စစ်ကောင်စီ
တောင်ကြီးမြို့ အမျိုးသားတဦးကို စစ်ကောင်စီ တပ်ဖွဲ့ က ဖမ်းဆီး
SHAN -
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်တွင် နေထိုင်သည့် အမျိုးသားတဦး ကို အကြမ်းဖက် စစ်ကောင်စီ က ယနေ့ (မတ် ၂၄)ရက် နေ့လည် ၂နာရီဝန်းကျင်တွင် ဖမ်ဆီးသွားကြောင်း စုံစမ်းသိရသည်။ အဆိုပါဖမ်းဆီးခံရသည့် အမျိုးသားသည် အသက် (၄၃)နှစ်အရွယ်ရှိ ဦးကျော်သူဖြစ်ပြီး၊ ထိုသူကို အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ က...
ဖမ်းဆီးခံထားရသည့် ပိုလန်နိုင်ငံသား သတင်းထောက် ပြန်လည်လွတ်မြောက်လာ
SHAN -
တောင်ကြီးမြို့တွင် သတင်းရယူနေစဉ် ဖမ်းဆီးခံထားရသည့် ပိုလန်နိုင်ငံသား ဓာတ်ပုံသတင်းထောက်တစ်ဦး ယမန်နေ့ (မတ် ၂၂ ရက်)တွင် ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။ အဆိုပါ ဖမ်းဆီးခံရသည့် ပိုလန်နိုင်ငံသားဓာတ်ပုံသတင်းထောက်ကို အကြမ်းဖက် စစ်ကောင်စီ က လဝက အက်ဥပဒေ ၁၃(၁)ဖြင့် တောင်ကြီးမြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့ပြီး၊ ဒဏ်ငွေကျပ် ၂သိန်း...
နောင်ချိုလူထုသပိတ်ပါဝင်သည့် လူငယ်၂ဦးကို စစ်ကောင်စီက ကားဖြင့်တိုက်ပြီး၊ ရိုက်နှက်ဖမ်းဆီး
SHAN -
သျှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ကျေးရွာ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြသည့် လူထုသပိတ် အပြီးတွင် ဆိုင်ကယ်နှင့် လူစုခွဲလာသော လူငယ်၂ဦးကို အကြမ်းဖက်စစ်ကောင်စီ က အရပ်သားကားဖြင့် တိုက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ အကြမ်ဖက် အာဏာသိမ်း စစ်ကောင်စီ မှ ကားဖြင့်တိုက်လိုက်ပြီးဖမ်းသွားသည့် လူငယ် ၂ဦမှာ ကိုညီညီ နှင့် ကိုအောင်ခန့်မင်းတို့ဖြစ်ပြီး၊...
တောင်ကြီး ငြိမ်းချမ်းစွာဆန္ဒပြသည့်လူထုသပိတ် စစ်ကောင်စီဖြိုခွင်း၊ ၈ဦးဒဏ်ရာရ
SHAN -
တောင်ကြီးမြို့ ရတနာ သီရိရပ်ကွက် အတွင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသည့် ပြည်သူများကို စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့ က ယနေ့ (မတ် ၂၁)ရက် နေ့လည်ပိုင်းမှာ ရာဘာကျည်ဖြင့် အကြမ်းဖက်ဖြိုခွင်းကာ ပြည်သူ ၈ဦး ခန့် ဒဏ်ရာရရှိပြီး၊ တစ်ဦးဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။ လက်ရှိအချိန်ထိ စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွ့ဲက...
အောင်ပန်း သပိတ်စစ်ကြောင်း ၂ဦး ကျည်ထိ ကျဆုံး၊ ဒဏ်ရာရသူအများအပြားရှိ
SHAN -
သျှမ်းပြည်မြောက်ပိုင်း အောင်ပန်းမြို့ ယနေ့ (မတ် ၁၉ )ရက် မနက်ပိုင်းတွင် လူထုသပိတ် စစ်ကြောင်း ကို စစ်ကောင်စီ မှ သေနတ်ပစ် ဖြိုခွင်းမှုကြောင့် ပြည်သူ ၂ဦး ကျဆုံးသွားကြောင်း သတင်းရရှိသည်။ ယနေ့(မတ် ၁၉ )ရက် မနက်ပိုင်းတွင် အောင်ပန်းလူထုသပိတ်စစ်ကြောင်း ကို စစ်ကောင်စီ...
