စစ်ဇုန်ဖြစ်နေသည့် ဆီဆိုင်မြို့ထဲသို့ စစ်ရှောင်များနေရပ်ပြန်ပို့ရန် စစ်ကောင်စီ စီစဉ်နေ

စစ်ပွဲဇုန်းအတွင်း ကျရောက်နေသည့် ဆီဆိုင်မြို့ထဲသို့ စစ်ဘေးရှောင်များကို စစ်ကောင်စီက နေရပ်ပြန်ပို့ရန် စီစဉ်နေသည်ဟု ဒေသခံများထံမှသိရသည်။

တိုက်ပွဲကြောင့် အခြားရပ်ရွာများသို့ စစ်ဘေးရှောင်ရသည့် ဒေသခံများအနေဖြင့် လာမည့် ဧပြီလ ၂၄ ရက်မှစ၍ မိမိနေအိမ်သို့ ပြန်လည်အခြေချ နေထိုင်နိုင်ပြီဟု စစ်ကောင်စီက အထွေထွေအုပ်ချုပ်ရေးမှူးများ၊ အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ဒေသခံများကို ပြောဆိုခိုင်းထားကြောင်း ဆီဆိုင်မြို့အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်တစ်ဦးကပြောသည်။

“ တစ်အိမ်ထောင်စုကို ဆန်၊ ဆီ၊ ဆား မီးဖိုချောင်သုံးပစ္စည်းတွေ အရင်ပံ့ပိုးပေးမယ်။ ထိခိုက်သွားတဲ့ လူနေအိမ်တွေကိုတော့ သွပ်၊ သံ၊ တိုင် တန်းဖိုငွေထောက်ပံ့ပေးမယ်လို့ ကျနော်လည်းအဲ့လိုပဲကြားမိပါတယ်။ နယ်ခံတပ်ဖွဲ့တွေကတော့ ပေးမပြန်သေးဘူး။ အထက်ကကြိုးနီတွေက မြေပြင်အခြေအနေမသိဘဲနဲ့ ဇွတ်ပြန်ခိုင်းနေတာ။ ပြဿာနာရှိလာနိုင်တယ်” ဟု ၎င်းကပြောသည်။

ပြန်လည်ထူထောင်ရေး အစီအစဉ်အသေးစိတ်ကို ယနေ့ (ဧပြီလ ၂၃) ရက်တွင် အစည်းအဝေးပြုလုပ်ပြီး ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ အကယ်၍ နေရပ်ပြန်သွားမည်ဆိုပါက ရပ်ကွက်ထောက်ခံစာ၊ မှတ်ပုံတင်နှင့်တကွ စာရင်းပေးရမည်ဖြစ်ကြောင်း သိရသည်။

သို့သော် ဆီဆိုင်မြို့တိုက်ပွဲကြောင့် လက်ရှိအချိန်ထိ ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာ ရွာသူကြီးများသည် နေရပ်သို့ပြန်လည်နေထိုင်ခြင်းမရှိသေးပေ။

စစ်ဘေးရှောင်များအနေဖြင့် နေရပ်ပြန်သွားပါက လက်နက်ကြီးများ ထိခိုက်ပေါက်ကွဲခဲ့သည့်နေရာများတွင် စူးစမ်းခြင်း၊ သွားရောက်မွှေနှောက်ခြင်းမပြုရန်၊ ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ တာဝန်ရှိသူများ၏ လမ်းညွှန်မှုအား သေချာလိုက်နာဆောင်ရွက်ရန်၊မပေါက်ကွဲ‌သေးသည့် လက်နက်ကြွင်းကျန်များကို ကလေးသူငယ်များအား ပညာပေး၊အသိပေးခြင်းဆိုင်ရာ ကော်မတီတစ်ရပ် ဖွဲ့စည်းရန် စသည်ဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများကပြောသည်။

