Friday, May 17, 2024

ဖယ်ခုံမြို့ စစ်ကောင်စီတပ်စွဲထားသည့်နေရာတွင် PDF က ဝင်တိုက် လက်နက်သိမ်းဆည်ရ

Must read

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့ ယနေ့ (ဖေဖော်ဝါရီ ၂၂) မနက် ၆ နာရီဝန်းကျင်တွင် စစ်ကောင်စီ တပ်စွဲထားသည့် ဖယ်ခုံမြို့ လွယ်ပါသာဘုရားတောင် နှင့် ကုန်ဆုံဘုရားတောင်တို့ကို ပြည်သူကာကွယ်ရေး PDF မဟာမိတ်တို့ကပူးပေါင်ပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲတွင် (၁) နာရီနီးပါး ဖြစ်ပွားဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၅) ဦးထက်မနည်းသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

အလားတူ ဖယ်ခုံ PDF ဘက်တွင်လည်း ရဲဘော် (၃) ဦးက ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးမှာ စိုးရိမ်ရသည်ဟု သိရသည်။

ထိုတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ် မဟာမိတ်ဘက်တွင် စစ်ကောင်စီ၏ ဘီအေ ၁၀၀ တစ်လက်၊ အမ်အေ ၂ တစ်လက်၊ အမ်အေ ၃ တစ်လက်၊ ကျည်တစ်ချို့နှင့် စစ်သုံးပစ္စည်းများတစ်ချို့က သိမ်းဆည်နိုင်ခဲ့ကြောင်း ဖယ်ခုံ PDF က ထုတ်ပြန်ထားသည်။

ယနေ့ ဖယ်ခုံ PDF တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်သည် တပ်မ ၅၅ လက်အောက်ခံ ကလောအခြေစိုက် ခလရ-၇ ဖြစ်ကြောင်းသိရသည်။ ထိုအပြင် ယနေ့အစောပိုင်းအချိန်တွင်လည်း စစ်ကောင်စီက ဖယ်ခုံမြို့ထဲ လေယာဉ်ဖြင့်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article