Tuesday, January 27, 2026

သတင်းမှန်ကန်မှု မရရှိစေရန် အာဏာသိမ်း စစ်ကောင်စီ နည်းမျိုးစုံ ပြုလုပ်နေ

အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ မှ ပြည်သူများ သတင်းမှန်ကန်မှု မရရှိရန် အတွက် PSI Satellite Myanmar မှ ထုတ်လွှင့်သည့် Mizzima နှင့် DVB channel များကို ပိတ်ထားပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ဧပြီ (၈) ရက်တွင် PSI မှ ထုတ်လွှင့်သည့် Mizzima နှင့် DVB လိုင်းများကို ကြည့်ရှုလို့ မရတော့ကြောင်း အဆိုပါ လိုင်း ၂ လိုင်းအစား စစ်တပ်ပိုင် မြဝတီသတင်းထုတ်လွှင့်လာကြောင်း သတင်းရရှိသည်။

“အဲ့ဒီ ၂ လိုင်းအစား မြဝတီလိုင်းက သူ့သူ ဝင်လာတယ်။ တစ်ချို့တော့ ရေဒီယိုတွေ နားထောင်ကြတယ်။ သတင်းအားလုံး ပိတ်လိုက်တော့ ဘယ်လိုမှ လုပ်လို့မရတော့ဘူး။ အကုန်ပိတ်လိုက်တော့။”ဟု အမည်မဖော်လို သူ တစ်ဦးကပြောသည်။

တစ်ချို့မြို့နယ်များတွင် တပ်ထားသည့် စလောင်းများကို လိုက်ဖြုတ်သည်ကို တွေ့ရကြောင်း ဒေသခံများက ပြောဆိုကြသည်။

“အွန်လိုင်းရတဲ့ နေရာ ရောက်မှပဲ သိရတယ်။မဇ္ဈိမ နဲ့ DVB သတင်းလိုင်း ပိတ်လိုက်တယ်ဆိုတာ မနေ့ညက ဖွင့်မရဘူး ဘာဖြစ်လဲလို့ ခုမှ သိရတယ်။ လိုင်းလည်း မရ စစ်မှန်တဲ့ သတင်းလည်း ကြည့်မရ။ ပြည်သူတွေ နားကန်းသလို ဖြစ်သွားပြီ။” ဟု အမည်မဖော်လို သူ တစ်ဦး ကပြောသည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီမှ အင်တာနက်ပိတ်ခြင်း၊ ဖုန်းများ စစ်ဆေးခြင်း၊ စလောင်းများ ပိတ်ခြင်းသည် ပြည်သူများအတွက် မှန်ကန်သည့် သတင်းရရှိမှုကို ပိတ်ပင်ထားသည့်သဘောဖြစ်သည်။

လက်ရှိ ပြည်တွင်းတွင် ရရှိနေသည့် FTTH ဖိုက်ဘာလိုင်းများကိုလည်း ဧပြီ ၁၀ရက်တွင် ဖြတ်တောက်သွားမည်ဟုလည်း သတင်းရရှိထားသည်။

မြန်မာနိုင်ငံတွင်းရှိ လွတ်လပ်သည့် သတင်းဌာနကြီး (၅) ခုဖြစ်သည့် DVB သတင်းဌာန၊ Myanmar Now သတင်းဌာန၊မဇ္ဈိမသတင်းဌာန၊ 7 Days သတင်းဌာန နှင့် ခေတ်သစ်မီဒီယာ သတင်းဌာန တို့သည် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီမှ သတင်းပိတ်ပင်တားဆီးခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...