စစ်ကောင်စီ
စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ကျိုင်းတုံမြို့သို့ ရောက်ရှိ လုံခြုံရေးတင်းကြပ်ထား
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ ယနေ့ (ဖေဖော်ဝါရီ ၁၅)ရက်တွင် အာဏာသိမ်းစစ်ခေါင်းဆောင် ကာချုပ် မင်းအောင်လှိုင်က ရောက်ရှိလာပြီး လုံခြုံရေးကို တင်းကြပ်ထားကြောင်း စုံစမ်းသိရှိရသည်။ ကာချုပ် မင်းအောင်လှိုင်သည် ယနေ့ မနက် (၇)နာရီဝန်းကျင်က ကျိုင်းတုံမြို့ မဟာမြတ်မုနိဘုရားကြီး နှစ် (၁၀၀)ပြည့် အထိမ်းအမှတ် ပူဇော်ပွဲနှင့် ထီးတော်တင်ပွဲကို ရောက်ရှိလာပြီး...
ရွာငံမြို့ စစ်ကောင်စီ မှ လူငယ်တစ်ဦး အကြောင်းမဲ့ပစ်သတ်ပြီး လူငယ်သုံးဦး ဖမ်းဆီးခံရ
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်အတွင်း နေထိုင်သည့် လူငယ်တစ်ဦးကို စစ်ကောင်စီမှ အကြောင်းမဲ့ ပစ်သတ်ပြီးနောက် လူငယ် (၃)ဦးကို ဖမ်းဆီးသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၁၄)ရက်တွင် ရွာငံမြို့ နွားဘန်းကြီးကျေးရွာ၌ ခြံမှ အိမ်သို့ ပြန်လာသည့် အသက် ၂၀ ဝန်းကျင်အရွယ် မောင်ဇင်မင်းခိုင်ကို စစ်ကောင်စီတပ်သားတို့မှ သေနတ်ဖြင့်...
စစ်ကောင်စီ ကျူးလွန်သည့် အကြမ်းဖက် အနီးကပ်စောင်ကြည့်အရေးယူရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း တိုက်တွန်း
SHAN -
စစ်ကောင်စီက ကျုးလွန်ထားသည့် အကြမ်းဖက်မှုများကို အနီးကပ် စောင့်ကြည့်အရေးယူပေးရန်အတွက် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အကြမ်းဖက်မှု တိုက်ဖျက်ရေးကော်မတီ အစည်းအဝေးတွင် တိုက်တွန်းပြောဆိုခဲ့ကြောင်းသတင်းရရှိသည်။ ဖေဖော်ဝါရီ (၁၄) ရက်က ပြုလုပ်သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အကြမ်းဖက်မှု တိုက်ဖျက်ရေး ကော်မတီ အစည်းအဝေးမှာ ဦးကျော်မိုးထွန်း...
ကျိုင်းတုံရောက် အာဏာသိမ်းစစ်ခေါင်းဆောင်ကို ကျိန်စာတိုက်
သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့သို့ ရောက်ရှိနေသည့် အာဏာသိမ်းစစ်ခေါင်းဆောင် ကာချုပ် မင်းအောင်လှိုင်ကို တာချီလိတ်ပြည်သူများက ယနေ့ (ဖေဖော်ဝါရီ ၁၅)ရက် တွင် သုဿန်တစ်ခု ၌ ကျိန်စာတိုက်သည့် သပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။ သုဿန်တစ်ခု၏ မီးသင်္ဂြိုဟ်သည့် အုတ်ခုံတွင် အာဏာသိမ်းစစ်ခေါင်းဆောင် ၏ ပုံများကို ဖယောင်းတိုင်၊...
ရုန်းထခက်ခဲနေတဲ့ သျှမ်းရိုးရာလက်မှုသည်
SHAN -
ပြီးခဲ့တဲ့ နှစ်နှစ်ဝန်းကျင် ကမ္ဘာတဝှမ်းနည်းတူ မြန်မာနိုင်ငံလည်း ကိုဗစ်-၁၉ ကူးစက်ရောဂါဒဏ်ကို အလူးအလိမ့်ခံနေရပြီး အနယ်နယ် အရပ်ရပ်က ပြည်သူတွေရဲ့ စီးပွားရေး ရုတ်တရက် ထိုးချခံခဲ့ရပြီး၊ ထိခိုက်ဆုံးရှုံးမှုတွေ များစွာ စတင်ရင်ဆိုင်ခဲ့ရပါတယ်။ အဲ့ဒီထဲမှာ ဘိုးဘွားတွေလက်ထက်ကတည်းက လုပ်ကိုင်လာတဲ့ ရိုးရာလက်မှုလုပ်ငန်းလုပ်ကိုင်သူတွေရဲ့ လူမှုစီးပွားဘဝတွေဟာလည်း ထိခိုက်ယိမ်းယိုင်ခဲ့ရပါတယ်။ ကိုဗစ်ရောဂါကြောင့် အခက်ခဲမျိုးစုံ ကြုံတွေ့နေရတဲ့အပြင် စစ်ကောင်စီက...
