက်ကတည်းက...

ကျောက်မဲ တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း တိုက်ပွဲကြား အရပ်သား ၅ဦးသေဆုံး၊ ၃ဦးဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင်းရှိ မြောက်ပိုင်းမဟာမိတ် နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) တို့ တိုက်ပွဲကြောင့် အရပ်သား(၅) ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖေဖော်ဝါရီ ဒုတိယပတ်မှ စတင်ပြီး ယနေ့ထိ နှစ်ဖက်တိုက်ပွဲ တင်းမာနေပြီး ဒေသခံ (၅) ဦး သေဆုံးပြီး (၃) ဦး...

လားရှိုးမြို့နယ်အတွင်း KIA နှင့် အကြမ်းဖက် စစ်ကောင်စီ တိုက်ပွဲဖြစ်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ် ပန်ခါးကျေးရွာအနီးတွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် အကြမ်းဖက် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။ ဧပြီ (၄) ရက် နေ့လည် (၁၂) နာရီ ဝန်းကျင်ခန့်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပန်ခါးကျေးရွာသား (၂) ဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများ...

မူဆယ်မြို့နယ် ရေအားလျှပ်စစ်စက်ရုံ အနီး တိုက်ပွဲဖြစ်၊ စက်ရုံဝန်ထမ်း (၅)ဦးထိခိုက်ဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် စွမ်စော်ရပ်ကွက် ခူးဝိန်းနယ်မြေ အတွင်းရှိ ရေအားလျှပ်စစ်စက်ရုံအနီး တိုက်ပွဲဖြစ်ပွားရာ စက်ရုံဝန်ထမ်း ၅ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ မတ် (၂၈) ရက်တွင် အကြမ်းဖက် စစ်ကောင်စီ နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့သည် နေ့လည်...

သျှမ်းမြောက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တိုက်ပွဲကြောင့် အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်လုံကျေးရွာတွင် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ နှင့် RCSS တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် အမျိုးသမီး တဦး လက်နက်ကြီးထိမှန်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန့်နေ့ (မတ် ၂၈ ရက်) ညနေ ၃ နာရီတွင် နမ္မတူမြို့နယ် ပန်လုံကျေးရွာအနီး မြောက်ပိုင်းမဟာမိတ်တ် တပ်ပေါင်းစု ဖြစ်သည့်...

နမ့်ခမ်းမြို့နယ် အာဏာသိမ်းစစ်ကောင်စီ နှင့် TNLA တိုက်ပွဲဖြစ်

သျှမ်းပြည်မြောက်ပိုင် နမ့်ခမ်းမြို့နယ် ပန်ခါး နှင့် မန်းပန်အွယ်လောကျေးရွာ ကြားတွင် ယနေ့ (မတ် ၂၅) ရက် မနက်ပိုင်းအချိန်တွင် အာဏာသိမ်းစစ်ကောင်စီနှင့် တအောင်းအမျိုးသားလွတ်လပ်ရေး တပ်မတော် TNLA တို့ တိုက်ပဲွဲ ပြင်ထန်းစွားဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ အာဏာသိမ်းစစ်ကောင်စီမှ နမ့်ခမ်းမြို့မှ ပန်ခါးကျေးရွာဖက် သို့ လက်နက်ကြီးဖြင့်...

သျှမ်း (၂)တပ် တိုက်ပွဲကြောင့် စစ်ရှောင် (၃၀၀)ကျော်ရှိ၊ ကိုယ်ဝန်ဆောင်နှင့် ကလေးများပါ

သျှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် အတွင်း သျှမ်းတပ် ၂ တပ် ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင် ၃၀၀ ကျော် ထွက်ပြေးနေရပြီး ထိုသူထဲတွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေး အများဆုံးဖြစ်ကြောင် သတင်းရရှိသည်။ ထိုစစ်ဘေးရှောင်ပြည်သူများသည် အောင်မင်္ဂလာ ဘုန်းကြီးကျောင်းတွင် (၁၀၇) ဦးရှိပြီး၊ စဉ့်အင်ဘုန်းကြီးကျောင်းတွင် (၂၀၈) ဦး ရှိကြောင်း...

သီပေါမြို့နယ် သျှမ်းလက်နက်ကိုင် ၂ဖွဲ့ တိုက်ပွဲဖြစ် စစ်ရှောင် (၁၀၀)နီးပါး ထွက်ပြေးရ

သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် အတွင်း သျှမ်းလက်နက်ကိုင် တပ်ဖွဲ့ ၂ဖွဲ့ သည် ယနေ့ (မတ် ၂၃)ရက် နေ့လည်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ရှောင် ၁၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ် ၂၃)ရက် တွင် သီပေါမြို့နယ် ကုန်းဆာကျေးရွာအုပ်စု ဆွန်လုံ၊...

နမ္မတူ တိုက်ပွဲအတွင်း အမျိုးသမီးတဦးသေ၊ တဦးဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းတိုက်ပွဲကြောင့် အမျိုးသမီး တဦးသေဆုံးပြီး၊ တဦး ဒဏ်ရာရရှိကြောင်းသိရသည်။ နမ္မတူမြို့နယ် မန်စံကျေးရွာ အနီးတွင် မြောက်ပိုင်းမဟာမိတ် အဖွဲ့ ဖြစ်သည့် SSPP/SSA နှင့် TNLA ပူးပေါင်း တပ် နှင့် RCSS/SSAတို့ တိုက်ပွဲ ယနေ့ အချိန်ထိ ဖြစ်ပွားနေကြောင့် ဒေသခံများပြောပြချက်...

Latest news