စစ်ရှောင်

သိန္နီမြို့ သုံးလအကြာ စစ်ကောင်စီတပ် လေကြောင်းထပ်မံဗုံးကြဲ၊ အရပ်သား (၁) ဦး ဒဏ်ရာရ

သျှမ်းပြည် သိန္နီမြို့အနီးသို့ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား (၄) ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်(၃) လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၁၀ ရက်) နံနက် ၂ နာရီခွဲကျော်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့မှ ကွမ်းလုံ-ဟိုပန်...

သီပေါ စစ်ကောင်စီ ဗုံးကြဲ သီလရှင်တစ်ပါး ပျံလွန်တော်မူပြီး၊ နှစ်ပါးထိခိုက်ဒဏ်ရာရ ပရဟိတအဖွဲ့မှ ဆေးကုသပေးနေ

သျှမ်းပြည်နယ်မြောက်ပိုင်း ၊သီပေါမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် စစ်ကောင်စီမှ လေယာဉ် လေးစီးနှင့် ဗုံးလာရောက် ကြဲချခဲ့ခြင်းကြောင့် ဒဏ်ရာရရှိခဲ့သည့် သီလရှင်နှစ်ပါးကို ပရဟိတအဖွဲ့မှ ဆေးကုသပေးနေကြောင်း ဒေသခံများပြောပြချက်အရသိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၉ ရက်) ညနေ ၃နာရီအချိန်တွင် စစ်ကောင်စီတပ်မှ Y-12 လေယာဉ်ဖြင့် ရွှေကျောင်းရပ်ကွက်နှင့် ပန်းတိမ်တောင် ရပ်ကွက်အတွင်း...

စစ်ကောင်စီလေကြောင်းဗုံးကြဲမှုကြောင့် တစ်လအတွင်း အမျိုးသမီး ၆၃ဦး သေဆုံး

စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းဗုံးကြဲမှုကြောင့် မြန်မာတဝှမ်း စက်တင်ဘာလအတွင်း အမျိုးသမီး ၆၃ဦး သေဆုံးပြီး၊ ၆၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ပြောဆိုလိုက်သည်။ အဆိုပါ သေဆုံးသွားသည့်သူများသည် သျှမ်းပြည်နယ်အတွင်း ၂၁ဉီး ဖြစ်ပြီး အများဆုံးဖြစ်ကြောင်း လည်း BWU ၏ စက်တင်ဘာ ၄ရက်ထုတ်ပြန်ချက်တွင်...

ပင်းလောင်းမြို့ တိုက်ပွဲများ ပြန်ဖြစ်ပွား

သျှမ်းပြည် ပင်လောင်းမြို့၏ တောင်ဖက်တွင် တိုက်ပွဲများပြန်ဖြစ်ပွားသဖြင့် ဒေသခံများနေရပ်မပြန်ရသေး တောထဲတွင် တဲထိုးနေရကြောင်းစုံစမ်းသိရသည်။ ပင်လောင်းမြို့၏ တောင်ဘက် ဗန်းမောက် ၊ နမ့်ဖာမူ ၊ နောင်ဝိုးလွယ်ကျေးရွာ တကြောတွင် ပြီးခဲ့သည့် စက်တင်ဘာလ တတိယပတ်မှ စတင်၍ ယမန်နေ့ ( အောက်တိုဘာလ ၁ ရက်) နေ့ထိ...

ပင်လောင်းမြို့နယ် တိုက်ပွဲမရှိ စစ်ကောင်စီ တဖက်သတ်ပစ်ခတ်နေ၊ အရပ်သားတစ်ဦးဒဏ်ရာရ

သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ် အတွင်း တိုက်ပွဲ ဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီ လက်နက်ကြီး တဖက်သတ် ပစ်ခတ်မှုကြောင့် ဗန်းမောက်ကျေးရွာ ဒေသခံ တစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။ စစ်ကောင်စီသည် စက်တင်ဘာ ၁၇ရက်တွင် ပင်လောင်းမြို့နယ် ဗန်းမောက်ကျေးရွာအတွင်းသို့ တဖက်သတ်ပစ်ခတ်ပြီးနောက် အသက် ၃၀ အရွယ်ရှိ...

