ထိုင်းစားသောက်ကုန် (၅)မျိုး နယ်စပ်မှ တင်သွင်းခွင့် ယာယီပိတ်ဆိုင်း

မြန်မာပြည်သူများ တရုတ်နိုင်ငံ နှင့် စစ်တပ်ပိုင်း ထုတ်ကုန်များကို မသုံးစွဲရန် (Boycott )လုပ်ပြီးနောက်ပိုင်း စစ်ကောင်စီ အုပ်စုမှ နယ်စပ်အတွင်း ကုန်ပစ္စည်း (၅)မျိုး တင်သွင်းခွင့်ကို ယာယီ ရပ်ဆိုင်းသွားမည်ဟု သတင်းရရှိသည်။

စစ်တပ်မှ ပြည်သူ့ အာဏာကို ဖေဖော်ဝါရီ ၁ရက်မှ စပြီး လုယက်သိမ်းယူပြီးနောက် ပြည်သူများက စစ်တပ် ထုတ်ကုန်ပစ္စည်းများ နှင့် စစ်တပ်ကို အားပေးနေသည့် တရုတ်နိုင်ငံ ထုတ် ပစ္စည်း ကို မသုံးစွဲရန် (Boycott) ပြုလုပ်ကြသည်။

ထို့နောက် ယမန့် (ဧပြီ ၁၈)ရက် စွဲဖြင့် ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်း (၅)မျိုးကို မြန်မာနိုင်ငံ မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန် တင်သွင်းခွင့် ယာယီ ပိတ်ဆိုင်းလိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။

သို့သော် မြန်မာ-ထိုင်းနယ်စပ် သျှမ်းပြည် တာချီလိတ်မြို့ဘက် တွင် ထို ထုတ်ပြန်ချက် ကို မထုတ်ပြန်သေးသော်လည်း အကြမ်းဖက် စစ်ကောင်စီ မှ နယ်စပ် တံတား အမှတ်(၂) တွင် စောင့်ဆိုင်းနေကြောင်း တာချီလိတ်မြို့ စီးပွားရေး သမားများက ပြောပြသည်။

“ အခုဆိုရင် ကျမတို့က ကုန်ပစ္စည်းတွေကို ရှာဝယ်ထားတယ်။ ရောင်းစရာမရှိမှာဆိုလို့။ အခုတော့ တာချီလိတ်မှ ဘာမှမထုတ်ပြန်သေးဘူး။ ဒါပေမယ့် ဒီနေ့မနက်တော့ စစ်တပ်တွေက တံတားအမှတ် ၂ ကိုသွားတယ်။ ဘာသွားလုပ် တာလဲတော့ မသိဘူး။ အရင်နေ့တွေကတော့သွားတာမတွေ့ဘူး” ဟု တာချီလိတ်မြို့ ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီဖက်မှ ကုန်ပစ္စည်း ၅ မျိုး အချိုရည်မျိူးစုံ၊ ကော်ဖီမစ်မျိုးစုံ၊ တီးမစ်မျိုးစုံ၊ Instant coffe၊ နို့ဆီ၊ နို့စိမ်း တို့ကို နယ်စပ်ဒေသမှ ယာယီတင်သွင်းခွင့်မပြုတော့ဘဲ ပင်လယ်ရေကြောင်းမှသာ တင်းသွင်းခွင့် ပြုသွားမည် ဖြစ်ကြောင်းသိရသည်။

“ ခက်ခဲတစ်ထက်ပိုပြီးခက်ခဲလာတာပေါ့။ အခုက ကိုဗစ် ကိုလည်းကြောက်ရတယ်။ စစ်တပ်တွေကိုလဲ ကြောက်နေရတယ်။ ဆိုင်ကိုလည်း ည ၈ နာရီထိဘဲဖွင့်လို့ရတယ်။ ၈ နာရိကျော်ရင်လဲ လူကမရှိတော့ဘူး။ သူတို့ ဘာရည်ရွယ်ချက်နဲပ ပိတ်တာလည်းတော့ ကျမတို့လည်းမသိသေးဘူး” ဟု တာချီလိတ်မြို့ဒေသခံတစ်ဦးက ပြောသည်။

ထိုသို့ ကုန်ပစ္စည်း ၅ မျိုးကို နယ်စပ်ဖက်မှတင်သွင်းခွင့်မပြုလိုက်သည့်အကြောင်းရင်းသည် ပြည်သူများကို စစ်တပ်ပိုင်း ကုန်ပစ္စည်းများနှင့် တရုတ်ထုတ်ကုန်များကို ပြန်လည်သုံးစွဲလာရန်အတွက် ရည်ရွယ်သည်ဟု နယ်စပ် ကုန်သည် တစ်ချို့က သုံးသပ်ပြောဆိုသည်။

မြဝတီကုန်သွယ်ရေးဇုန် နယ်စပ်ဒေသမှ တင်းသွင်းမှုကို မေလ ၁ ရက်နေ့မှစတင်ပြီး ယာယီပိတ်ဆိုင်း သွားမည်ဖြစ်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...