Saturday, January 31, 2026

စစ်ကောင်စီ

သျှမ်းပြည်အတွင်း ဒေသအာဏာပိုင် အမိန့်အရ လောင်းကစားရုံများဖွင့်

သျှမ်းပြည်အတွင်းတွင် စစ်ကောင်စီ အာဏာသိမ်းယူပြီးနောက်ပိုင်း ဒေသအာဏာပိုင် အမိန့်အရ လောင်းကစားရုံများ တရားဝင်ဖွင့်လာနိုင်ကြောင်း စုံစမ်းသိရှိရသည်။ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် အမိန့်ရ လောင်းကစားဖွင့်လာနိုင်ပြီး လွတ်လွတ်လပ်လပ်ဖွင့်လာနိုင်ကြောင်း သိရသည်။ “ဖွင့်နေကြတာပဲ။ လွတ်လွတ်လပ်လပ် ဖွင့်နေနိုင်တယ်။ အမိန့်အရ ဖွင့်နိုင်တယ်လို့ ပြောတာပဲ။ တကယ်တော့ အမိန့်ကို စောင့်စရာတောင် မလိုဘူး။ ကျနော်အခု ဖွင့်ချင်ရင်...

ဆီဆိုင်မြို့နယ်ရောက် ကရင်နီပြည်မှ စစ်ရှောင်များ စားနပ်ရိက္ခာလိုအပ်နေ

သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်သို့ ရောက်ရှိခိုလှုံနေသည့် ကရင်နီပြည်မှ စစ်ဘေးရှောင်များ စားနပ်ရိက္ခာ လိုအပ်နေကြောင်း သတင်းရရှိသည်။ ဆီဆိုင်မြို့နယ်အတွင်းရှိ စစ်ရှောင်စခန်း၊ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ၊ ဆိုက်ခေါင်စံပြကျေးရွာ၊ ရေဖြူကျေးရွာ၊ နောင်မွန်၊ ဘန်းယဉ်နှင့် အခြားနေရာတို့တွင် ကရင်နီပြည်မှ စစ်ဘေးရှောင်များ ရောက်ရှိခိုလှုံနေကြတာဖြစ်ပြီး နေ့စဉ်စားသောက်ရန် ဟင်းသီးဟင်းရွက်များ လိုအပ်နေတာဖြစ်ကြောင်း စစ်ရှောင်ကူညီသူများက...

မိုးမိတ်မြို့ လူငယ် (၂)ဦး စစ်ကောင်စီ က သေနတ်ပစ် တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့ မှ စစ်ကောင်စီ တပ်သားများသည် ဆိုင်ကယ်မောင်းနှင်လာသည့် လူငယ်နှစ်ဦးကို သေနတ်ဖြင့် ပစ်လိုက်သည့်အတွက် လူငယ်တစ်ဦး ပွဲချင်းပြီးသေဆုံးသွားကာ ကျန်တစ်ဦးက ဒဏ်ရာရရှိသွားကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ ည ၉ နာရီဝန်းကျင်တွင် မိုးမိတ်မြို့ ဟော်နန်းရပ်ကွက်ရှိ စစ်ကောင်စီ ၏...

ပင်လောင်းရောက် ကရင်နီပြည် စစ်ရှောင် ၂၀၀၀ ကျော် နေရပ်ပြန်

သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်အတွင်းသို့ ကရင်နီပြည်မှ ထွက်ပြေးတိမ်းရှောင်လာသည့် ပြည်သူများထဲမှ စစ်ရှောင် ၂၀၀၀ ကျော် နေရပ်ပြန်သွားပြီဖြစ်ကြောင်း သတင်းသိရသည်။ ယခုလ ဖေဖော်ဝါရီ ပထမပတ်ကစပြီး ကရင်နီပြည်အတွင်း တိုက်ပွဲငြိမ်သက်နေသည့် နေရာတွင် နေထိုင်သူ တချို့ နေရပ်ပြန်သွားခဲ့ကြောင်း သိရသည်။ “တိုက်ပွဲ ငြိမ်တဲ့ နေရာမှာ နေတဲ့သူတွေ ပြန်သွားကြတယ်။...

သျှမ်းပြည် EAO များ စစ်ကောင်စီ ပြုလုပ်သည့် ပြည်ထောင်စုနေ့ မတက်ရန် သျှမ်းလူထု နှိုးဆော်

စစ်ကောင်စီက ပြုလုပ်မည့် (၇၅) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ပြည်တွင်း ပြည်ပ သျှမ်းလူမှုအဖွဲ့အစည်းများ‌ သျှမ်းပြည်တွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်များ နိုင်ငံရေးပါတီများ မသွားတက်ရောက်ရန် နှိုးဆော်ထားကြောင်း စုံစမ်းသိရှိရသည်။ ဖေဖော်ဝါရီ (၁၂) ရက်တွင် ကျရောက်မည့် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားကို စစ်ကောင်စီက နေပြည်တော်သို့ ပြုလုပ်သွားမည်ဖြစ်ကြောင်း...