သီပေါလှိုဏ်ဂူထဲ စစ်ရှောင်သူများ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နှင့် တစ်မိုင်လောက်‌ဝေးသည့် လှိုဏ်ဂူအတွင်းသို့ စစ်ဘေးရှောင်နေသည့် ပြည်သူများ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေကြောင်း စုံစမ်းသိရသည်။ ထိုလှိုဏ်ဂူအတွင်းသို့ စစ်ဘေးရှောင်နေသည့် သူများသည် တစ်ထောင်ဝန်းကျင်ရှိသည့်အတွက် ပရဟိတ အဖွဲ့များက သွားရောက်လှူဒါန်းခဲ့သော်လည်း လောက်ငှခြင်းမရှိကြောင်း၊ စစ်ကောင်စီမှ နေ့စဉ်လေယာဉ်ဖြင့် ပျံဝဲနေသဖြင့် နေရပ်ပြန်ကာ စားနပ်ရိက္ခာ မယူနိုင်ကြောင်းလည်း စစ်ဘေးရှောင်နေသည့် အမျိုးသမီး...

မိုင်းဖြတ်မြို့ စစ်ကောင်စီမှ အသက် ၃၆ မှ ၆၅ နှစ်အရွယ်များကို စစ်မှုထမ်းစာရင်းကောက်ခံနေ

သျှမ်းပြည်နယ်အရှ့ပိုင်း ၊ မိုင်းဖြတ်မြို့တွင် စစ်ကောင်စီမှ အသက်၃၆ မှ ၆၅ နှစ်ထိ စစ်မှုမထမ်းရန် စာရင်းကောက်ခံနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်တွင် စစ်ရှုံးနေသည့် စစ်ကောင်စီသည် စစ်အင်အားချီနဲ့လာသည့်အတွက် စစ်မှုမထမ်းမနေရ ဥပဒေကို အတည်ပြုပြဌာန်းခဲ့သည်။ ထိုသို့ ပြဌာန်းခဲ့ပြီးနောက်ပိုင်း မြို့နယ် ကျေးရွာ အလိုက်...

လားရှိုးမြို့ဗုံးကြဲ၍ မြို့ခံများပြန်လည် စွန့်ခွာ

သျှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံများ ပြန်လည် တိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်မှ ၉ ရက်နေ့အထိ ကိုးကန့် တပ်မတော် (MNDAA) ထိန်းချုပ်ထားသည့် လားရှိုးမြို့တွင် စစ်ကောင်စီမှ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားပြည်သူ အများပြားသေဆုံးခဲ့ပြီး နေအိမ်...

နောင်ချို စစ်ဘေးရှောင် ၅ ထောင်ကျော် ဆေးဝါးနှင့်ရိက္ခာ အရေးပေါ်လိုအပ်၊ ရွာပြင်မှာ တဲထိုးနေရ

သျှမ်းပြည် နောင်ချိုမြို့နယ်တွင် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် (၅၀၀၀) ကျော်အတွက် ဆေးဝါးနှင့် စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဧပြီလအတွင်း တစ်ကျော့ပြန် စတင်ခဲ့သည့် စစ်ကောင်စီတပ်နှင့် မန္တလေး-PDF တပ်ဖွဲ့တို့၏ ပြင်ဦးလွင်-နောင်ချိုနယ်စပ် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် သရက်ကုန်းနှင့် ဆီဆုံကျေးရွာအုပ်စုမှ စစ်ဘေးရှောင် (၅၀၀၀) ကျော်သည်...

ဖယ်ခုံစစ်ရှောင်စခန်း စစ်ကောင်စီမှ လေကြောင်းဗုံးကြဲ ၈ ဦးသေဆုံး

သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက် ခြင်းကြောင့် ကလေးငယ်အပါအဝင် ၈ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ယမန်နေ့ (သြဂုတ် ၅ )ည ၉ နာရီဝန်းကျင်တွင် ဖယ်ခုံမြို့နယ် လအိကျေးရွာအနီးရှိ ဘန်ကောက် စစ်ဘေးရှောင် စခန်းတစ်ခုကို စစ်ကောင်စီမှ...

Latest news