ဆီဆိုင်

ဆီဆိုင်မြို့ ရပ်ကွက်တိုင်း မပေါက်ကွဲသေးသည့် စစ်လက်နက်အကြွင်းအကျန်ပစ္စည်းများရှိနေ

သျှမ်းပြည် ဆီဆိုင်မြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် နေ့စဉ်နီးပါး ပစ်ခတ်မှုကြောင့် မပေါက်ကွဲသေးသည့် စစ်လက်နက်အကြွင်းအကျန်းများ ရပ်ကွက်တိုင်း၌ရှိနေကြောင်း စုံစမ်းသိရသည်။ ဆီဆိုင်မြို့ကို ဇန်နဝါရီလ နောက်ဆုံးပတ်ကတည်းက ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA နှင့် ပူးပေါင်းတော်လှန်ရေး အင်အားစုတပ်ဖွဲ့များတို့ တစိတ်တပိုင်းထိန်းချုပ်လာပြီးနောက်ပိုင်း စစ်ကောင်စီသည် မြို့ထဲသို့ လက်နက်ကြီး၊ တင့်ကားဖြင့်ပစ်ခတ်ခြင်းအပါအဝင် ဒရုန်းနှင့်တိုက်လေယာဉ်ဖြင့်...

ဆီဆိုင်မြို့နယ် အမျိုးသားတစ်ဦးကို စစ်ကောင်စီ ပစ်သတ်

သျှမ်းပြည် ဆီဆိုင်မြို့နယ် အမျိုးသားတစ်ဦးကို စစ်ကောင်စီက သေနတ်ဖြင့်ပစ်သတ်လိုက်ကြေင်း စုံစမ်းသိရသည်။ သျှမ်းပြည် ဆီဆိုင်မြို့နယ် ဆိုင်းခေါင်ကျေးရွာ အောင်သုခရပ်ကွက်တွင် ယမန်နေ့ (မတ်လ ၁၈) ရက် ည ၈ နာရီခွဲဝန်းကျင်၌ စစ်ကောင်စီက အမျိုးသားတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “PDF တွေကို...

ပင်လောင်းမြို့နယ် တိုက်ပွဲဆက်လက်ဖြစ်ပွား၊ စစ်ကောင်စီ လေကြောင်းသုံးတိုက်ခိုက်

သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လေကြောင်းသုံးတိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။ ပင်လောင်းမြို့နယ် ဗန်းမောက်၊ နမ့်ဖာမှု၊ နောင်ဝိုးနှင့် အနီးတဝိုက်ကျေးရွာတွင် မတ်လ ၁၀ ရက်ကတည်းကစပြီး PDF တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား ဖြစ်ပွားလာရာ ယနေ့အချိန်ထိ တိုက်ပွဲပြင်းထန်နေကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက...

ဆီဆိုင်-ဆိုက်ခေါင်ကြားရှိ ပင်စုံလမ်းခွဲတွင် PNO ဂိတ်ဖွင့်ပြီး ပိုက်ဆံတောင်းနေ

သျှမ်းပြည် ဆီဆိုင်-ဆိုက်ခေါင်ကြားရှိ ပင်စုံလမ်းခွဲတွင် ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ့နာမည်ခံပြီး ဦးခွန်သန်းထိုက်အောင် (ခ) သန်းထိုက်အောင်ဆိုသူမှ ပိုက်ဆံတောင်းနေကြောင်း ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရသည်။ ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ့နာမည်ခံဖြင့် ဆိုက်ခေါင်စံပြကျေးရွာ ရပ်ကွက်သူကြီးဆိုသူ ဦးခွန်သန်းထိုက်အောင် (ခ) ဦးထိုက်အောင်က ရပ်ရွာလုံခြုံရေးအတွက်ဟုဆိုကာ မတ် ၁ ရက်မှစ၍...

ဆီဆိုင်နှင့် ဟိုပုံးမြို့နယ်တွင် စစ်ကောင်စီမှ မီးလောင်ဗုံးသုံး၊ နေအိမ်အများအပြား မီးလောင်

ဆီဆိုင်နှင့် ဟိုပုံးမြို့နယ်တွင် တိုက်ပွဲများဆက်လက်ပြင်ထန်နေပြီး စစ်ကောင်စီ၏ လက်နက်ကြီး ဒရုန်းတိုက်ခိုက်မှုကြောင် ပြည်သူနေအိမ် ၁၆ လုံးထက်မနည်းပျက်စီးခဲ့ကြောင်း သိရသည်။ ဆီဆိုင်မြို့နယ်တွင် ယမန်နေ့ (မတ်လ ၁၀ရက်)မနက် ၇ နာရီမှ ၅ နာရီထိ စစ်ကောင်စီစစ်နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တို့ တိုက်ပွားများပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီမှ လက်နက်ကြီး...

