စစ်ကော်မရှင်

ရွာငံမြို့နယ် စစ်ကော်မရှင်တပ်မှ အရပ်သား (၄)ဦးကို အကြောင်းမဲ့ ထပ်မံဖမ်းဆီးနေ

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်ကော်မရှင်က စစ်ကြောင်းထိုးပြီး အရပ်သား (၄)ဦးကို ထပ်မံ ဖမ်းဆီးသွားကြောင်းသတင်းရရှိသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ရက်တွင် စစ်ကော်မရှင်က ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာ ဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်ပြီး တောတောင်အနီး တော်လှန်ရေးတပ်ဖွဲ့များကို ရှာဖွေခြင်း၊ အရပ်သားနေအိမ်သို့ ဝင်ရောက် ရှာဖွေခြင်းများ ပြုလုပ်ကာ အရပ်သား (၄)ဦးကို စစ်ကော်မရှင်က ဖမ်းသွားခဲ့ကြောင်း...

စစ်တပ် ဖမ်းဆီးခေါ်ဆောင်သွားသည့် ရွာငံဒေသခံ ၇ဦး ပြန်မလွှတ်သေး

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တွင် စစ်ကော်မရှင် က ဖမ်ဆီးခေါ်ဆောင်သွားသော ဒေသခံ ၇ဦးကို ယနေ့အထိ ပြန်မလွှတ်ပေးသေးကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင် ဖမ်းဆီးသွားသည့် ရွာငံမြို့နယ်တွင်နေထိုသည့် ဒေသခံ (၇)ဦးသည် အောက်တိုဘာလလယ်တွင် ဒေသခံ (၅)ဦး နှင့် နိုဝင်ဘာလ ပထမပတ်တွင် ဒေသခံ (၂)ဦး ဖြစ်ကြပြီး၊...

ဓာတ်ပုံဟောင်းကိုသုံးပြီး TNLA မှ စစ်ကိုင်းသို့ ပေးပို့သည့်လက်နက်များ ဖမ်းမိဆိုသည့် သတင်းမှား

တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ စစ်ကိုင်းသို့ ပေးပို့သော လက်နက်များစွာ ဖမ်းမိကြောင်း ဓာတ်ပုံတစ်ပုံဖြင့် ဖြန့်ချိနေပါသည်။ အဆိုပါအကြောင်းအရာကို လူမှုကွန်ရက်စာမျက်နှာတစ်ဖြစ်သည့် “ဘကြီးအောင် ပြန်လာပြီ” ဟု အမည်ပေးထားသော အကောင့်တစ်ခုတွင် ဖြန့်ချိခဲ့ပြီး နိုဝင်ဘာလ ၁၀ ရက်နေ့အထိ Reaction ပြုလုပ်သူ ၇၁၆ ဦး၊...

အတုအယောင် ရွေးကောက်ပွဲအပေါ် မိတ်ဖက်နိုင်ငံများ၏ ထောက်ခံမှုအခိုင်အမာ ရရှိထားဟု စစ်ကော်မရှင်ပြော

စစ်ကော်မရှင် ကျင်းပပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲအပေါ် ကွဲပြားခြားနေသော နိုင်ငံတကာ တုံ့ပြန်မှုများ ရှိနေသော်လည်း မိတ်ဖက်နိုင်ငံများ၏ ထောက်ခံမှုများကတော့ အခိုင်အမာ ရရှိထားပြီးဖြစ်ကြောင်း စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ ယနေ့ (နိုဝင်ဘာလ ၁၁) ရက်တွင် စစ်ကော်မရှင်လက်အောက်ခံ မြန်မာအလင်းသတင်းစာမှတစ်ဆင့် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ “မြန်မာနိုင်ငံရဲ့...

ရွာငံတွင် အုပ်ချုပ်ရေးမှူးနှင့် အရပ်သားတစ်ဦး ထပ်မံသတ်ခံရ

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ကျောက်ပိဇပ်ကျေးရွာတွင် အုပ်ချုပ်ရေးမှူးနှင့် အရပ်သားတစ်ဦး ထပ်မံသတ်ခံရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၂၈ ရက်တွင် အမည်မသိ လက်နက်ကိုင်အုပ်စုမှ ကျောက်ပိဇပ်ကျေးရွာသို့ လာရောက်ပြီး အသက် ၄၀ ကျော် အရွယ် ရွာလူကြီး ဦးတင့်ဝေ နှင့် အရပ်သား ဖြစ်သူ အသက်...

