သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ နယ် မုံလာခြံကျေးရွာတွင် ယမန်နေ့(ဧပြီ ၈)ရက် ည ၁၁နာရီ ဝန်းကျင် ခန့် တွင် သေနတ်ပစ်ဖောက်သံကြားနေရကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ ည (၁၁)နာရီ အချိန်တွင် ကျောက်မဲမြိုု့နယ် မုံလာခြံကျေးရွာအတွင်းသို့ အမည်မသိ လက်နက်ကိုင်အဖွဲ့ဝင်မှဆိုင်ကယ်ဖြင့် ဝင်လာပြီး သေနတ်ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ လူထိခိုက်မှုမရှိခဲ့ကြောင်း မျက်မြင်တွေ့ရှိသည့် ဒေသခံ တဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“မနေ့ညမှာ သေနတ်သံ (၃) ချက်ကြားပြီး ကျနော် ထွက်ကြည့်တော့ ကျည်ခွံ (၄) ခုတွေ့ခဲ့တယ်။ မဖောက်ရသေးတဲ့ ကျည် (၂) ခု တွေ့ခဲ့တယ်” ဟု ဒေသခံ တစ်ဦး ကပြောသည်။
ကျောက်မဲပြည်သူများတွင် မကြာခဏ ပစ်ခတ်မှု ရှိသဖြင့် ဒေသခံပြည်သူများက မိမိလုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့် နေကြကြောင်း သိရသည်။
“ကျနော်တို့မှာ ဘာလုံခြုံရေးမှ မရှိတော့ဘူး။ ကျနော်တို့မြို့မှာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ကများတယ်။ စစ်တပ်က အာဏာသိမ်းလိုက်တော့ ကျနော်တို့အတွက် လုံခြုံမှုက ဘာမှ မရှိတော့ဘူး။”ဟု ဒေသခံ တစ်ဦး ကပြောသည်။
ဧပြီ (၇) ရက် ည ၈ နာရီ ဝန်းကျင်တွင် အကြမ်းဖက် စစ်ကောင်စီ အုပ်စုမှ သေနတ်ပစ်ဖောက်ပြီးအရပ်သား (၂) ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။
ဖေဖော်ဝါရီ လမှ စတင်ကာ နိုင်ငံတော်၏ အာဏာကို စစ်တပ်မှ လုယူခဲ့ပြီး၊ ထို့နောက် အာဏာသိမ်း စစ်ကောင်စီမှ ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့သည်။












Leave a Comments