စစ်ကောင်စီဖွင့် စာသင်ကျောင်းများ ကိုဗစ်ကူးစက်ခံရမှု တဟုန်ထိုး မြင့်တက်လာ

သျှမ်းပြည်တွင်း မြို့နယ်အများစုရှိ စစ်ကောင်စီဖွင့်လှစ်ထားသည့် စာသင်ကျောင်းများကို ကိုဗစ်ကူးစက်ခံရမှု တဟုန်ထိုး မြင့်တက်လာကြောင်း သတင်းသိရသည်။

ယနေ့ (ဖေဖော်ဝါရီ ၁၈)ရက် ကျောက်မဲမြို့ အမှတ် (၄) အခြေခံအထက်တန်းကျောင်းတွင် ကိုဗစ်ကူးစက်မှု ၁၃ ဦး တွေ့ရှိခဲ့ပြီး ယခုရက်ပိုင်း ကိုဗစ်ပိုးတွေ့ရှိသူများထဲတွင် ကာကွယ်ဆေး ထိုးထားသူများ၊ ကျောင်းသား/သူနှင့် ကျောင်းဆရာမများလည်း ပါဝင်ကြောင်း ဒေသခံများထံမှ သိရသည်။

“ကျောင်းတွေမှာ ကိုဗစ်တွေ့တာ ဟုတ်တယ်။ အထက ၄ နဲ့ အထက ၁ ကျောင်းတွေမှာ တွေ့တာ။ ကျမတို့မြို့မှာက ဒီရက်ပိုင်း ပိုးကူးတဲ့သူ အရမ်းကို များလာတယ်။ ကျောင်းသား/သူ တွေရော ၊ တခြားသူတွေလည်း ကူးစက်ခံနေရတယ်” ဟု ကျောက်မဲဒေသခံ လူငယ် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျောက်မဲမြို့အပြင် သီပေါမြို့နယ်တွင်းရှိ ကျောင်းတက်နေသည့် ကျောင်းသား/သူနှင့် ဆရာမများလည်း ကိုဗစ် ကူးစက်မှုရှိနေကြောင်း သိရသည်။

ယမန်နေ့က သီပေါမြို့တွင် ကိုဗစ်ကူးစက်ခံရသူ (၁၃)ဦးတွေ့ရှိခဲ့ရပြီး အမှတ် (၂) အခြေခံပညာကျောင်းမှ ဆရာမ ၂ ဦးနှင့် ကျောင်းသား/သူ ၈ ဦး ပါဝင်ခဲ့ကြောင်း၊ ထို့အပြင် ယနေ့ (ဖေဖော်ဝါရီ ၁၈)ရက်နေ့တွင်လည်း အဆိုပါကျောင်းမှ (၇)တန်း ကျောင်းသား/သူ ၇ ဦးထံ ကိုဗစ်ပိုး ထပ်မံတွေ့ရှိခဲ့ရကြောင်း သီပေါ ဒေသခံတစ်ဦးက ပြောသည်။
“အဓိကတော့ ကိုယ့်ကိုယ်ကိုယ် ပေါ့ပေါ့ဆဆ နေကြလို့ပါပဲ။ Mask မတပ်တဲ့သူတွေလည်း အရမ်းများလာတယ်။ ပြီးခဲ့တဲ့ ၂ ရက်ကပဲ အဆောင်တစ်ခုမှာ (၆)ယောက် ကိုဗစ် ပြန်တွေ့ခဲ့တာ။ မနေ့ကတော့ ထ ၂ ကျောင်းက ကျောင်းသားတွေရော၊ ဆရာမတွေရော ကိုဗစ် ထပ်တွေ့တယ်။ ၃ ရက်အတွင်းကို အယောက် ၂၀ ကျော် ကိုဗစ်တွေ့နေတာဆိုတော့ ခုချိန် ပြောချင်တာက အားလုံး စည်းကမ်းလိုက်နာကြဖို့ပဲ ပြောချင်တယ်“ ဟု သီပေါမြို့မှ လူငယ် အမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် သျှမ်းပြည်တွင်း မြို့ကြီးများဖြစ်သည့် တောင်ကြီး၊ လားရှိုး၊ ကျိုင်းတုံနှင့် အခြားမြို့နယ်များတွင်လည်း ကိုဗစ် ကူးစက်မှု ပြန်လည် မြင့်တက်လာနေကြောင်း သိရသည်။

လက်ရှိ ကိုဗစ်ကူးစက်ခံရသူများသည် ယခင် ကိုဗစ်တတိယလှိုင်းအတွင်း ဖြစ်ပွားခဲ့သည့် ကိုဗစ်လက္ခဏာနှင့် ပုံစံကွဲပြားလာသည့်အတွက် အိုမီခရွန်ရောဂါ ကူးစက်ခံရတာ ဖြစ်နိုင်သည်ဟု အဆိုပါ သီပေါ လူငယ်တစ်ဦးက ဆိုသည်။

ကိုဗစ် မျိုးကွဲသစ် ဖြစ်သည့် အိုမီခရွန်သည် ရောဂါလက္ခာသည် ကူးစက်မြန်ရောဂါဖြစ်ပြီး၊ ကိုဗစ် ကာကွယ်ဆေး ကို အပြည့်အဝထိုးထားပါက ရောဂါလက္ခဏာသိပ်မပြင်းကာ သေဆုံးမှုလျော့ကျနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)မှ ထုတ်ပြန် သတိပေးထား သည်။
သို့သော် ကိုဗစ် ကာကွယ်ဆေးထိုးထားပြီးသူများလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)မှ ထုတ်ပြန် သတိပေးထားသည့် စည်းမျဉ်းစည်းကမ်း အရ Mask ( နှာခေါင်းစည်း) အမြဲတပ်ရန်၊ လူစုလူဝေး ရှောင်ရန် နှင့် လက်ကို မကြာခဏဆေးကြောရန် လိုအပ်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...