Tuesday, January 27, 2026

SSPP မှ စစ်ကောင်စီ ရဟတ်ယာဉ်ပစ်ခတ်သည့် တပ်သားကို အရေးယူမည်ဟု ထုတ်ပြန်

အာဏာသိမ်းစစ်ကောင်စီ၏ ရဟတ်ယာဉ်ကို SSPP/SSA တပ်သားမှ မှားယွင်းပစ်ခတ်သည့်အတွက် အဆင့်မြင့်အရာရှိ တဦး ကျည်ထိမှန်သွားသဖြင့် ပစ်ခတ်ခဲ့သူကို တည်ဆဲဥပဒေအရ အရေးယူသွားမည်ဟု စုံစမ်းသိရသည်။

ဧပြီလ (၈)ရက်တွင် အာဏာသိမ်းစစ်ကောင်စီ၏ ရဟတ်ယာဉ်သည် SSPP/SSAဌာနချုပ်တည်ရှိရာ ဝမ်းဟိုင်းကို အကြိမ်ကြိမ်ပျံသန်းခဲ့သဖြင့် SSPP/SSA မှ ပစ်ခတ်ခဲ့ကြောင်း၊ ထိုပစ်ခတ်မှုကြောင့် အာဏာသိမ်း စစ်ကောင်စီ၏ အဆင့်မြင့် အရာရှိတဦး ကျည်ထိမှန်သွားကြောင်း သိရသည်။

အာဏာသိမ်း စစ်ကောင်စီသည် SSPP/SSA နှင့် တွေ့ဆုံဆွေးနွေးရန် လာသည့်အချိန် သတင်းပေးပို့ချက် အတိုင်း မလာသည့် အတွက် SSPP/SSA မှ ပစ်ခတ်ခဲ့ရကြောင်း သိရသည်။

ထိုပစ်ခတ်မှုသည် SSPP/SSA မှ မှားယွင်းပစ်ခတ်ကြောင်း၊ မှားယွင်းပစ်ခတ်မှုကြောင့်လည်း အဆိုပါ တပ်ဖွဲ့ဝင်အား တည်ဆဲဥပဒေများနှင့် အညီ ဆက်လက်အရေးယူသွားမည် ဖြစ်ကြောင်း SSPP/SSA မှ ဧပြီ ၉ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ထို့နောက် အကြမ်းဖက် စစ်ကောင်စီသည် လားရှိုးမြို့ဘက်သို့ လှည့်ပြန်သွားပြီး SSPP/SSA အဖွဲ့ မှ ဧပြီ (၈)ရက်တွင် လားရှိုးသို့သွားရောက်ကာ မှားယွင်းပစ်ခတ်သဖြင့် သွားရောက်တောင်ပန်းခဲ့ပြီး အမျိုးသား စည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့ နှင့် တွေ့ဆုံဆွေးနွေးပွဲအား ဆက်လက်ကျင်းပခဲ့ကြောင်းသိရသည်။


SSPP/SSA တပ်ဖွဲ့ နှင့် အာဏာသိမ်း စစ်ကောင်စီဘက် မှ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်ပြီး၊ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ( အငြိမ်းစား) ၊ ဒုတိယ ဗိုလ်ချုပ်မင်းနောင်၊ တြိဂံတိုင်း စစ်ဌာနချုပ် ကျိုင်းတုံ တိုင်းမှူး နှင့် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လားရှိုးတိုင်းမှူး တို့ ပါဝင်ကြောင်း သိရသည်။

အာဏာသိမ်း စစ်ကောင်စီ သည် ဧပြီ (၇ )ရက် တွင်လည်း UWSA တပ်ဖွဲ့မှ စစ်ဦးစီးဌာနကြီးမှူး ကျောက်ကော်အန်း ဦးဆောင်သည့် အဖွဲ့နှင့် တွေ့ခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...