နေရပ်မပြန်နိုင်သေးတဲ့ ဆီဆိုင်က စစ်ရှောင် များ စားနပ်ရိက္ခာ ပြတ်လပ်နိုင်

သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ် အတွင်းရှိ စစ်ဘေးရှောင်များအတွက် အလှူရှင်မရှိသဖြင့် စားနပ်ရိက္ခာ ပြတ်လပ်နိုင်သည့်အဆင့်ရောက်နေကြောင်း သတင်းရရှိသည်။ ယခုနှစ် ဇွန်လ (၆)ရက် တွင် ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စုထဲမှ ကောင်ထိုကျေးရွာ၊ စလောင်းထောင်ကျေးရွာ၊ နောင်ဘိုကျေးရွာနှင့် နောင်ထော်ကျေးရွာအုပ်စုထဲမှ တပူထိုးကျေးရွာ၊ လွယ်ငွန်းကျေးရွာ၊ ပင်စက်ကျေးရွာ၊ တောင်ရှေ့ကျေးရွာ မှ ဒေသခံ...

တောင်ကြီးတန်ဆောင်တိုင်ပွဲ ယာဉ်ရပ်နားခ ၅သောင်းကျပ် အထိ ပေးဆောင်ရ

သျှမ်းပြည် တောင်ကြီးမြို့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်တွင် ယာဉ်ရပ်နားခအတွက် ကျပ် ၅၀,၀၀၀ အထိ ပေးဆောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။ တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းတွင် ကျင်းပပြုလုပ်နေသည့် တန်ဆောင်တိုင် မီးပုံးပျံပွဲတော်တွင် ယာဉ်ရပ်နားခအတွက် ဆိုင်ကယ်တစ်စီးလျှင် ၃,၀၀၀ ကျပ်မှ ၁၀,၀၀၀ ကျပ်အထိ ပေးဆောင်ရသလို ကားတစ်စီးလျှင် ကျပ်...

နေရပ်ပြန် ဖယ်ခုံဒေသခံများ စိတ်မလုံခြုံမှုကြောင့် ဘုန်းကြီးကျောင်း ရွှေ့ပြောင်းအိပ်ရ

သျှမ်း-ကရင်နီ(ကယား)နယ်စပ် ဖယ်ခုံမြို့တွင် နေရပ်ပြန် စစ်ရှောင်များ လုံခြုံမှုမရှိသောကြောင့် ဘုန်းကြီးကျောင်းတွင် ရွှေ့ပြောင်းအိပ်နေရကြောင်း သတင်းရရှိသည်။ ကရင်နီတော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ဖယ်ခုံမြို့ နှင့် မိုးဗြဲမြို့ကို စစ်ကောင်စီက ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်အတွင်းတွင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ ဖယ်ခုံအရှေ့ခြမ်းကို စစ်ကော်မရှင်တပ်က ထိန်းချုပ်ပြီး စစ်ရှောင်များ ယခုနှစ် ဇူလိုင် ၇ရက်တွင် နေရပ်ပြန်နေထိုင်ခဲ့ကြသည်။ ထိုသို့...

တောင်ကြီးမြို့တွင်း အုပ်စုဖွဲ့ နည်းမျိုးစုံသုံး ငွေလိမ်လည်မှုများလာ

သျှမ်းပြည်တောင်ကြီးမြို့တွင် အုပ်စုဖွဲ့ကာ နည်းမျိုးစုံသုံးပြီ ငွေလိမ်လည်မှုများရှိနေကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့တွင် ယခုရက်ပိုင်း အမျိုးသား၃ဦးဖွဲ့ကာ ရပ်ကွက်ထဲသို့ ဝင်ရောက်လာပြီး ကုန်စုံဆိုင်နှင့် နေအိမ်များကို လိုက်လံ လိမ်လည်မှုများပြုလုပ်ပြီး၊ ၎င်းတို့တောင်းဆိုသည့် ငွေကြေးမရရှိလျှင် ဓားထောက်ခြိမ်းခြောက်သည့် အထိ ပြုလုပ်နေကြောင်း ကိုယ်တိုင်ကြုံတွေ့ရသည့် မြေဖြူရပ်ကွက် ဒေသခံအမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “အမျိုးသား၃ယောက်က အိမ်ထဲကို အတင်းပြီးပြီး...

သျှမ်းမြောက်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်နိုင်မလား

စစ်ကော်မရှင်က ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် လားရှိုးတို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက် နှစ်နှစ်နီးပါးပိတ်ထားသည့် မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းပိုင်းအား ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း သျှမ်းပြည်မြောက်ပိုင်းရှိ တရုတ်နယ်စပ်ဂိတ်များနှင့် ကုန်သွယ်ရေး လမ်းကြောင်းများကို မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA)၊ အာရက္ခတပ်တော်...

Latest news