မိုးဗြဲမြို့အတွင်းရှိ ကျေးရွာတချို့ စစ်ကောင်စီ တပ်စွဲ၊ ရွာလုံးကျွတ် ထွက်ပြေးနေရ
SHAN -
သျှမ်း-ကယား နယ်စပ် သျှမ်းပြည် မိုးဗြဲမြို့အတွင်းရှိ တောင်ခြေ တကြောရှိ ကျေးရွာတချို့ တွင် ယမန်နေ့ (မတ် ၁၇) ရက်ကစကာ စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့ လာရောက်တပ်စွဲနေသဖြင့် ဒေသခံများစိုးရိမ်ကာ ရွာလုံးကျွတ် လုံခြုံရာသို ထွက်ပြေးနေရကြောင်း သတင်းရရှိသည်။ သျှမ်းပြည် မိုးဗြဲမြို့နယ် တောင်ခြေ တွင်တည်ရှိသည့် ဖလိုင်ရွာ...
မိုင်းယော် သေနတ်ပစ်သတ်ခံရသူ ကို စစ်ကောင်စီ တပ်မှ လျော်ကြေးငွေ ၅သိန်းပေး
SHAN -
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ် နမ့်ဟိုင်းကျေးရွာ တွင် စစ်ကောင်စီ၏ တပ်မ (၈၈) က အသက် ၆၀ကျော် အမျိုးသား တဦးကို မတ် ၁၁ရက်တွင် သေနတ်ပစ်သတ်ခဲ့ပြီး လျော်ကြေးငွေ (၅)သိန်း လာပေးသွားကြောင်း သတင်းရရှိသည်။ မိုင်းယော်တိုက်နယ် နမ့်ဟိုင်းကျေးရွာတွင် မတ် ၁၁ရက်...
တောင်ကြီး စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့က ကားကြီးဖြင့်လိုက်တိုက်၊ တဦးသေဆုံး ဟု သတင်းထွက်ပေါ်နေ
SHAN -
တောင်ကြီးမြို့တွင် ယနေ့ (မတ် ၁၇)ရက် မနက်၈နာရီဝန်းကျင်တွင် စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့က ကားကြီးဖြင့် လိုက်လံတိုက်သည့်အတွက် ယာဉ်တိုက်မှုဖြစ်ကာ လူတဦး သေဆုံးသွားကြောင်း သတင်းထွက်ပေါ်နေသည်။ ဖြစ်စဉ်မှာ ယနေ့ (မတ် ၁၇)ရက် မနက် ၈နာရီဝန်းကျင် တွင် တောင်ကြီးမြို့ မင်းလမ်းရှိ အင်းဝဘဏ် အနီးတဝှိက်၌...
မူဆယ်မြို့လမ်းသွားလမ်းလာပြည်သူများ၏ ဖုန်းကို လိုက်လံစစ်ဆေးနေ
SHAN -
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ တွင် စစ်ကောင်စီ၏ လက်နက်ကိုင် တပ်ဖွဲ့ဝင်များက လမ်းသွားလမ်းလာများကို တင်းကြပ်စွာ စစ်ဆေးမှုပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ် ၉ )ရက်တွင် မူဆယ်မြို့ ဒေသခံများကို စစ်ကောင်စီ၏ လက်နက်ကိုင် တပ်ဖွဲ့ဝင်များက နေ့ရာတိုင်းနီးပါး လမ်းသွားလမ်းလာ ပြည်သူများကိုင်ဆောင်သည့် ဖုန်းများ ကို စစ်ဆေးမှု...
လွိုင်လင်ခရိုင်အတွင်း ဖမ်းခံရသည့်လူငယ်များ ပြန်လွှတ်လာ
SHAN -
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် လွိုင်လင်မြို့ နှင့် ပင်လုံမြို့ရှိ ဆန္ဒဖော်ထုတ်သည့် ပြည်သူများကို စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့က အကြမ်းဖက် ဖမ်းဆီးခဲ့ပြီး ညတွင်းချင်း ပြန်လည်လွှတ်ပေးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ မတ်လ (၈) ရက်တွင် ပင်လုံမြို့လယ်ရှိ ရေကန်အနီးတွင် အချုပ်ကားများ ရဲကားများ ရပ်ထားပြီး ဖြတ်သွားသည့် သူများကို...





