Saturday, May 18, 2024

မိုးဗြဲမြို့တွင်း တိုက်ပွဲပြင်းထန် PDF တစ်ဦး ကျဆုံး

Must read

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့တွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ ယနေ့ (ဖေဖော်ဝါရီ ၁၇) မနက်ပိုင်းတွင် တိုက်ပွဲ ပြင်းထန်ခဲ့ပြီး PDF တပ်ဖွဲ့ဘက်မှ (၁) ဦး ကျဆုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ ဖေဖော်ဝါရီ ၁၇ ရက် မိုးဗြဲမြို့တွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး PDF တပ်ဖွဲ့ဝင်တစ်ဦး လက်နက်ကြီးထိမှန်ကာ ဒဏ်ရာရရှိပြီး သေဆုံးသွားကြောင်း သိရသည်။

“ဟုတ်တယ်။ ဒီနေ့တိုက်ပွဲမှာ ကျနော်တို့ PDF ဘက်က တစ်ဦး ကျဆုံးသွားတယ်။ လက်နက်ကြီးထိမှန်ပြီး သေဆုံးသွားတာ။ ဒဏ်ရာပြင်းထန်ပြီးတော့ မခံစားနိုင်တော့လို့ သေဆုံးသွားတာ” ဟု မဟာမိတ်တပ်ဖွဲ့ဖြစ်သည့် PDF တပ်ဖွဲ့ဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ သေဆုံးသွားသည့် PDF သည် မိုးဗြဲမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီဘက်မှလည်း အသေအပျောက်ရှိပြီး လက်ရှိအချိန်ထိ စာရင်း မသိရသေးပေ။

စစ်ကောင်စီတပ်ဖွဲ့များသည် ဖေဖော်ဝါရီ ၁၅ ရက်တွင် မိုးဗြဲမြို့ထဲကို သံချပ်ကာ အမြှောက်ကားများ၊ တင့်ကားများ၊ အင်အားအများအပြားဖြင့် ဝင်ရောက်လာပြီး ယနေ့ထိတိုင် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article