ကျောက်မဲစစ်ရှောင်တစ်ဦး စစ်ကောင်စီ ဖမ်းဆီး ရိုက်နှက် သေဆုံး

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းသို့ စစ်ရှောင်လာသည့် ပြည်သူတစ်ဦးကို စစ်ကောင်စီမှ ဖမ်းဆီး နှိပ်စက်ခဲ့ကာ သေဆုံးသွားကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂ ရက်နေ့ ညပိုင်းတွင် ကျောက်မဲမြို့ ရပ်ကွက် ၉ တိလင်ရပ်တွင် နေထိုင်သည့် စစ်ဘေးရှောင်တစ်ဉီးကို စစ်ကောင်စီ မှ ဖမ်းဆီးသွားပြီးနောက် ရိုက်နှက်ခံထားရသည့်...

မိုင်းယော် အတွင်း တိုက်ပွဲပြင်းထန်လာမည်ကို စိုးရိမ်၊ ဗုံးခိုကျင်းတူးထား

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်အတွင်း စစ်ကောင်စီ နှင့် မြောက်ပိုင်းမဟာမိတ် တို့ တိုက်ပွဲပြင်းထန်မှုကြောင့် ဒေသခံများ တချို့ နေအိမ်များတွင် ဗုံးခိုကျင်းတူးထားရန် ပြင်ဆင်နေကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့က စစ်ကောင်စီ နှင့် မြောက်ပိုင်းမဟာမိတ်တို့ တိုက်ပွဲ ပြင်းထန်မှုကြောင့် စစ်ကောင်စီဘက်က လေကြောင်းလိုင်း နှင့် လာရောက်တိုက်ခိုက်သည်များရှိခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ...

အောင်ပန်းမြို့ စစ်ကောင်စီ မှ ဧည့်စာရင်းစစ်ပြီး ဒေသခံ ၄ ဦးကို ဖမ်းဆီးခေါ်ဆောင်သွား

သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ ရပ်ကွက်(၄)တွင်နေထိုင်သည့် ပြည်သူများကို စစ်ကောင်စီ အုစ်စုမှ ဧည့်စာရင်း လိုက်လံစစ်ပြီး ဒေသခံ (၄) ဦးကို ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။ လွန်ခဲ့သည့် ဖေဖော်ဝါရီ (၄) ရက် ညပိုင်းတွင် စစ်ကောင်စီ အုပ်စုမှ အောင်ပန်းမြို့ရှိ ကိုကျော်စိုး လက်ဖက်ရည်ဆိုင် အတွင်းသို့ ဧည့်စာရင်း...

ကျိုင်းတောင်းမြို့ သင်္ကန်းခြုံ ဘုန်းကြီးဟန်ဆောင်ပြီး ပြည်သူများကိုလိုက်ခြိမ်းခြောက်နေ

သျှမ်းပြည်တောင်ပိုင်း ကျိုင်းတောင်းမြို့တွင် သင်္ကန်းခြုံ ဘုန်းကြီးဟန်ဆောင်ပြီး ပြည်သူများကို လိုက်သတ်မည်ဟု လိုက်လံခြိမ်းခြောက်နေသည် ဟု သတင်းရရှိသည်။ အဆိုပါ သင်္ကန်းခြုံ ဘုန်းကြီးဟန်ဆောင်ထားသူထံတွင် ဓား၊ ဂွ၊ ကျောက်ခဲများ တွေ့ရှိရကြောင်း၊ ဒေသခံပြည်သူများ၏ နေအိမ်ကို ညအချိန်တွင် ကျောက်ခဲနဲ့လိုက်လံပစ်ခတ်နေလျက်ရှိကြောင်း ကျိုင်းတောင်းမြို့နေထိုင်သူများထံ သိရသည်။ “ ဘုန်းကြီးက ဘုန်းကြီးအတုဖြစ်တယ်။ အရင်ညတွေက...

မိုင်းယော်တိုက်နယ် မြောက်ပိုင်းမဟာမိတ်နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်၊ စကစ ဘက် လေကြောင်းဖြင့်တိုက်ခိုက်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်အတွင်း မြောက်ပိုင်း မဟာမိတ် နှင့် စစ်ကောင်စီ တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က လေယာဉ် (၂) စီးဖြင့် လာရောက် တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ (ဖေဖော်ဝါရီ ၇) ရက် မနက် (၁၀) နာရီခွဲချိန်မှ စတင်ပြီး စစ်ကောင်စီဘက်က...

Latest news