တောင်ကြီးမြို့ စစ်ကောင်စီ မှ လမ်းသွား၊လမ်းလာသူများကို စစ်ဆေးမှု တင်းကြပ်နေ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့အတွင်း အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ မှ ဖုန်းစစ်ဆေးမှု ပြုလုပ်ပြီး ပိုက်ဆံတောင်းမှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်။

ယခုရက်ပိုင်း တောင်ကြီးမြို့ ရပ်ကွက်လမ်းများတွင် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့က စောင့်ဆိုင်းနေပြီး လမ်းသွား၊ လမ်းလာများကို လိုက်လံတားဆီးကာ ဖုန်းများ စစ်ဆေးမှု ပြုလုပ်ပြီး၊ ဖုန်းမပါရှိပါက ပိုက်ဆံတောင်းခြင်းများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

“ဒီနေ့ ကျနော်တို့ ဘုရားဖြူဘက်မှာ ဖမ်းစစ်တာ။ ဖုန်းမပါသွားတော့ ပါသလောက် ပိုက်ဆံပေးလိုက်ရတယ်။ ကျနော် ၂ သောင်း ပေးလိုက်ရတယ်”ဟု တောင်ကြီး ဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

တောင်ကြီးမြို့ လမ်းတိုင်း နေရာတိုင်း စစ်ဆေးမှု ပြုလုပ်သဖြင့် ပြည်သူများအပြင်သွားသည့်အခါ စိုးရိမ်နေရကြောင်း၊အကြမ်းဖက် စစ်ကောင်စီမှ နည်းမျိုးစုံသုံးပြီး ပြည်သူများကို အကြမ်းဖက်မှု ပြုလုပ်နေကြောင်းလည်း တောင်ကြီးဒေသခံ အမျိုးသမီး တဦး ကပြောသည်။

“ ဆိုင်ကယ်တားပြီး ဖုန်းစစ်တယ်။ တချို့သူတွေက ဖုန်းမပါတော့ ဒဏ်ငွေ (၂)သောင်းပေးရတယ်။ ဖုန်းပါရင်ဖုန်းသိမ်းသွားတယ်” ဟု တောင်ကြီးမြို့ ကံကြီးရထားသံလမ်းစစ်ဆေးဘက်တွင် စစ်ဆေးမှုကြုံတွေ့ခဲ့ရသည့် အမျိုးသမီး တဦးက ပြောသည်။

လက်ရှိတွင် စစ်တပ်မှ မြို့ပေါ်ရှိ လူငယ်များကို ဖမ်းဆီးခြင်းပြုလုပ်သည့်အတွက်ကြောင့် လူငယ်များ ထွက်ပြေးနေကြောင်း ဒေသခံများက ပြောဆိုကြသည်။

“လူငယ်တွေ ဖမ်းနေတယ်။ ဖက်ဒရယ် တပ်ထဲ သွားမှာကြောက်လို့ တောင်ကြီးက လူတွေက အကုန် ထွက်ပြေး နေကြတယ်။” ဟု တောင်ကြီးဒေသခံ တစ်ဦး ကပြောသည်။

ယခုနောက်ပိုင်း တောင်ကြီးမြို့ရှိ ဆန္ဒပြ လူငယ်များသည် အကြမ်းဖက် ဖြိုခွင်းမှု ဖမ်းဆီးမှုများ ရှိနေသဖြင့် ပြည်သူများက နည်းလမ်းမျိုးစုံဖြင့် လူမဲ့သပိတ် ကို နေ့တိုင်း ပြုလုပ်နေသည်ကို တွေ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...