တရုတ်နိုင်ငံသား
တန့်ယန်းမြို့နယ်ထဲ ဖမ်းမိသည့် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၆၆ ဦးကို UWSA မှ တရုတ်ရဲလက်အပ်
SHAN -
သျှမ်းပြည် တန့်ယန်းမြို့နယ်အတွင်း ဖမ်းဆီးရမိသည့် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၆၆) ဦးတို့ကို ‘ဝ’တပ်ဖွဲ့ UWSA မှ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းသိရသည်။ ဇူလိုင်လ (၁) ရက်တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ဝင်ရောက်တပ်စွဲထားသည့် တန့်ယန်းမြို့နယ်အတွင်း ဖမ်းဆီးရမိသော အွန်လိုင်းကျားဖြန့် လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၆၆)...
ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၂၀၀ ကျော်ကို မိုင်းလားနယ်စပ်ဂိတ်မှတဆင့် စစ်ကောင်စီလွှဲပေး
SHAN -
သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားမြို့ရှိ တာလော့ဂိတ်မှတဆင့် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၂၀၇) ဦးကို စစ်ကောင်စီမှ တရုတ်နှင့် သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးခဲ့ကြောင်း သတင်းသိရသည်။ ဇွန်လ (၂၄) ရက်တွင် မိုင်းလားတပ်ဖွဲ့ NDAA နှင့် စစ်ကောင်စီတို့ ပူးတွဲထိန်းချုပ်ထားသည့် မိုင်းလားမြို့ တာလော့နယ်စပ်ဂိတ်တွင် မြန်မာနိုင်ငံအတွင်း နယ်စပ်လမ်းကြောင်းများမှတဆင့် တရားမဝင်...
ကလောမြို့နယ် ဘော်ဆိုင်းသတ္တုတွင်းမှ တရားမဝင် တရုတ်နိုင်ငံသား (၇) ဦးကို စစ်ကောင်စီရဲများ ဖမ်းဆီးထား
သျှမ်းပြည်တောင်ပိုင်း ကလောမြို့နယ် ဘော်ဆိုင်းကျေးရွာအုပ်စုတွင် တရားမဝင် နေထိုင်သည့် တရုတ်နိုင်ငံသား (၇)ဦးကို စစ်ကောင်စီ လက်အောက်ခံ ရဲများက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ပြီးခဲ့သည့် မတ်လ (၁၆) ရက် ည ၇ နာရီခန့်၌ ကလောမြို့နယ် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးမှူးက...
တန့်ယန်းမြို့နယ် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၁၆၅)ဦးကို စစ်ကောင်စီဖမ်းဆီး
သျှမ်းပြည် တန့်ယန်းမြို့နယ် နားဟုတ်ကျေးရွာအုပ်စု ပိန်းမုံကျေးရွာတွင် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၁၆၅) ဦးကို စစ်ကောင်စီမှ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိရသည်။ မတ်လ ၁၂ ရက်တွင် တန့်ယန်းမြို့နယ် နားဟုတ်ကျေးရွာအုပ်စု ပိန်းမုံ(ပဵင်းမူင်ႈ) ကျေးရွာတွင် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေသူများကို စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့နှင့် မိုင်းဟပြည်သူ့စစ်တို့...
ထိုင်း-မြန်မာနယ်စပ် တလျှောက် လူကုန်ကူးမခံရအောင် သတိပေးဆိုင်းဘုတ်ထောင်
SHAN -
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှ တဆင့် မြန်မာဘက်သို့ လူကုန်ကူးခံရသည့် တရုတ်မင်းသား ဖြစ်ရပ်ပြီးနောက် ထိုင်းအာဏာပိုင်များသည် ကျားဖြန့်လုပ်ငန်းဖြင့် လူကုန်ကူးမှုမခံရအောင် သတိပေးဆိုင်းဘုတ်များကို နယ်စပ်မျဉ်းတလျှောက်တွင် စိုက်ထူးကြေညာထားသည်။ ထိုသတိပေးဆိုင်းဘုတ်တွင်လည်း တရုတ်ဘာသာစကား၊ ထိုင်းဘာသာစကားနှင့် အင်္ဂလိပ်ဘာသာစကားတို့ဖြင့် ရေးသားသတိပေးထားသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့မှ တဆင့် မြန်မာနိုင်ငံ...
