စစ်အာဏာသိမ်းခေါင်းဆောင် ကျိုင်းတုံဟော်နန်းပုံတူ ကျပ်သိန်း လေးသောင်းကျော် ကုန်ကျခံ ပြန်တည်ဆောက်မည်

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ ဟော်နန်းပုံတူကို ပြန်လည်တည်ဆောက်ရန် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က သိန်းပေါင်း လေးသောင်းကျော် ကုန်ကျခံမည် ဟု သတင်းရရှိသည်။

စစ်အာဏာသိမ်းခေါင်းဆောင် ကျိုင်းတုံဟော်နန်းပုံတူ ကျပ်သိန်း လေးသောင်းကျော် ကုန်ကျခံ ပြန်တည်ဆောက်မည်

ယနေ့ ဖေဖော်ဝါရီ (၁၇)ရက် မနက်ပိုင်းတွင် ကျိုင်းတုံဟော်နန်းတည်ဆောက်ရန်အတွက် သံဃာတော်များ၊ ဒေသခံလူထုများ အပါအဝင် စစ်‌အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် တို့က ပန္နက်ရိုက်ခဲ့ကြောင်း ကျိုင်းတုံဒေသခံ တစ်ဦးက ပြောသည်။

“ကျိုင်းတုံ စကိတ်ကွင်းကို ဖျက်ပြီး ကျိုင်းတုံဟော်နန်း ပြန်လည်ပြုလုပ်မယ်။ ဟော်နန်းဟောင်းရဲ့ မြေတွေပဲဖြစ်တယ်။ တပ်တွေသိမ်းထားပြီး စကိတ်ကွင်းမှာ ဒီနေ့ မနက်က မင်းအောင်လှိုင် ကိုယ်တိုင် လာပြီး ပန္နက်ရိုက်ပြီးသွားပြီ။ မြေနေရာက ၁ ဧကကျော်လောက် ရှိမယ်” ဟု သျှမ်းပြည် ရှေးဟောင်းအမွေအနှစ်များ ပြန်လည်ဖော်ထုတ်ရေးအသင်း မှ လုံးစိုင်းဆမ်တစ်ဆေ က သျှမ်းသံတော်ဆင့် ကို ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၅)ရက်နေ့က စစ်အာဏာသိမ်းခေါင်းဆောင်သည် ကျိုင်းတုံမြို့လယ်ရှိ မဟာမြတ်မုနိဘုရားမှာ ထီးတင်ပွဲပြုလုပ်ပြီးနောက် ဟော်နန်းပြန်လည်တည်ဆောက်ရန်ကိစ္စများလည်း ဆွေးနွေးဖြစ်ခဲ့ကြောင်း သိရသည်။

“သူ ကျိုင်းတုံမှာ ထီးလာတင်ပြီး ကျိုင်းတုံဒေသခံတွေ မကန့်ကွက်ရင် ဟော်နန်းလုပ်ပေးမယ်ဆိုပြီး ပြောလာတယ်။ ကန့်ကွက်မယ့်သူရှိလားပေါ့။ ဘယ်သူမှ မကန့်ကွက်ဘူးလို့ ဘယ်မှာပဲ လုပ်လုပ်ရတယ် ဘယ်သူဘာမှ မပြောဘူး။ အဲ့တော့ သူလုပ်ပေးမယ်တဲ့။ သူပြောတာ လုပ်ပေးမယ်လို့ပြောလိုက်တော့ အမြန်စီစဉ်လိုက်ပြီး ဒီနေ့ပဲ ပန္နက်ရိုက်လိုက်တာ” ဟု လုံးစိုင်းဆမ်တစ်ဆေ က ထပ်လောင်းပြောသည်။

ယခု ပြန်လည်ပြုလုပ်မည့် ကျိုင်းတုံပုံစံတူ ဟော်နန်းကို သိန်းပေါင်း (၄)သောင်းကျော် ကုန်ကျခံမည်ဖြစ်ပြီး စစ်တပ်ဘက်က အင်ဂျင်နီယာကို ခေါ်ယူကာ ပြုလုပ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

“ပြည်သူအများစု ပြောတာတော့ သူများပေးတုန်း ယူထားလိုက်ပေါ့နော်။ ခု ချက်ချင်းလုပ်ပေးတော့မယ်။ သိန်းပေါင်း ၄ သောင်းကျော် ကုန်မယ်။ ကျိုင်းတုံဟော်နန်းပုံစံတူ ဖြစ်အောင်လုပ်မယ်။ ချက်ချင်းစတော့မယ်။ သူတို့ တပ်ဘက်က အင်ဂျင်နီယာကို ခေါ်ပြီးလုပ်တော့မယ်” ဟု သျှမ်းပြည် ရှေးဟောင်းအမွေအနှစ်များ ပြန်လည်ဖော်ထုတ်ရေးအသင်း မှ လုံးစိုင်းဆမ်တစ်ဆေ က ပြောသည်။