ဆီဆိုင်မြို့နယ်အတွင်း PNLAတပ်နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေ

သျှမ်းပြည် ဆီဆိုင်မြို့နယ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA နှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေသေးကြောင်း စုံစမ်းသိရသည်။ ဆီဆိုင်မြို့ကို PNLA တပ်နှင့် ပူးပေါင်းမဟာမိတ် တော်လှန်ရေးတပ်ပေါင်းစု တပ်ဖွဲ့များက တစ်လကျော်ကြာ ထိန်းချုပ်လာပြီးနောက် စစ်ကောင်စီတပ်သည် ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် တန်ပြန်ထိုးစစ်ဆင်မှု များကြောင့် တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။ “တိုက်ပွဲကတော့ ဆီဆိုင်မြို့တွင်းမှာ...

သျှမ်းတောင်တိုက်ပွဲ ၁ လအတွင်း အရပ်သား ၃၀ ကျော်သေဆုံး၊ ၅၀ ခန့် ထိခိုက်ဒဏ်ရာရ

သျှမ်းပြည်တောင်ပိုင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA၊ မဟာမိတ်ပူးပေါင်း တော်လှန်းတပ်ပေါင်းစုများနှင့် စစ်ကောင်စီတို့အကြား ၁ လအကြာ တိုက်ပွဲကြောင့် အရပ်သား ၃၀ ကျော်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၅၀ ခန့် ရှိကြောင်း စုံစမ်းသိရသည်။ ဟိုပုံးမြို့နယ် စံဖူးကျေးရွာတွင် ဖြစ်ပွားခဲ့သည့် PNLA ၏ ယာဉ်တန်းကို စစ်ကောင်စီနှင့်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်...

PNLA ထိန်းချုပ်ထားသည့် ဆီဆိုင်မြို့ကို တင့်ကား သံချပ်ကာကား အလုံးအရင်း ထိုးစစ်ဆင်ရန် စစ်ကောင်စီ ပြင်ဆင်

သျှမ်းပြည်နယ် တောင်ပိုင်း၊ ဆီဆိုင်မြို့ကို စစ်ကောင်စီတပ်က တင့်ကား၊ သံချပ်ကာကားများ အပါအဝင် စစ်အင်အား အလုံးအရင်း အသုံးပြု ထိုးစစ်ဆင်ရန် ပြင်ဆင်နေကြောင်း စစ်ရေးသတင်းရင်းမြစ်က ယနေ့ (ဖေဖော်ဝါရီ ၂၀ ရက်) တွင် ပြောသည်။ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) ထိန်းချုပ်ထားသည့် ဆီဆိုင်မြို့...

ဆီဆိုင်မြို့သို့ ပစ္စည်းသယ်ယူသည့် လူငယ် ၄ ဦး ပျောက်ဆုံးနေ

သျှမ်းပြည် ဆီဆိုင်မြို့သို့ ပစ္စည်းပြန်သယ်ယူသည့် လူငယ် ၄ ဦးသည် အဆက်အသွယ် ပြတ်တောက်ပြီး ပျောက်ဆုံးသွားသဖြင့် မိသားစုဝင်များက စိုးရိမ်နေကြသည်။ ဖြစ်စဉ်မှာ ဆီဆိုင်မြို့တိုက်ပွဲကြောင့် ဘန်းယဉ်ကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်လာသည့် လူငယ် ၃ ဦးသည် စောင်နှင့်အဝတ်အထည်များ ပြန်ယူရန် နေအိမ်ရှိ ဆီဆိုင်မြို့သို့ ပြန်နေစဉ် (ဖေဖော်ဝါရီလ ၁၄...

ဆီဆိုင်မြို့အတွင်း သုံးရက်သာ ပစ္စည်းပြန်ယူခွင့်ပြု သတင်းမှား

တိုက်ပွဲပြင်းထန်နေသည့် ဆီဆိုင်မြို့တွင် ယာယီအပစ်ခတ်ရပ်ပြီး ဒေသခံများကို သုံးရက်သာ ပစ္စည်းပြန်သယ်ယူခွင့်ပြုမည်ဆိုသည့် သတင်းမှားဖြစ်သည်။ ဆီဆိုင်မြို့တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA၊ ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေသော်လည်း နှစ်ဖက်တပ်ဖွဲ့တို့သည် ယာယီအပစ်ခတ်ရပ်ပြီး (ဖေဖော်ဝါရီ ၁၈ ရက်မှ ဇန်နဝါရီ ၂၀ ရက်) အထိ သုံးရက်သာ ဒေသခံများကို ပစ္စည်းပြန်သယ်ယူခွင့်ပြုပေးမည်ဆိုပြီး...

Latest news