စစ်ရှောင်

နေရပ်မပြန်နိုင်သေးတဲ့ ဆီဆိုင်က စစ်ရှောင် များ စားနပ်ရိက္ခာ ပြတ်လပ်နိုင်

သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ် အတွင်းရှိ စစ်ဘေးရှောင်များအတွက် အလှူရှင်မရှိသဖြင့် စားနပ်ရိက္ခာ ပြတ်လပ်နိုင်သည့်အဆင့်ရောက်နေကြောင်း သတင်းရရှိသည်။ ယခုနှစ် ဇွန်လ (၆)ရက် တွင် ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စုထဲမှ ကောင်ထိုကျေးရွာ၊ စလောင်းထောင်ကျေးရွာ၊ နောင်ဘိုကျေးရွာနှင့် နောင်ထော်ကျေးရွာအုပ်စုထဲမှ တပူထိုးကျေးရွာ၊ လွယ်ငွန်းကျေးရွာ၊ ပင်စက်ကျေးရွာ၊ တောင်ရှေ့ကျေးရွာ မှ ဒေသခံ...

ကျောက်မဲ၊ သီပေါ၊ နောင်ချို စစ်တပ်ပြန်ထိန်းချုပ်သော်လည်း စစ်ရှောင်နေရပ်ပြန်ရန် ခက်ခဲနေဆဲ

သျှမ်းပြည် နောင်ချို၊ ကျောက်မဲ နှင့် သီပေါမြို့တို့ကို စစ်ကော်မရှင်တပ် ပြန်လည် ထိန်းချုပ်နိုင်ခဲ့သော်လည်း စစ်ဘေးရှောင်အများစု ယနေ့အချိန်ထိ နေရပ်ပြန်ရန် ခက်ခဲနေဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်တွင် စတင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” သည် သျှမ်းပြည်မြောက်ပိုင်းထဲ ဖြတ်သန်းသွားသည့် မြန်မာ-တရုတ်...

စစ်ကော်မရှင် ဖယ်ခုံမြို့နယ်ထဲ နေ့စဉ်ဆက်တိုက် လက်နက်ကြီးရမ်းသမ်းပစ်

သျှမ်းပြည် ဖယ်ခုံမြို့နယ်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူစစ် PNO နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ နေ့စဉ်ရက်ဆက်တိုက်ပွဲများဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၁၃ရက်တွင် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း ဘောရန်ကျေးရွာကိုစစ်ကော်မရှင်နှင့်ပအိုဝ်း ပြည်သူ့စစ် (PNO) တို့ စပြီး ထိုးစစ်ဆင် ဝင်ရောက်ခဲ့သည်။ ထို့နောက် စစ်ကော်မရှင်နှင့် PNO တို့သည့်...

NCA (၁၀)နှစ်ပြည့်ပွဲ ကျင်းပနေစဉ် စစ်တပ်က သီပေါမြို့နယ်ကို လေကြောင်းဗုံးကြဲ ဖိအားပေးတိုက်နေ

စစ်ကော်မရှင်တပ်သည် နေပြည်တော်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA (၁၀)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား ကျင်းပနေချိန် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့နယ်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းအတွက် အရေးပါသော သီပေါမြို့ကို စစ်ကော်မရှင်တပ်က...

ဖယ်ခုံမြို့နယ် ဘောရန်ကျေးရွာ နေအိမ် ၃၀ ထက်မနည်း မီးရှို့ခံရ

သျှမ်းပြည် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းရှိကျေးရွာအတွင်းသို့ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့ စစ်ကြောင်းထိုးလာပြီး နေအိမ် (၃၀)ထက်မနည်း အကြောင်းပြချက်မရှိဘဲ မီးရှို့ ဖျက်ဆီးခဲ့ကြောင်းသတင်းရရှိသည်။ ယမန်နေ့ (အောက်တိုဘာ ၁၃)ရက် ညနေ ၄နာရီဝန်းကျင်တွင် စစ်ကော်မရှင်တပ်နှင့် PNO တို့သည် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းရှိ ခေါင်းအီးကျေးရွာအုပ်စု ဘောရန်ကျေးရွာကို...