တာချီလိတ်မြို့ လွယ်စတုံကျေးရွာ တရုတ်နိုင်ငံသား အယောက် (၅၀)ကျော်ကို ဖမ်းဆီးရမိ
SHAN -
ထိုင်း-မြန်မာနယ်စပ် တာာချီလိတ်မြို့အနီး လွယ်စတုံးကျေးရွာတွင် တရုတ်နိုင်ငံသား အယောက်(၅၀) ကျော်ကို စစ်ကောင်စီလက်အောက်ခံ ရဲဌာနနှင့် ပြည်သူစစ်အဖွဲ့များ သွားရောက်ဖမ်းဆီးထားမိကြောင့် စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၀ရက်)နေ့ နံနက်ပိုင်းအချိန်တွင် စစ်ကောင်စီလက်အောက်ခံ ရဲဌာနနှင့် ပြည်သူစစ် အဖွဲ့များ တာချီလိတ်မြို့အနီး လွယ်စတုံကျေးရွာအတွင်းတွင် နေထိုင်နေသည့် တရုတ်နိုင်ငံသား အယောက် (၅၀)...
တရုတ်နိုင်ငံသား ၁ သောင်းနီးပါးကို တရုတ်အစိုးရထံ လွှဲပြောင်းခဲ့ပြီးဟု စစ်ကောင်စီပြော
SHAN -
မြန်မာနိုင်ငံတွင် တရားမဝင် ဝင်ရောက်နေထိုင်သော တရုတ်နိုင်ငံသား ၁ သောင်း နီးပါးကို တရုတ်အစိုးရထံသို့ လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ အောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၂၈ ရက်အထိ တရုတ်နိုင်ငံသား အမျိုးသား ၈,၈၂၃ ဦး၊ အမျိုးသမီး ၁,၀၈၅ ဦး စုစုပေါင်း...
တာချီလိတ်မြို့ ယာဉ်အချင်းချင်းတိုက်မိကြရာ တစ်ဖက်မှသေနတ်ကိုင်ပြီး ခြိမ်းခြောက်
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ယာဉ်အချင်းချင်းတိုက်မိကြရာ တစ်ဖက်မှ သေနတ်ကိုင်ဆောင်ပြီး ခြိမ်းခြောက်မှုပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၃) ရက် ည ၉ နာရီဝန်းကျင်တွင် တာချီလိတ် ဝိန်းကျောက်ရပ်ကွက် စိန်ပန်းနီနီ စားသောက်ဆိုင်ရှေ့ ကားလမ်းမကြီးပေါ်တွင် ကား နှင့် ဆိုင်ကယ် ယာဉ်ချင်းတိုက်မိကြရာ တစ်ဖက်မှ သေနတ်ကိုင်ဆောင်ပြီး...
တာချီလိတ်တွင် တရုတ်နိုင်ငံသား ၅၃၀ ကျော် သောင်တင်နေ
မြန်မာ-ထိုင်း နယ်စပ် တာချီလိတ်တွင် တရုတ်နိုင်ငံသား ၅၃၀ ကျော် သောင်တင်နေကြောင်း သတင်းရရှိသည်။ အဆိုပါ သောင်တင်နေသည့် တရုတ်နိုင်ငံသားများသည် ထိုင်းနိုင်ငံဘက်မှ EP ( Entry Permit) ပြည်ဝင်ခွင့် လက်မှတ်ဖြင့် တာချီလိတ်မြို့သို့ ဝင်လာ သူများဖြစ်ကြောင်း၊ ထိုင်းနိုင်ငံဘက်မှ တရုတ်နိုင်ငံသားများကို ပြန်လည် ဝင်ခွင့်မပေးတော့သည့်အတွက်...
တရားမဝင်တရုတ်နိုင်ငံသား တဦး တာချီလိတ်တွင် ဖမ်းဆီးရမိ
သျှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ အတွင်း တရားမဝင် နေထိုင်သည့် တရုတ်နိုင်ငံသား တဦး ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ တာချီလိတ်မြို့ ပါဆတ်ရပ်ကွက် ဟိုနားရွာ တွင် တရားမဝင်နေထိုင်သည့် တရုတ်နိုင်ငံသား တဦးကို အောက်တိုဘာ ၅ ရက် ညနေပိုင်းတွင် ဖမ်းဆီးရမိကြောင်း တာချီလိတ် မြို့မ...





