Monday, February 2, 2026

စစ်ကောင်စီ

ထိတွေ့တိုက်ပွဲမရှိတဲ့ ဖယ်ခုံမြို့နယ် စစ်ကောင်စီတို့မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်နေ

သျှမ်းပြည်တောင်ပိုင်းရှိ ကရင်နီပြည် နှင့် နယ်နမိတ်ချင်း ထိစပ်နေသည့် ဖယ်ခုံမြို့နယ် အတွင်းတွင် စစ်ကောင်စီတို့ဘက်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းသိရသည်။ ယမန်နေ့ (မေလ ၂၉ )ရက် မနက်ပိုင်းတွင် ဖယ်ခုံမြို့နယ် လွယ်ပန်းစုံကျေးရွာသို့ လက်နက်ကြီးများ ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း Pekhon PDF တပ်ရင်း ၂...

ဖယ်ခုံ လွိုင်ပေါကျေးရွာအုပ်စု စစ်ကောင်စီ နှင့် PNO ၀င်မွှေ တန်ဖိုးကြီးပစ္စည်းများယူသွား

သျှမ်းတောင် ဖယ်ခုံမြို့နယ် လွိုင်ပေါကျေးရွာအုပ်စုအတွင်း စစ်ကောင်စီတပ်နှင့် ပအို၀်းပြည်သူ့စစ် (PNO)တို့သည် ပြည်သူနေအိမ်များကို ၀င်ရောက်မွှေနှောက်ယူ ဖျက်ဆီးပြီး တန်ဖိုးကြီးပစ္စည်းများ ယူဆောင်သွားကြောင်း စုံစမ်းသိရသည်။ အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့သည် မေ ၁၂ရက် နံနက်ပိုင်းမှ စတင်ကာ ဖယ်ခုံမြို့နယ်အတွင်း တိုက်လေယာဥ်သုံးကာ ပစ်ခတ်ခဲ့ပြီးနောက် ဒေသခံပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ထိုထွက်ပြေးတိမ်းရှောင်လာပြီးနောက် လွန်ခဲ့သည့် ရက်တပတ်အတွင်း စစ်ကောင်စီ...

နမ့်စန်မြို့ ပြည်သူ့စစ်များဖွင့်လှစ်သည့် လောင်းကစားပွဲ မြန်မာပြည်အဆိုတော်များခေါ်ဆို

သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ် ဌာနေပြည်သူ့စစ်များ ဦးစီးဖွင့်လှစ်သည့် လောင်းကစားပွဲတွင် မြန်မာပြည်မှာ နာမည်ကြီးအဆိုတော်များကို ခေါ်ဆိုကြောင်း စုံစမ်းသိရသည်။ လက်ရှိ နမ့်စန်မြို့နယ်အတွင်း ပြုလုပ်နေသည့် လောင်းကစားပွဲများကို နားရိုင်းပြည်သူ့စစ်၊ ပန်လျန်းဆိုင်ပြည်သူ့စစ် နှင့် SSS ပြည်သူ့စစ် တို့ ဦးဆောင်ပြီး ဖွင့်လှစ်ကာ နာမည်ကြီးအဆိုတော် နီးနီခင်ဇော်၊ ၀ေလ၊ သာဒီးလူ၊၀န...

တောင်ကြီးခရိုင် PNO/PNA မှ သျှမ်းလူမျိုးအပါအ၀င် စစ်သားသစ်စာရင်း လိုက်လံကောက်နေ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်အတွင်းရှိ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ ပအိုဝ်းအမျိုးသား တပ်မတော် (PNO/PNA) တို့မှ သျှမ်းလူမျိုးအပါအဝင် အရပ်သားပြည်သူ လူငယ်များ စစ်သားလုပ်ရန် ညွှန်ကြား စေခိုင်းမှုများ ရှိနေကြောင်း သတင်းသိရသည်။တောင်ကြီးခရိုင်အတွင်းရှိ ဆီဆိုင်မြို့နယ် နှင့် ဟိုပုံးမြို့ အတွင်းရှိ ကျေးရွာ အုပ်ချုပ်ရေးမှူးများကို PNO အဖွဲ့မှ အစည်းအ၀ေးခေါ်ဆိုကာ...