စစ်အာဏာသိမ်းခေါင်းဆောင် ကျိုင်းတုံဟော်နန်းပုံတူ ကျပ်သိန်း လေးသောင်းကျော် ကုန်ကျခံ ပြန်တည်ဆောက်မည်

၁၉၀၆ ခုနှစ် ကျိုင်းတုံစော်ဘွားကြီး စဝ်ကွန်ကျောက် အင်းထလိုင် မှ တည်ဆောက်ထားသည့် သျှမ်းသမိုင်းဝင် ကျိုင်းတုံမြို့ အထင်ကရ စော်ဘွားကြီးများ၏ အမွေအနှစ်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက် အာဏာသိမ်း နဝတ စစ်အစိုးရက ၁၉၉၁ ခုနှစ် နိုဝင်ဘာ ၉ ရက် မနက် ၇ နာရီ ၄၁ မိနစ်က မိုင်းခွဲဖြိုချဖျက်ဆီးခဲ့သည်။

ထို ဟော်နန်းနေရာအား ကျိုင်းတုံဟိုတယ်အဖြစ် အစားထိုးတည်ဆောက်ကာ ပုဂ္ဂလိက ကုမ္ပဏီနှစ်ခုအား ငွေကျပ် သန်း ၂၀၀ (ကျပ်သိန်း ၂၀၀၀)ဖြင့် နှစ် ၇၀ ငှားရမ်းပေးထားကြောင်း သိရသည်။

စစ်အာဏာသိမ်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ခေတ်ကာလတွင် ဖျက်ဆီးခံရသည့် ကျိုင်းတုံဟော်နန်းကို လက်ရှိ စစ်အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင် ငွေကြေးကုန်ကျ ပြန်ပြုပြင်မည် ဆိုသော်လည်း တချို့ လူငယ်များက သဘောမတွေ့ကြပေ။

“လူငယ်တွေ အနေနဲ့ကတော့ အရင်ဟော်နန်းဟောင်းမှာပဲ လုပ်စေချင်တယ်။ သူ အာဏာသိမ်းပြီးကတည်းက သူပြောထားတယ်လေ ဟော်နန်း ပြန်လုပ်ပေးမယ်ဆိုတာ။ ကန့်ကွက်ပေမယ့် ဘာမှ မလုပ်နိုင်ဘူး” ဟု ကျိုင်းတုံလူငယ် ဒေသခံ တစ်ဦးက ပြောသည်။

ထိုဟော်နန်း ပြန်လည် တည်ဆောက်ဖို့အတွက် ကျိုင်းတုံစော်ဘွားမျိုးနွယ် တစ်ဦးဖြစ်သည့် စဝ်ဆိုင်မိန်း ၏ သမီးတော် ဒေါက်တာ ရင်ရင်နွယ်လည်း ပါဝင်ကြောင်း သိရသည်။

NLD အစိုးရလက်ထပ်တွင် ကျိုင်းတုံဟော်နန်းမြေနေရာ ပြန်လည်ရရှိရေးနှင့် ရှေးမူမပျက် ပြန်လည်တည်ဆောက်ရေး အတွက် ကျိုင်းတုံဒေသခံများ စုပေါင်းဖွဲ့စည်းထားသည့် ကော်မတီမှ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော် သမ္မတ၊ သျှမ်းပြည်နယ် ဝန်ကြီးချုပ်၊ ယဉ်ကျေးမှု ဝန်ကြီးဌာန နှင့် ဟိုတယ်နှင့် ခရီးသွား ဝန်ကြီးဌာနထံသို့ ၂၀၁၉ ဩဂုတ်လဆန်းပိုင်းက စာတင်တောင်းဆိုခဲ့ကြောင်း သိရသည်။

ကျိုင်းတုံ ဟော်နန်းမြေ ပြန်ရရှိရန်နှင့် ဟော်နန်း ပုံတူ ပြန်လည်တည်ဆောက်ရန်အတွက် သျှမ်းပြည် ရှေးဟောင်းအမွေအနှစ်များ ပြန်လည်ဖော်ထုတ်ရေးကော်မတီ (ယာယီ)ကို ၂၀၁၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...