Friday, May 3, 2024

စစ်ရှောင်

ဆီဆိုင်မြို့ပြည်သူများကို စစ်ကောင်စီ နေရပ်ပြန်ခေါ်၊မြို့မဈေးကို ပြန်ပြုပြင်နေ

သျှမ်းပြည် ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီနှင့် PNOပြည်သူ့စစ် ပြန်လည်ထိန်းချုပ်ထားပြီးနောက် တိုက်ပွဲများ ငြိမ်သက်နေပြီး ပြည်သူများကိုလည်း နေရပ်ပြန်ရန် ခေါ်နေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် ဆီဆိုင်မြို့နယ်တွင် ဧပြီလ နောက်ဆုံးပတ်မှ စ၍ ထွက်ပြေးတိမ်းရှောင်နေသော ဒေသခံများကို စစ်ကောင်စီနှင့် PNO ပြည်သူတို့က စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူးကို တဆင့်ပြန်ခေါ်ခိုင်နေပြီး၊...

ဆီဆိုင်မြို့နယ်တွင်း စစ်ကောင်စီ လက်နက်ကြီး၊ဒရုန်း ပစ်ခတ်၊ပြည်သူများကို ရွာပြင်ထွက်ဖို့ တားမြစ်

သျှမ်းပြည် ဆီဆိုင်မြို့နယ်တွင် နေ့စဥ် စစ်ကောက်စီမှ လက်နက်ကြီးများ ဒရုန်းများဖြင့် ပစ်ခတ်နေပြီး ပအိုဝ်းပြည်သူ့စစ် ( PNO )က ကျေးရွာရှိ ဒေသခံများကို ဓားစာခံများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ သျှမ်းပြည် ဆီဆိုင်မြို့နယ် ဝိုင်းလုံကျေးရွာကို ယမန်နေ့(ဧပြီလ ၃၀ ရက်) ညနေ ၃ နာရီဝန်းကျင်တွင်...

မဟာမိတ် အချင်းချင်းကြား နယ်မြေစိုးမိုးမှုအကွဲအပြဲ စတင်နေပြီလား

သျှမ်းမြောက်မှာ အွန်လိုင်းလောင်းကစားလိမ်လည်မှု ကျားဖြန့်ပပျောက်ရေး ရည်ရွယ်ချက်နဲ့ “၁၀၂၇ စစ်ဆင်ရေး”ကို ညီနောင်မဟာမိတ် (၃) ဖွဲ့က စတင်ခဲ့ရာ စစ်ကောင်စီတပ်စခန်းပေါင်း ၄၀၀ ကျော်ကို ထိုးစစ်ဆင် တိုက်ခိုက်နိုင်ခဲ့ပြီး မြို့ပေါင်း ၂၀ နီးပါးကို သိမ်းပိုက်ထိန်းချုပ် နိုင်ခဲ့ပါတယ်။ စစ်ဆင်ရေးကို ၃ လနီးပါး ဆင်နွှဲခဲ့ပြီးနောက်မှာတော့ တရုတ်ရဲ့...

မိုးမောက်မြို့စစ်ရှောင် တစ်ထောင်ကျော်သည် ဗန်းမော်သို့ ထပ်မံတိမ်းရှောင်

ကချင်ပြည် မိုးမောက်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ ဝင်ရောက် နေရာယူသောကြောင့် စစ်‌ဘေးရှောင်နှင့် ဒေသခံ တစ်ထောင်ကျော်တို့သည် ဗန်းမော်မြို့သို့ ထပ်မံထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီ နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့ တိုက်ပွဲများကြောင့် ဧပြီလ ၂၄ ရက်မှစ၍ ဒေသခံ စစ်ဘေးရှောင် ၁၂၀၀ ကျော်သည် ဗန်းမော်မြို့သို့ ထွက်ပြေးတိမ်းရှောင်လာကြကြောင်း...

ပင်လောင်းတောင်ဘက် စစ်ရှောင်များ ရေရှားပါးမှုနှင့် ကြုံတွေ့နေရ

သျှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့ တောင်ဘက်ရှိ စစ်ရှောင်များသည် ရေရှားပါးမှု ဆိုးဆိုးရွားရွားကြုံတွေ့နေရကြောင်း စစ်ရှောင်တစ်ဦးထံမှသိရသည်။ ပင်လောင်းမြို့နယ်ရှိ ကျေးရွာအများစုသည်အဝိစိရေတူးခြင်းမရဘဲ မိုးရေကိုသာ ရေတွင်းခံပြီး သိုလှောင်ထားရပြီး ယခုကာလတွင် ရှိရင်းရွာခံ အရပ်သားများအပြင် လာရောက်ခိုလှုံသည့် စစ်ဘေးရှောင်လည်း များစွာ ရှိခြင်းကြောင့် မူလသိုလှောင် ရေများ လုံလောက်မှုမရှိဘဲ အခက်ခဲကြုံ တွေ့ နေရကြောင်းသိရသည်။ "အရင်က ရွာသားတွေက...

