သျှမ်းမြောက်တိုက်ပွဲမရပ်တန့်ပါက ပြည်သူများ နောင်နှစ် စားဝတ်နေရေး ပိုခက်ခဲလာနိုင်

သျှမ်းပြည်မြောက်ပိုင်းတွင် တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်း တိုက်ပွဲမရပ်တန့်ပါက နောင်နှစ်အတွက် ပြည်သူများ စားဝတ်နေရေး ပိုခက်ခဲလာနိုင်ကြောင်း စုံစမ်းသိရသည်။

အဆိုပါ စစ်ဘေးရှောင် (၅၀၀၀ )ကျော်သည် သျှမ်းမြောက် ကျောက်မဲမြို့နယ်၊ နမ္မတူမြိုု့နယ်၊ နှင့် သီပေါမြို့နယ် အတွင်း တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းတိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် သူများဖြစ်သည်။

ယခုကာလသည် စိုက်ပျိုးရေး လုပ်ရမည့်ရာသီချိန်ဖြစ်သဖြင့် တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် တိုက်ပွဲများရပ်တန့်ပေးရန်၊ မိုင်းများရှင်းလင်းပေးရန် နှင့် ဖမ်းဆီးခံထားရသည့် ပြည်သူများကို ပြန်လွှတ်ပေးရန် စစ်ဘေးရှောင်(၅၀၀၀)ကျော် က ယနေ့ (မေ ၃၁)ရက်စွဲဖြင့် စာထုတ်တောင်းဆိုထားကြသည်။

“ ဒီချိန်လယ်ယာပြန်မလုပ်ရရင် အခက်ခဲတွေအများကြီးရှိလာနိုင်တယ်။ ပုံမှန်ဆို ဒီချိန်က ပြောင်းဖူး၊ မြေပဲ၊ စပါးတွေ စိုက်နေရပြီးလေ။ ဒီနှစ်က သူတို့တိုက်ပွဲတွေကြောင့် ကျမတို့ ပြည်သူတွေ နေအိမ်ကိုမပြန်နိုင်သေးဘူး။ စစ်ဘေးရှောင် လာတာ ၂ လကျော်လာပြီ။ အလုပ်သွားလုပ်ရင်လည်း မိုင်းနင်းမိမှာကြောက်ရတယ်” ဟု နမ္မတူမြို့နယ် ပန်လုံးကျေးရွာ စစ်ဘေးရှောင်ပြည်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

မြေမြုပ်မိုင်းကြောင့် ပြည်သူများ ခြံ၊လယ်ယာမြေများကို သွားရာတွင် မိုင်းနင်းမိပြီး သေဆုံးသူ (၄) ဦးရှိပြီး၊ ထိခိုက်ဒဏ်ရာရရှိသူ (၃) ဦးရှိကြောင်း၊ ထို့အပြင် ကျွဲ၊နွားများပါ မိုင်းနင်းမိပြီး သေဆုံးခဲ့ရကြောင်း နမ္မတူမြို့နယ် မန်စံကျေးရွာတွင် နေထိုင်သူသည့် အမျိုးသား တစ်ဦးက ပြောသည်။

“ ကျွဲ၊နွားတွေ မိုင်းနင်းမိလို့သေတာလည်း ရှိတယ်။ ဘယ်နှကောင်သေသွားလဲ ဘယ်လောက်ရှိလဲတော့ မသိရဘူး။ လူလည်း အတူပဲ မိုင်းနင်းလို့သေတာဆို ကျနော်သိရသလောက်တော့ သေဆုံးတာ ၄ ယောက်လောက်ရှိနေပြီး။ ဒဏ်ရာရရှိထားတာလဲ ၃ယောက် ၄ ယောက်လောက်ရှိတယ်။ ခုထိဆေးရုံးကနေမဆင်းရသေးဘူး” ဟု မန်းစံကျေးရွာတွင် နေထိုင်သည့် အမျိုးသား က ဆိုသည်။

ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်း အချင်းချင်းတိုက်ခိုက်ဖြစ်ပွားမှုကြောင့် ပြည်သူများ ဖမ်းဆီးခံထားရမှုလည်း ရှိကြောင်းသိရသည်။