နိုင်ငံခြားသားများ လောင်းကစားဂိမ်းထဲ ရင်းနှီးမြှုပ်နှံလာရန် အတွက် ၀န်ထမ်းခေါ်

ယခုရက်ပိုင်း သျှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့ အတွင်းရှိ လောင်းကစားရုံတွင် တရုတ်စကား နှင့် အင်္ဂလိပ်စာ တတ်ကျွမ်းရမည်ဖြစ်ပြီး နိုင်ငံခြားသားများ လောင်းကစားဂိမ်းတွင် ရင်းနှီးမြှုပ်နှံလာအောင် အလုပ်ခေါ်နေကြောင်း စုံစမ်းသိရသည်။ထိုအလုပ်ခေါ်စာထဲတွင် လောက်ကိုင်မြို့မှာ အလုပ်လုပ်ရမည် ဖြစ်ပြီး၊ အသက် ၁၈ နှစ်မှ အသက် ၄၀အရွယ် ထိဖြစ်ပြီး  အင်္ဂလိပ်စကားတတ်ကျွမ်းပါက...

မူဆယ်မြို့နယ် ဈေးအတွင်း လမ်းကျူးကျော်ရောင်းသူများ စည်ပင်အခွန်တိုးကောက်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် အမှတ် (၂) ဈေးအတွင်း လမ်းကျူးကျော်ရောင်းသူများကို စည်ပင်က အခွန်တိုးကောက်မှုပြုလုပ် ကြောင်း သတင်းပေးပို့ချက်အရ သိရသည်။ဧပြီလမှ စပြီး စည်ပင်ကော်မတီမှ အသိပေးထားခြင်းမရှိဘဲ ဈေးအတွင်းရှိ လမ်းကျူးကျော်ရောင်းသူများကို အခွန်တိုးကောက်လာကြောင်း သိရသည်။“ ဆိုင်ခန်းရှေ့မှာ ခုံတင်ပြီးတော့ ရောင်းတာကို တိုးကောက်တာပါ။ အရင်က ၂၀၀၀...

ပင်လောင်းမြို့နယ် စစ်ကောင်စီ ထောင်ထားသည့်မိုင်း ၎င်းတပ်သားပြန်လည်နင်းမိ

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတို့ တပ်ဆင်ထားသည့် မြေမြှုပ်မိုင်းကို ရေဆင်းချိုးသည့် စစ်ကောင်စီတပ်ဖွဲ့သားများ ပြန်လည်နင်းမိပြီး နှစ်ဦးသေဆုံးခဲ့ကြောင်း သတင်း သိရသည်။ပင်လောင်းမြို့နယ် ပင်ပုံကျေးရွာ မေ ၂၄ရက် တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပအို၀်း အမျိုးသား တပ်မတော် PNA တို့က ပူးပေါင်း စခန်းချ...

စစ်ကောင်စီ၏ သွေးခွဲလက်နက်

“တစ်ရပ်ကွက်ကို လူ ၁၂ ယောက် တစ်ရွာကို လူ ၁၂ ယောက် ပေးရမယ်ဆိုပြီး အခု လူလိုက်စုနေတယ်” ဟု စစ်ကောင်စီတပ် လက်အောက်ခံ အဖြစ် ဖွဲ့စည်းမည့် ဓနုပြည်သူ့စစ် (သို့) Danu Army ဖွဲ့စည်းရန် လူစုဆောင်းနေကြောင်း ပင်းတယမြို့ခံ အမျိုးသမီး...

ဟိုပုံးမြိုနယ် အတွင်း PNOမှ တအိမ် ၃သောင်းကျပ်နှင့် စစ်သားသစ်စုဆောင်းရန် စာရင်းကောက်နေ

သျှမ်းတောင် ဟိုပုံးမြို့နယ် အတွင်းရှိ ကျေးရွာတချို့ကို ပအိုဝ်းပြည်သူ့စစ် (PNO)မှ တအိမ်ထောင်စုလျှင် ကျပ်ငွေ ၃သောင်းကျပ်နှင့် စစ်သားသစ်စုဆောင်းရန် စာရင်းများလာကောက်နေကြောင်း စုံစမ်းသိရသည်။ PNO မှ နယ်မြေလုံခြုံရေး ဟုပြောဆိုပြီး အသက် ၁၈နှစ်မှ အသက် ၅၀ အောက်များ၏ နာမည်စာရင်းကို ကောက်ပေးရန် နှင့် လုံခြုံရေးလှုပ်ရှားရန်...

မူဆယ်တွင် PGAF အဖွဲ့တစ်ခု ငွေကျပ်သိန်း(၁၀၀) ဆက်ကြေးကောက်နေ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ တောင်ရပ်ကွက်တွင် နေထိုင်သည့် နေအိမ်တစ်လုံးကို ယနေ့ (မေ ၂၄)ရက် နံနက် အစောပိုင်း တွင် PGAF ဟု အမည်ရအဖွဲ့က အသံမိုင်းဖောက်ခဲ့ကာ ဆက်ကြေးကောက်သည့် စာရွက်ပစ်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မေ ၂၄) နံနက် ၁နာရီတွင် မူဆယ်မြို့ တောင်ရပ်ကွက်တွင်...

Latest news