စစ်ကောင်စီ
စစ်ရှောင်သွားသည့် နမ္မတူမြို့နယ်က ဇင်လီရွာသား နေအိမ်တချို့ ဖောက်ထွင်းဖျက်ဆီးခံရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုများကြောင့် စစ်ရှောင်ရသည့် ဇင်လီကျေးရွာမှ ဒေသခံများ၏ နေအိမ်တချို့သည် ဖောက်ထွင်းဖျက်ဆီး ခံလိုက်ရကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၂၈ ရက်တွင် နမ္မတူမြို့နယ် ဇင်လီကျေးရွာအနီး အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ နှင့် ကချင် လွတ်မြောက်ရေးတပ်မတော် ပူးပေါင်းတပ်ဖွဲ့ KIA၊...
ပင်လုံမြို့အတွင်း အမျိုးသမီး (၂) ဦး ဓားပြတိုက်ခံရ
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် ပင်လုံမြို့ နောင်ဟူးကျေးရွာအနီးတွင် အမျိုးသမီး ၂ ဦး ဓားပြတိုက်ခံရကြောင်း စုံစမ်း သိရှိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၁၁ ရက် နေ့လည်ပိုင်းအချိန်တွင် နောင်ဟူးကျေးရွာ သို့ အမျိုးသမီး (၂) ဦး ဆိုင်ကယ်ဖြင့် သွားလည်ရာ လမ်းတဝက်တွင် ပုံရိုက်ရန်ပြုလုပ်ချိန်...
သျှမ်းပြည်တောင်ပိုင်း စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ဆိုင်ကယ် ဆင်းတွန်း ဂိတ်ဖြတ်သန်းရ
SHAN -
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်၊ ပင်လောင်းမြို့နယ်၊ နောင်တရား၊ အောင်ပန်းမြို့ အတွင်းရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဆိုင်ကယ် ဆင်းတွန်းပြီး ဂိတ် ဖြတ်သွားရကြောင်း စုံစမ်းသိရှိရသည်။ ယခုရက်ပိုင်းအတွင်းတွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်များက စစ်ဆေးမှုကြမ်းနေပြီး အသွားအလာကိုလည်း တင်းကြပ်ထားကြောင်း သိရသည်။ “သူတို့ အရမ်းစစ်တယ်။ စစ်ဆေးမှုတွေက အရင်က ထက်ပိုပြီးများလာတယ်။...
အောင်ပန်းမြို့ စစ်ကောင်စီက နေ့စဉ်ဆက်တိုင်း ပြည်သူများကို ဖမ်းဆီးနေ
SHAN -
သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့တွင် ယခု (အောက်တိုဘာလ) အတွင်း စစ်ကောင်စီက ပြည်သူများကို နေ့စဥ်ဆက်တိုက် ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၁၀ ရက် ည ၅ နာရီဝန်းကျင်တွင် အောင်ပန်းမြို့ သွေးအလှူရှင် အသင်းခေါင်းဆောင် ကိုတရုတ်ကြီး နှင့် အတူ...
ရပ်စောက်မြို့နယ် ပြည်သူ (၃) ဦးကို မူးယစ်ဆေးဝါးသုံးစွဲသည်ဟု စွပ်စွဲပြီး PNO ရိုက်နှက်
SHAN -
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စုရှိ မြို့ဆိုးကျေးရွာနေ ပြည်သူ ၃ ဦးကို မူးယစ်ဆေးဝါးသုံးစွဲသည်ဟုစွပ်စွဲပြီး ပအိုဝ်းပြည်သူ့စစ် PNO က သေနတ်ဖြင့် ရိုက်နှက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက် ညနေပိုင်းတွင် ပအိုဝ်းပြည်သူ့စစ် PNO နယ်မြေ (၆) အဖွဲ့မှ...
မိုင်းကိုင်မြို့နယ် တိုက်မိုင်းပေါက်ကွဲ ထိခိုက်ဒဏ်ရာရသူရှိ
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ပန်စက်ကျေးရွာအုပ်စုမှ ဖောင်းဆိုင်ကျေးရွာ နှင့် ကွန်ကောက်ကျေးရွာ ကြားတွင် တိုက်မိုင်းလေးလုံးပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရသူ တစ်ဦး ရှိကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ အောက်တိုဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲ ဝန်းကျင်တွင် ဖောင်းဆိုင်ကျေးရွာ နှင့် ကွန်ကောက် ကျေးရွာမှ ကျေးရွာချင်းဆက်...
သွေးကင်ဆာဖြစ်နေသည့် ကျောင်းသူ တစ်ဦး အကူအညီ လိုအပ်
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် ဖာလဲကျေးရွာရှိ ဖာလဲအားမာန်သစ်ပရဟိတ ဘုန်းတော်ကြီးကျောင်းတိုက်မှ ကျောင်းသူ တစ်ဦး သွေးကင်ဆာဖြစ်သဖြင့် ဆေးကုသမှု စားရိတ် လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ (၅) ရက်နေ့မှ စပြီး ပဥ္စမတန်းကျောင်းသူ နန်းခမ်းပူး သည် ရန်ကုန်မြို့ရှိ ကလေးဆေးရုံမှာ ဆေးကုသမှု ခံယူနေပြီး...
လားရှိုးမြို့တွင်း ကားတစ်စီး နှင့် ဆိုင်ကယ်တစ်စီး တိုက်မိ (၂) ဦး ထိခိုက်ဒဏ်ရာရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင်းရှိ ဘူတာလမ်းမကြီး မြဝတီလမ်းထိပ်တွင် ကုန်ပစ္စည်းများ တင်ဆောင်လာသော ကားတစ်စီး နှင့် ဆိုင်ကယ်တစ်စီး ယာဉ်ချင်းတိုက်မိပြီး လူ (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း စုံစမ်း သိရှိရသည်။ အောက်တိုဘာ ၁၂ ရက် နံနက် ၅ နာရီခွဲခန့်တွင် ကုန်ပစ္စည်း...
ဖယ်ခုံမြို့နယ်ရှိ ပြည်သူများ ဗုံးခိုကျင်းတူးရန် PDF တိုက်တွန်း
SHAN -
သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့ သည် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံ ပြည်သူများ ဗုံးခိုကျင်း တူးထားရန် PDF တပ်ဖွဲ့များက တိုက်တွန်းထားကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ အောက်တိုဘာလ ၁၁ ရက်နေ့တွင် ဖယ်ခုံမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များ ခိုလှုံသည့် နေရာ နှင့် အနီးပတ်ဝန်းကျင်ကို...
အောင်ပန်းမြို့နယ်တွင်း ထော်လာဂျီကား တိမ်းမှောက် ကလေးအပါအဝင် ထိခိုက်ဒဏ်ရာရသူရှိ
သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့နယ် ငုံးသုန်ကျေးရွာ နှင့် ပေါတုပ်ကျေးရွာကြားရှိ အဆင်းကွေ့လမ်း တစ်နေရာ၌ ရွာသား (၂၅) ဦး စီးလာသော ထော်လာဂျီတစ်စီး တိမ်းမှောက်သဖြင့် ထိခိုက်ဒဏ်ရာရသူများ ရှိကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ အောက်တိုဘာ ၁၁ ရက် မနက် ၁၀ နာရီဝန်းကျင်တွင် ဘုန်းကြီးကျောင်းသွားရန်ဟုဆိုပြီး...