သို့သော် မည်သည့် အဖွဲ့စည်းက ဖမ်းဆီးသွားကြောင်းမသိရပေ။

“ ဖမ်းခံရတာက (၅ )ယောက်လောက်ရှိမယ်။ ဘယ်အဖွဲ့က ဖမ်းသွားတာလဲတော့မသိဘူး။ အချင်းချင်းပြိုကွဲစေချင်လို့ မဟုတ်ဘူး။ TNLA ဖက်က ဖမ်းတာလည်း ရှိတယ်။ သျှမ်းတပ်ဘက်က ဖမ်းတာလည်းရှိတယ်” ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦး ကပြောသည်။

သျှမ်းပြည်မြောက်ပိုင်းတွင် သျှမ်းပြည်ပြန်လည်ထူးထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့ SSPP/SSA ၊ TNLA တို့ တိုက်ပွဲပြင်းထန်းမှုကြောင့် ပြည်သူများ ၅၀၀၀ ကျော်စစ်ဘေးသင့်နေပြီး ၂ လကျော် နေရပ်ကိုမပြန်နိုင်သေးကြောင်းသိရသည်။

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်တွင် စစ်ဘေးရှောင်းပြည်သူ (၃၅၀၈) ၊ ကျောက်မဲမြို့နယ်တွင် (၃၈၀) ဦးနှင့် နမ္မတူ မြို့နယ်တွင်( ၁၄၅၁) ဦးရှိကြောင်း သိရသည်။

ထို့အပြင် တိုင်းရင်းသား လက်နက်ကိုင်းအချင်းချင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျေးရွာ ၅ ရွာရှိပြည်သူနေအိမ် ၁၁၇ အိမ် မီးလောင်းဆုံးရှုံးသွားခဲ့ကြရသည်။

ထိုသို့ စစ်ဘေးရှောင်းပြည်သူများက ၎င်းတို့၏ ရင်ဆိုင်နေရသော ဒုက္ခများကို ဖြေလျော့နိုင်ရန်အတွက် တိုက်ပွဲများကို ရပ်တန့်ပေးရန်၊ နေရပ်ကို လုံလုံခြုံခြုံဖြင့် အမြန်ဆုံးပြန်နိုင်ရန်၊ ဖမ်းဆီးခံထားရသော ပြည်သူများကို ပြန်လွတ်ပေးရန်၊ မိုင်းများကို ရှင်းလင်းပေးရန် နှင့် လူသားချင်းစာနာ အထောက်အထားအကူညီများကို ထိရောက်စွာ ကူညီပံ့ပိုးပေးရန် အတွက် ပြည်သူများက တောင်းဆိုလိုက်သည်။


ယမန့်နေ့ (မေ ၃၀) ရက်တွင်လည်း ဂျပန်ရောက် သျှမ်းလူငယ်များ ကွန်ယက် Tai Youths Network Japan မှ ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မီတခဲတောင်ပေါ်တက်၍ သျှမ်းစစ်တပ် ၂ တပ် RCSS နှင့် SSPP တို့ တိုက်ပွဲများကိုရပ်တန့်ပေးရန်၊ သျှမ်းပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးရန်၊ သျှမ်းစစ်တပ် ၂ တပ်ပူးပေါင်းပြီး အာဏာသိမ်း စစ်ကောင်စီကို တိုက်ထုတ်ပေးရန်အတွက် ဆန္ဒပြတောင်းဆိုခဲ့ကြသ

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက်ဒေသ KIA ဒုဗိုလ်ချုပ်ကြီးဂွမ်မော်ရောက်စဉ် MNDAA စစ်အင်အားဖြည့်

0
သျှမ်းပြည်မြောက်ပိုင်းသို့ ရောက်ရှိလာသည့် ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ဒေသခံ ပြည်သူလူထုအပြင် ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့များမှ ခေါင်းဆောင်များကိုလည်း တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။ ဧပြီလ ပထမပတ်အတွင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာနှင့် နမ့်ခမ်းမြို့သို့ ရောက်ရှိလာသည့် ကချင်လွတ်လပ်ရေးကောင်စီ KIC ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ကချင်လွတ်လပ်ရေးတပ်...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...