လားရှိုးဆေးရုံကြီးတွင် ဆေးကုသနေသည့် သီပေါစစ်ရှောင် မိန်းကလေးတစ်ဦး သေဆုံး

သျှမ်းပြည် သီပေါမြို့မှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင်များထဲမှ လားရှိုးဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသည့် မိန်းကလေးငယ် တစ်ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (အောက်တိုဘာလ ၉ ရက်) ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသည့် သီပေါမြို့စစ်ရှောင် အသက် (၁၃)...

ဖယ်ခုံ နေရပ်ပြန် စစ်ရှောင်များ မြေမြှုပ်မိုင်းကြောင့် လယ်ယာလုပ်ရန် အခက်အခဲဖြစ်နေ

သျှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ် နားဟီးရွာ နေရပ်ပြန်စစ်ဘေးရှောင်များသည် မြေမြှုပ်မိုင်းများကြောင့် လယ်ယာလုပ်ငန်းလုပ်ကိုင်ရန် အခက်ခဲဖြစ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၅ ဇွန်လဆန်းပိုင်း မှ စတင်ပြီး ဇူလိုင်လအထိ စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်ဖွဲ့က ဖယ်ခုံမြို့နယ် နှင့် မိုးဗြဲမြို့ တကျော့ ပြန်လည် ထိန်းချုပ်နိုင်ရန် တော်လှန်ရေး...

နားခိုရာပျောက်ဆုံးနေတဲ့ စစ်ဘေးရှောင်များ

“ဒရုန်းသံ တဝီဝီ စကြားရတာ၊ မကြာလိုက်ဘူး ပေါက်ကွဲသံ အကျယ်ကြီး ကြားရတာပဲ။ ဈေးဘက်မှာ ဗုံးသီးချသွားလို့ မီးခိုးတွေ တက်လာတာ၊ဒရုန်းက ၅ လုံး ၆ လုံး အုပ်လိုက်ကြီး လာတာ”လို့ တိုက်ပွဲတစ်ခုရဲ့ ခေါ်သံကို နောင်ပိန်ဒေသခံ စိုင်းလျန်းက မမျှော်လင့်ဘဲ ကြားလိုက်ရပါတယ်။ သျှမ်းပြည်မြောက်ပိုင်းရဲ့ တံခါးပေါက်လို့...

ကျောက်မဲ သံဃာတစ်ပါးနှင့် မိသားစု ၃ ဦးကို စစ်တပ် သေနတ်ပစ်သတ်၊ ၁၆ နှစ်သမီး မုဒိမ်းကျင့်သတ်ခံရ

သျှမ်းပြည် ကျောက်မဲမြို့နယ်ထဲ ထိုးစစ်ဆင်နေသည့် စစ်ကော်မရှင်တပ်သားများသည် သံဃာတစ်ပါးနှင့် သားအမိ(၃)ယောက်ကို သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး ထိုထဲတွင် အသက်(၁၆) နှစ်အရွယ် မိန်းကလေးတစ်ဦး မုဒိမ်းကျင့်သတ်ခံထားရကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ ၂၄ ရက် နေ့လယ် ၁၁ နာရီခန့်တွင် ကျောက်မဲမြို့နယ်အတွင်း TNLA ပူးပေါင်းတပ်နှင့် ထိတွေ့တိုက်ပွဲ ပြင်းထန်နေသည့်...

ကျောက်မဲ၊ သီပေါတွင် စစ်ကော်မရှင်တပ် စရဖ နှင့် သတင်းပေး (၁၀) ဦးကျော်ကို TNLA ဖမ်းမိ

သျှမ်းပြည် ကျောက်မဲမြို့နှင့် သီပေါမြို့တွင် သတင်းထောက်လှမ်းယူခဲ့သော စစ်ကော်မရှင်တပ်၏ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) နှင့် သတင်းပေးသူ (၁၀) ဦးကျော်ကို ဖမ်းဆီးရမိကြောင်း TNLA က ယမန်နေ့တွင် ထုတ်ပြန်လိုက်သည်။ စစ်ကော်မရှင် လက်အောက်ခံ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) နှင့် သတင်းပေးသူများသည် TNLA...

Latest news