မိုးမောက်မြို့နယ် စစ်ရှောင်များ စားနပ်ရိက္ခာနှင့် လေကြောင်း ဗုံးကြဲမှုကို စိုးရိမ်နေရ

ကချင်ပြည် မိုးမောက်မြို့နယ်ရှိ စစ်ရှောင်များ စားနပ်ရိက္ခာလိုအပ်နေပြီး၊လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကို စိုးရိမ်နေရကြောင်း စုံစမ်းသိရသည်။ ကချင်ပြည်နယ် ကျောက်စခန်းကျေးရွာ မှ မိုး‌မောက်မြို့သို့ ဧပြီလ ပထမပတ်တွင် ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင် ၂၀၀ ကျော်သည် စားနပ်ရိက္ခာများ လိုအပ်နေပြီး၊ စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် စိုးရိမ်နေရကြောင်း စစ်ဘေးရှောင်...

ဆီဆိုင်မြို့ နယ် စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ပစ်ခတ် စစ်ရှောင် ၃ဦးဒဏ်ရာရ

သျှမ်းပြည် ဆီဆိုင်မြို့နယ် နမ့်တောင်းရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်သဖြင့် စစ်ရှောင် ၃ဦး ထိခိုက်ဓစ်ရာရ ဒေသခံများထံမှ သိရသည်။ ဆီဆိုင်မြို့နယ် နမ့်တောင်းရွာထဲကို ယမန်နေ့ (ဧပြီလ ၂၅) ရက် ညနေပိုင်း ၄ နာရီဝန်းကျင်တွင် ဆီဆိုင်မြို့ စစ်ကောင်စီ ၏ ခြေမြန်တပ်ရင်း...

ဖယ်ခုံတွင် စစ်ကောင်စီ စစ်ကြောင်းထိုးခြင်းကြောင့် တစ်ပတ်အတွင်း အရပ်သား ၅ ဦးသတ်ဖြတ်ခံရ

သျှမ်း-ကရင်နီ (ကယား) ပြည်နယ်စပ် သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်းထိုးခြင်းကြောင့် တစ်ပတ်အတွင်း အရပ်သား ၅ ဦးသတ်ဖြတ်ခံလိုက်ရကြောင်း စုံစမ်းသိရသည်။ ကရင်နီတော်လှန်ရေး အင်အားစုတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် ဖယ်ခုံမြို့ကို စစ်ကောင်စီက ပြန်လည် ထိန်းချုပ်နိုင်ရန်အတွက် စစ်ကြောင်းထိုးစစ်ဆင်ရာ ဧပြီလ ၂၁ ရက်က ဖယ်ခုံအနောက်ဖက်ခြမ်းရှိ တောင်တွင်းတစ်နေရာတွင်...

သျှမ်းပြည် တောင်ပိုင်း ၃ လအတွင်း စစ်ကောင်စီ လက်နက်ကြီးကြောင့် အရပ်သား သေဆုံးမှု ၆၆ ဦးထိရှိလာ

သျှမ်းပြည် တောင်ပိုင်း တိုက်ပွဲ ၃လ အတွင်း စစ်ကောင်စီမှ လက်နက်ကြီး၊ လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ် အပါအဝင် သေဆုံးမှု ၆၆ ဦးထိ ရှိနေပြီး၊ ထိခိုက် ဒဏ်ရာရရှိသူ ၇၉ ဦးထိ ရှိခဲ့ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး (PYO) မှ ထုတ်ပြန်...

ဆီဆိုင်မြို့နယ် အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်

သျှမ်းပြည် ဆီဆိုင်မြို့နယ်တွက် စစ်ကောင်စီမှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ သျှမ်းပြည် ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာတစ်ရွာတွင် ယမန်နေ့ ( ဧပြီလ ၂၄) ရက် နံနက် ၇ နာရီဝန်းကျင်၌ စစ်ကောင်စီမှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် တောင်ယာခြံသို့...

Latest news