တိုင်းရင်သား ပြည်သူအားလုံးလိုအပ်သည့်ဖက်ဒရယ် ဖော်ဆောင်ရန် TAI PDF ဖွဲ့စည်း
SHAN -
တိုင်းရင်းသား၊ ပြည်သူအားလုံး လိုအပ်သော ဖက်ဒရယ်ဒီမိုကရေစီ လမ်းစဉ်ရောက်အောင်ဖော်ဆောင်သွားမည် ဟု ရှမ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TAI PDF)ဖွဲ့စည်းတည်ထောင်ပြီးစီးကြောင်း ကြေညာချက်ထုတ်လာသည်။ အဆိုပါ TAI PDF သည် သျှမ်းလူမျိုး သီးသန့်မဟုတ်ဘဲ သျှမ်းပြည် ရှိ လူမျိုးဘာသာမရွေး စစ်အာဏာရှင် စနစ်ကိုတော်လှန်နေသူမှန်သမျှ ကြိုဆိုကြောင်း လည်း TAI PDF...
PNLO/PNLA မှ ကရင်နီစစ်ဘေးရှောင်များကို ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးနေ
SHAN -
သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးကျေးရွာအတွင်း ရောက်ရှိလာသည့် ကရင်နီပြည်ဘက်မှ စစ်ဘေးရှောင်များကို PNLO/PNLA က ကျန်းမာရေးစောင့်ရှောက်မှုပေးနေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ပြီး ကရင်နီပြည်ဘက်မှ ကဒူးကြီးကျေးရွာဘက်သို့ စစ်ရှောင်ရောက်ရှိ လာသည့် စစ်ဘေးရှောင်များကို PNLO မှ ကျန်းမာရေးဝန်ထမ်းများ ကွင်းဆင်းပြီး ကျန်းမာရေးစောင့်ရှောက်မှုများ...
ပင်းတယမြို့မှ ဒလန်ဟု နာမည်ထွက်နေသော ဆိုင်းဆရာ သေနတ်ဖြင့် ပစ်သတ်ခံရ
SHAN -
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်တွင် စစ်တပ် သတင်းပေးသူဟု နာမည်ကြီးနေသော ဆိုင်းဆရာ တစ်ဦး ဆိုင်းတီးနေစဉ် သေနတ်လေးချက် အပစ်ခံရပြီး ဆေးရုံတွင် သေဆုံးသွားကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၁၀)ရက်နေ့ နံနက် ၆ နာရီဝန်းကျင်အချိန်တွင် ပင်းတယမြို့နယ် အုံအက်ကျေးရွာမှ သာစည်မြို့နယ် သဲဖွတ်ရွာ ရှင်ပြုပွဲသို့ ဆိုင်းတီးရန်...
အာဏာသိမ်းပြီးနောက်ပိုင်း လျှပ်စစ်မီးပျက် ပြည်သူများ ဒုက္ခရောက်နေ
စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းပြီးနောက်ပိုင်းတွင် သျှမ်းပြည် အပါအဝင် နိုင်ငံတဝှမ်းလုံး၌ လျှပ်စစ်မီး ပုံမှန်ပျက်နေသည့်အတွက် ပြည်သူများက ဒုက္ခများကြုံနေကြရကြောင်း သတင်းသိရသည်။ သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နှောင်းပိုင်းမှစတင်ကာ လက်ရှိအထိ သုံးလတာ ကာလအတွင်းတွင် လျှပ်စစ်မီးသည် တစ်နေ့လျှင် အနည်းဆုံး ၃ ကြိမ်မှ...
တာချီလိတ်မှာ သူခိုး၊ ဓားပြ၊ လုယက်မှုတွေ များလာပြီး ဒေသခံ လုံခြုံမှုအတွက် စိုးရိမ်နေရ
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် မကြာခဏ ပစ္စည်းခိုးယူမှု၊ လုယက်ခံရမှု နှင့် ဓားပြတိုက်မှုများ ပိုမိုဖြစ်ပွားလာတဲ့အတွက် ဒေသခံများ၏ လုံခြုံရေး စိုးရိမ်နေရပြီဖြစ်ကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဒီမှာက နယ်စပ်မြို့ဖြစ်ပြီး လူပေါင်းစုံရှိတယ်လေ။ ဆိုင်ကယ်တွေ ခိုးခံရတယ်။ ဓားပြတိုက်တာ၊ ပစ္စည်းလုတာတွေရော ခဏခဏကို ကြားနေရတာ ဆိုတော့ ကျမတို့အတွက်က...





