သတင်းမှန်ကန်မှု မရရှိစေရန် အာဏာသိမ်း စစ်ကောင်စီ နည်းမျိုးစုံ ပြုလုပ်နေ

အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ မှ ပြည်သူများ သတင်းမှန်ကန်မှု မရရှိရန် အတွက် PSI Satellite Myanmar မှ ထုတ်လွှင့်သည့် Mizzima နှင့် DVB channel များကို ပိတ်ထားပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ဧပြီ (၈) ရက်တွင် PSI မှ ထုတ်လွှင့်သည့် Mizzima နှင့် DVB လိုင်းများကို ကြည့်ရှုလို့ မရတော့ကြောင်း အဆိုပါ လိုင်း ၂ လိုင်းအစား စစ်တပ်ပိုင် မြဝတီသတင်းထုတ်လွှင့်လာကြောင်း သတင်းရရှိသည်။

“အဲ့ဒီ ၂ လိုင်းအစား မြဝတီလိုင်းက သူ့သူ ဝင်လာတယ်။ တစ်ချို့တော့ ရေဒီယိုတွေ နားထောင်ကြတယ်။ သတင်းအားလုံး ပိတ်လိုက်တော့ ဘယ်လိုမှ လုပ်လို့မရတော့ဘူး။ အကုန်ပိတ်လိုက်တော့။”ဟု အမည်မဖော်လို သူ တစ်ဦးကပြောသည်။

တစ်ချို့မြို့နယ်များတွင် တပ်ထားသည့် စလောင်းများကို လိုက်ဖြုတ်သည်ကို တွေ့ရကြောင်း ဒေသခံများက ပြောဆိုကြသည်။

“အွန်လိုင်းရတဲ့ နေရာ ရောက်မှပဲ သိရတယ်။မဇ္ဈိမ နဲ့ DVB သတင်းလိုင်း ပိတ်လိုက်တယ်ဆိုတာ မနေ့ညက ဖွင့်မရဘူး ဘာဖြစ်လဲလို့ ခုမှ သိရတယ်။ လိုင်းလည်း မရ စစ်မှန်တဲ့ သတင်းလည်း ကြည့်မရ။ ပြည်သူတွေ နားကန်းသလို ဖြစ်သွားပြီ။” ဟု အမည်မဖော်လို သူ တစ်ဦး ကပြောသည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီမှ အင်တာနက်ပိတ်ခြင်း၊ ဖုန်းများ စစ်ဆေးခြင်း၊ စလောင်းများ ပိတ်ခြင်းသည် ပြည်သူများအတွက် မှန်ကန်သည့် သတင်းရရှိမှုကို ပိတ်ပင်ထားသည့်သဘောဖြစ်သည်။

လက်ရှိ ပြည်တွင်းတွင် ရရှိနေသည့် FTTH ဖိုက်ဘာလိုင်းများကိုလည်း ဧပြီ ၁၀ရက်တွင် ဖြတ်တောက်သွားမည်ဟုလည်း သတင်းရရှိထားသည်။

မြန်မာနိုင်ငံတွင်းရှိ လွတ်လပ်သည့် သတင်းဌာနကြီး (၅) ခုဖြစ်သည့် DVB သတင်းဌာန၊ Myanmar Now သတင်းဌာန၊မဇ္ဈိမသတင်းဌာန၊ 7 Days သတင်းဌာန နှင့် ခေတ်သစ်မီဒီယာ သတင်းဌာန တို့သည် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီမှ သတင်းပိတ်ပင်တားဆီးခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...