လက်နက်ကိုင်များ ဟန်ပြ ဘိန်းခင်းဖျက်ရန် သပ်သပ်စိုက်ပျိုးပေးထားရ

သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဟိုပုံးမြို့နယ်နှင့် ဆီဆိုင်မြို့နယ်များတွင် လက်နက်ကိုင်များ အတွက် ဟန်ပြ ဘိန်းခင်းဖျက်ရန် ဒေသခံများက သပ်သပ် စိုက်ပျိုးပေးထားရကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ပထမ ပတ်တွင် ပင်လောင်းမြို့နယ်၊ ထီပေါင်ကျေးရွာအုပ်စု၊ ထာငိုကျေးရွာအရှေ့တောင်ဘက်က ဘိန်းစိုက်ခင်းများကို စစ်ကော်မရှင် လက်အောက်ခံ ရဲတပ်သားများက ဟန်ပြ ဖျက်ဆီးသွားခဲ့သည်။

ထိုသို့ စစ်ကော်မရှင်တပ်မှ လာရောက်ဖျက်ဆီးခဲ့သောကြောင့် ထိခိုက်မှု များများ မရှိသော်လည်း အခွန်ပေးနေရသောကြောင့် ရသည့်ဘိန်းဈေးနှင့် အမြတ်မကျန်တော့ကြောင်း ဒေသခံများက ပြောသည်။

“ဘိန်းခင်း ဖျက်ပြတာက ဟန်ပြတာပဲရှိတယ်။ စိုက်ထားတဲ့ ခြံတိုင်း ဖျက်တာမဟုတ်ဘူး။ ဘိန်းစိုက်ရင် သူတို့လာရင် ဖျက်ဖို့ ခြံသပ်သပ် စုပြီး လုပ်ထားကြတာ။ ဖျက်ရင် အဲဒီခြံပဲ ဖျက်သွားတာ။ စစ်တပ်ကိုရော PNOဘက်ကိုရော တစ်အိမ်ကို ငါးသိန်း နီးပါး အခွန်ဆောင်ရတာ။ မဆောင်ရင် အကုန်လာဖျက်တယ်။”ဟု ပင်လောင်း ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ဘိန်းမဲ တစ်ပိဿလျှင် ငွေကျပ် (၆သိန်း)သာ ရရှိပြီး ဓာတ်မြေဩဇာဈေးနှုန်းနှင့် လူငှားခ ဈေးနူန်းမြင့်တက်သည့်အပြင် လက်နက်ကိုင်တပ်ဖွဲများကို အခွန်ဆောင်ရသောကြောင့် စားသောက်နိုင်ရုံမျှသာ ကျန်ကြောင်း ၎င်းက ဆက်ပြောသည်။

ဘိန်းကို တစ်နှစ်လျှင် နှစ်ကြိမ်စိုက်ပျိုးနိုင်ပြီး ဝေးလံသည့် တောင်ကုန်းပေါ်တွင် အများအားဖြင့် စိုက်ပျိုးကြပြီး ကျေးရွာအနီးရှိ ဘိန်းစိုက်ခင်းများကို စစ်တပ်နှင့် PNOက လာရောက်ဖျက်ဆီးလေ့ ရှိသောကြောင့် အနီးနားတွင် မစိုက်ပျိုးကြကြောင်း သိရသည်။

“အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဘိန်းမစိုက်တဲ့သူလို့ မရှိဘူး။ အကုန်စိုက်လာကြတယ်။ ကုန်ဈေးနှုန်းက မြင့်လေ ဘိန်းစိုက်မှပဲ စားဝတ်နေရေး ပြေလည်မှာ။ တချို့ တောင်ပေါ်မှာ စိုက်တာဆို မိုးရာသီဆို ရေကြီးတာနဲ့ အကုန်အခင်းပျက်ကုန်တာ။ အရင်းတောင် မကျန်ကြဘူး။ စိုက်သာစိုက်တာ စားရတာက နည်းတယ် ပင်ပန်းတာက များများ။”ဟု ဟိုပုံးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ကမ္ဘာ့ ဘိန်းစိုက်ပျိုးမှု အများဆုံးနိုင်ငံအဖြစ် မြန်မာနိုင်ငံသည် နံပါတ်တစ် အဖြစ်ဖော်ပြခံရပြီး မြန်မာနိုင်ငံထဲမှ သျှမ်းတောင်တွင် ဘိန်းစိုက်ပျိုးမှု ပိုမို မြင့်တက်လာကြောင်း ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ရုံး (UNODC) က ပြီးခဲ့သည့် ဒီဇင်ဘာလ (၄)ရက်နေ့က ထုတ်ပြန်လိုက်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၂၉)ရက်မှ ဒီဇင်ဘာလ (၅)ရက်အတွင်း ဆီဆိုင်မြို့နယ် ထီဒေးကျေးရွာ ၊ နားခိုက်ကျေးရွာအုပ်စု နှင့် ဟိုပုံးမြို့နယ် နောင်လိုင်မူဖိတ် ကျေးရွာ အုပ်စု၊ ပန်ကလားကျေးရွာဘက်နှင့် ပင်လောင်းမြို့နယ် ဘက်မှ ဘိန်းစိုက်ခင်း ဧက ၁၄၀ ကျော်ဖျက်ဆီးခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နှစ်စဉ် ရေကြီး တောင်ပြိုသည့် ဟိုပုံးဒေသ သစ်ပင်စိုက်ရန် စစ်အစိုးရ တပင် ကျပ်လေးရာဖြင့်ရောင်းချနေ

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသတွင် နှစ်စဉ်ကြုံတွေ့နေရသည့် ရေကြီး၊ တောင်ပြိုမှုကို ကာကွယ်ရန်အတွက် စစ်အစိုးရ၏ လက်အောက်ခံ သစ်တောဉီးစီးဌာနက သစ်ပင် ပြန်စိုက်ရန် တစ်ပင်လျှင် ကျပ်ငွေလေးရာ(၄၀၀))ဖြင့် ရောင်းချနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂၈) ရက်နေ့တွင် သစ်တောဦးစီးဌာနက ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသအတွက် ကော်ဖီပင် ပိုမိုစိုက်ပျိုးနိုင်ရန်နှင့်...

ရွာငံအတွင်း စစ်တပ် အင်းအားဖြည့် ဒေသခံများကို ဖမ်းဆီးရိုက်နှက်မှုရှိ 

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်  အတွင်းသို့ စစ်ကော်မရှင်တပ်သည့် နေ့စဉ် အင်အားဖြည့်တင်းနေပြီး၊ အရပ်သားဖမ်းဆီးရိုက်နှက်မှုများလည်း ဆက်တိုက်ကျူးလွန်နေကြောင်း စုံစမ်းသိရသည်။  နွားဘန်းကြီးကျေးရွာနှင့် ပွေးနဖားကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်က အင်အား အလုံးရင်းဖြင့် စစ်ကြောင်းထိုးနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု...

သေဒဏ်ပေးနိုင်သည့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ဥပဒေကြမ်းကို ရွေးတုလွှတ်တော် အတည်ပြု

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် ပေါ်ပေါက်လာသည့် ပြည်ထောင်စုလွှတ်တော်တွင် သေဒဏ်နှင့် တစ်သက်တစ်ကျွန်း ထောင်ဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုလိုက်ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၂၈ ရက်) တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် သဘောကွဲလွဲသည့် အွန်လိုင်းလိမ်လည်မှု...

မိုင်းရှူး အမျိုးသား၄ဉီးကို စစ်တပ်က ပေါ်တာဆွဲဖမ်း

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့နယ် စစ်ကော်မရှင်တပ်က အရပ်သား (၄)ဉီးကို ပေါ်တာဆွဲ ဖမ်းဆီဂသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင်လ ၂၈ ရက်) မနက်ပိုင်းတွင် မိုင်းရှူးမြို့နယ် ပန်စွဲကျေးရွာအထွက် လမ်းပိုင်း၌ သွားလာနေသည့် အမျိုးသားအချို့ကို စစ်ကော်မရှင်၏ တပ်သားများက တားဆီးစစ်ဆေးပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မိုင်းရှူးမြို့နေ ဖြစ်စဉ်ကို...

မူဆယ်တွင် တရုတ်နိုင်ငံသား ၁၇ ဦးအပါအဝင် ကျားဖြန့်လုပ်ကိုင်သူ ၅၅ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည် မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သည့် တရုတ်နိုင်ငံသား (၁၇) ဦး အပါအဝင် (၅၅) ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇူလိုင်လ ၂၅ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက် စွမ်စော်(၂)လမ်းရှိ နေအိမ်(၂) လုံးကို စစ်တပ်လက်အောက်ခံ...