Wednesday, January 28, 2026

စစ်ကောင်စီ မှ RCSS လွိုင်ကော်ဝမ်းစခန်းကို လက်နက်ကြီးပစ် စစ်ရှောင်နေသည့်နေရာကျ

မြန်မာ-ထိုင်းနယ်စပ် လွိုင်ကော်ဝမ်း RCSS/SSAတပ်စခန်းကို အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီမှ ယနေ့ (ဧပြီ ၁၈) ညနေ ၆နာရီဝန်းကျင် တွင် လက်နက်ကြီး ဖြင့် ပစ်ခတ်မှုကြောင့် စစ်ရှောင်များနေထိုင်သည့် ခြံမြေပေါ် လက်နက်ကြီးကျခဲ့ကြောင်း သတင်းရရှိသည်။

အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ ဟွေ့ခိုက်တပ်စခန်း မှ (၁၂၀ )မမ လက်နက်ကြီးဖြင့် RCSS/SSA လွိုင်ကော်ဝမ်း တပ်စခန်း အနီးကို ပစ်ခတ်သဖြင့် ဟွေ့ပန်ကွိုင်း ဒုက္ခသည် များနေထိုင်သည့် ကျေးရွာခြံမြေထဲကျခဲ့ကာ စစ်ရှောင်များ နေရာထပ်မံပြောင်းရွှေ့နေရကြောင်း သိရသည်။

“ တပ် က ညနေ ၅နာရီ ၄၀မိနစ် မှာ လက်နက်ကြီး (၁၂၀) မမ နဲ့ ၂လုံး ပစ်လာတယ်။ လွိုင်ကော်ဝမ်း နားမှာ ရှိတဲ့ ဟွေ့ပန်ကွိုင်ဒုက္ခသည် ရဲ့ ခြံမြေထဲကျတယ်။လူထိခိုက်မှုတော့မရှိဘူး။ အိမ်ခြေ (၁၀)အိမ်ကတော့ ထိုင်း-မြန်မာ နယ်စပ် အနီးက လွိုင်ကော်ဝမ်း ကို ပြောင်းနေလိုက်တယ်” ဟု RCSS/SSA လွိုင်ကော်ဝမ်း မှ အရာရှိသူ တဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

အဆိုပါ လက်နက်ကြီး ကြောင့် လူထိခိုက်မှုမရှိကြောင်း၊ RCSS/SSA ဘက်မှလည်း ပြန်လည် တုန့်ပြန်ခြင်းမရှိသေးကြောင်း အထက်ပါ အရာရှိက ပြောသည်။

RCSS/SSAတပ်စခန်းဖြစ်သည့် လွိုင်ကော်ဝမ်း အနီးတဝှိက်တွင် စစ်ဘေးရှောင် (၆၀၀၀) ကျော်ရှိကြောင်း သိရသည်။

မတ် ၃၀ ရက်တွင် အကြမ်းဖက် စစ်ကောင်စီမှ မြန်မာ-ထိုင်းနယ်စပ်တလျောက်ရှိ သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်စခန်း အားလုံးကို တိုက်ခိုက်မည်ဟု ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့နယ်ခြားကောက်မတီ ထံ အသိပေးထားကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီ အနေဖြင့် မြန်မာ-ထိုင်းနယ်စပ်တလျောက်ကို တိုက်ခိုက်လာမည်ဆိုပါက ထိုနယ်စပ်တလျောက်တွင်နေထိုင်သည့် စစ်ရှောင်များ ဘေးကင်းရန် ပြည်သူများအတွက် နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံအတွင်း ဝင်ရောက် ရှောင်တိမ်းနိုင်ရန် လုံခြုံရေး နှင့် လူသားချင်းစာနာထောက်ထားမှုပေးရေး အတွက် ခွင့်ပြုပေးရန် လည်း ထိုင်း အစိုးရကို တောင်းဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...