လက်ရှိ ဆီဆိုင်မြို့နယ်တွင် တိုက်ပွဲကြောင့် စစ်လက်နက်အကြွန်းအကျန်များ ကျန်ရှိနေသကဲ့သို့ စားဝတ်နေရေးအတွက်လုပ်ကိုင်ရန် အလုပ်အကိုင်များလည်းမရှိသဖြင့် နေရပ်ပြန်ရန်စိုးရိမ်နေရကြောင်း စစ်ဘေးရှောင် နေရသည့် ဒေါ်ဆွေ (အမည်လွဲ)ကပြောသည်။

“ ပြန်လို့ရပြီလို့ပြောနေကြတာပဲ။ ဒါပေမဲ့ လောလောဆယ်တော့ ကျမတို့မပြန်ရဲသေးပါဘူး။ ဟိုမှာသွားရင်လည်း စားဖို့သောက်ဖို့က လိုသေးတာလေ။ အလုပ်ကမရှိ၊ ဘာမရှိနဲ့။ အခုတော့ပြန်လို့မဖြစ်သေးဘူး။ ကိုယ်အိမ်ကိုတော့ ပြန်ချင်တာပေါ့” ဟု ဒေါ်ဆွေကပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၉ ရက်တွင်လည်း ဆီဆိုင်မြို့နေရပ်ပြန်သွားသည့် စစ်ရှောင်များသည် ပြန်နေစဉ် မွေတော်ဘုရားအရှေ့ဘက်ရှိ ဝါးတောရွာမြောက်ဘက်တွင် လက်နက်ကြီးထိမှန်ပြီး ၇ ဦးသေဆုံးသွားခဲ့သည်။

အလားတူ ဆီဆိုင်မြို့နယ် နောင်သိမ်ရွာသို့ ဧပြီလ ၁၀ ရက်တွင် နေရပ်ပြန်သွားသည့် စစ်ဘေးရှောင်လင်မယား ၂ ဦးသည်လည်း ပအိုဝ်းပြည်သူ့စစ် PNO စစ်ကြောင်းနှင့်တိုးကာ ဇနီးဖြစ်သူမှာပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သည်။

ထို့အပြင် ဆီဆိုင်မြို့တိုက်ပွဲကြောင့် တောတွင်းနေရာသို့ ထွက်ပြေးခိုလှုံနေသည့် စစ်ဘေးရှောင် အမျိုးသမီး ၁ ဦးကိုလည်း ဧပြီလ ၁၄ ရက်က ဆီဆိုင်မြို့အခြေစိုက် ခမရ ၄၂၃ တပ်ရင်းမှ စစ်ကောင်စီတပ်သား ညီညီနိုင်ဆိုသူ သေနတ်ဖြင့်ချိန်ပြီး မုဒိမ်းကျင့်ရန် ကြိုးစားခဲ့သည်။

စစ်ကောင်စီအနေဖြင့် မတ်လ ၂၅ ရက်မှစ၍ ဆီဆိုင်မြို့ကို တစ်စိတ်တစ်ပိုင်းပြန်လည် ထိန်းချုပ်ပြီးနောက် အုပ်ချုပ်ရေး ယန္တရားပြန်လည်ပတ်ချင်သောကြောင့် ယခုကဲ့သို့ နေရပ်ပြန်နိုင်သည်ဟု ဝါဒဖြန့်ခြင်းနေကြောင်း တော်လှန်ရေးအင်အားစုတပ်ဖွဲ့များကပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

ဆီဆိုင် ယာယီမြို့မဈေး မိုးကြီးတိုင်း ရေကြီးရေလျှံဖြစ်

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ရှိ ယာယီမြို့မဈေးတွင် ရေထွက်ပေါက်စနစ် စနစ်တကျမရှိသဖြင့် မိုးသည်းထန်စွာ ရွာသွန်းတိုင်း ဈေးအတွင်း ရေဝပ်နေကြောင်း စုံစမ်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၀ ရက်) ဆီဆိုင်မြို့ ဈေးနေ့ကျရောက်သည့် နေ့ဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယာယီမြို့မဈေးအတွင်း ရေများဝင်ရောက်ကာ ရေဝပ်နေကြောင်း ဆီဆိုင်မြို့နေ ဒေသခံအမျိုးသားတစ်ဦးက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...