မိုးဗြဲမြို့ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ် အမျိုးသမီးတစ်ဦးထိမှန် ခြေထောက်ဖြတ်ရ

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့တွင် စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ အမျိုးသမီးတစ်ဦး ထိမှန်ခဲ့ပြီး ခြေထောက်ဖြတ်လိုက်ရကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ ဖေဖော်ဝါရီ ၁၇ ရက်တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက တင့်ကားဖြင့် ပစ်ခတ်ခဲ့ရာမှ အမျိုးသမီးတစ်ဦး ခြေထောက်ထိမှန်ခဲ့ကြောင်း သိရသည်။

“တိုက်ပွဲက အခုလည်း ဖြစ်နေတယ်။ စစ်ကောင်စီဘက်က တင့်ကားနဲ့ မြို့ထဲသွားလာပြီးတော့ ပစ်နေတာ။ အဲ အမျိုးသမီးတစ်ဦးက စစ်ရှောင်နေတုန်း စစ်ကောင်စီက ပစ်ခတ်လိုက်တာ။ ခြေထောက်ထိသွားတယ်။ ခြေထောက် ဖြတ်လိုက်ရတယ်။ အခုတော့ ဆေးရုံကို ပို့ထားပေးလိုက်ပြီ” ဟု Mobye Rescue Team မှ အဖွဲ့ဝင် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုးဗြဲမြို့တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲ ပိုမိုပြင်းထန်လာနိုင်ကြောင်း၊ လက်ရှိမှာ စစ်ကောင်စီဘက်မှ လူအင်အားနှင့် လက်နက်အင်အားများ ဖြည့်တင်းနေပြီး မိုးဗြဲ PDF တပ်ဖွဲ့ဝင်များတွင်လည်း မဟာမိတ်များပေါင်းပြီး တိုက်ပွဲဖြစ်ပွားနေတာဖြစ်ကြောင်း သိရသည်။

“တိုက်ပွဲကတော့ ဆက်ပြင်းထန်လာနိုင်တယ်။ စစ်ကောင်စီဘက်လည်း လူအင်အားတွေ၊ လက်နက်အင်အားတွေ ပိုဖြည့်လာတယ်။ ကျနော်တို့ဘက်ကလည်း မဟာမိတ်တွေနဲ့ စစ်အင်အားတွေ ပူးပေါင်းနေတယ်။ စစ်ကောင်စီကလည်း လက်နက်ကြီးတွေသုံးနေတယ်” ဟု မိုးဗြဲမြို့အတွင်း တိုက်ပွဲဖြစ်ပွားနေသည့် PDF တပ်ဖွဲ့ဝင် အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ တိုက်ပွဲကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရပြီး တချို့ဒေသခံများသည် မြို့တွင်း တိုက်ပွဲကြား ကျန်ရှိနေသူများလည်း ရှိကြောင်း သိရသည်။

“အခုတလော မိုးဗြဲမြို့တွင်းထဲမှာကော၊ မြို့ပြင်မှာကော တိုက်ပွဲပြင်းထန်နေတယ်။ နေအိမ်တွေ ပျက်စီးတာတွေ လည်းရှိတယ်။ ပြည်သူတွေ တချို့တော့ ထွက်ပြေးကြပြီ။ တချို့က မထွက်ပြေးနိုင်သေးဘူး။ မြို့ထဲက တိုက်ပွဲကြား ကျန်နေသေးတဲ့သူတွေလည်းရှိတယ်” ဟု အထက်ပါ PDF တပ်ဖွဲ့ဝင် အမျိုးသားက ပြောသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၁၆ မိုးဗြဲမြို့ စည်ကား (၁)ရပ်ကွက်တွင် စစ်ကောင်စီက မြို့တွင်းထဲထိ လက်နက်ကြီး ပတ်ခတ်ခဲ့တာကြောင့် နေအိမ်များ မီးလောင်ဆုံးရှုံးမှုများလည်း ရှိခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...