ဆီဆိုင်တွင် မူးယစ်ဆေးကြောင်သည့်သား က မိခင်ဖြစ်သူကို ရိုက်နှက်

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် မူးယစ်ဆေးဝါးသုံးစွဲသည့် သားက မိခင်ဖြစ်သူကို ရိုက်နှက်သည့် အမှုဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

ဆီဆိုင်မြို့ မြကန်သာရပ်ကွက် ၅ တွင် ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယပတ်က မူးယစ်ဆေးဝါးသုံးစွဲ နေသော သားဖြစ်သူတစ်ဦးက မူးယစ်ဆေးကြောင်ပြီး မိခင်ဖြစ်သူကို ပြင်းထန်စွာရိုက်နှက်သော မှုခင်းတစ်ခု ဖြစ်ပွားခဲ့ကြောင်း ဆီဆိုင်ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ မူးယစ်ဆေးဝါး ကြောင်ပြီး မိဘကို ပြန်ရိုက်နှက်တာ။ ဒဏ်ရာတွေရပြီး ဆေးရုံတက်လိုက်ရသေးတယ်။ ဆီဆိုင်မှာ မူးယစ်ဆေးဝါး သုံးစွဲသူအရမ်းများတယ်။ မူးယစ်ဆေးဆွဲကြပြီး ဆေးကြောင်နေတဲ့ကလည်း များတယ်။ လုံခြုံရေးအတွက် အရမ်းစိုးရိမ်နေတယ် “ ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။

မူးယစ်ဆေးသုံးစွဲသူ

အဆိုပါ ပြစ်မှုကြူးလွန်ထားသော သားဖြစ်သူကို ဆီဆိုင်မြို့နယ် ရဲစခန်းတွင် ချုပ်နှောင်ထားခဲ့ လိုက်ကြောင်း သိရသည်။

ထို့အပြင် ဆီဆိုင်မြို့မှာ ယခုလတွင်း အုပ်စုဖွဲ့ဖြင့် လိုက်ခိုးနေသော သူခိုးများ သိသိသာသာ များပြားလာနေကြောင်း ရဲများကဖမ်းဆီး ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း ဆီဆိုင်မြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“အရင်ကစပြီး အခုလအထိ အုပ်စုဖွဲ့ပြီး လိုက်ခိုးနေတဲ့ သူခိုးတွေ သိသိသာသာ များလာတယ်။ ရဲတွေက မဖမ်းပေးနိုင်ဘူး။ သူတို့ကလည်း အခြေနေအရ သူတို့စခန်းနဲ့လည်း သိပ်မခွာကြဘူး။ ပြီးတော့ မူးယစ်ဆေးဝါး သုံးတဲ့သူထက် ထုတ်လုပ်တဲ့နေရာ၊ ရောင်းတဲ့သူကို အရေးပေး ဆောင်ရွက်ပေးစေချင်တယ် “ ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။

စစ်အာဏာသိမ်းပြီး ၂ နှစ်နီးပါး ကာလအတွင်းမှာ ဆီဆိုင်မြို့ အပါအဝင် သျှမ်းပြည်တပြည်လုံးရှိ မြို့နယ်များတွင် လည်း မူးယစ်ဆေးသုံးစွဲပြီး ဆေးကြောင်နေသူများ နှင့် အုပ်စုဖွဲ့သူခိုးများ ပိုများလာသောကြောင့် နေစဉ်နီးပါး အိမ်တွင်းဖောက်ခံရခြင်း၊ ဓားပြတိုက်ခံရခြင်းများ ကြုံတွေ့နေရကြောင်း သိရသည်။

ပြီးခဲ့သည့် (အောက်တိုဘာ ၁၃) ရက် နံနက်ပိုင်း ၁၀ နာရီကျော်တွင် လွိုင်လင်မြို့နယ် ပင်လုံမြို့ ပင်လုံ – ကျောက်တန်းလမ်းသွားတွင် ကျပ်သိန်း ၃၉၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါး တင်ဆောင်လာသော ကားတစ်စီးကို သိမ်းဆည်းရမိသေးကြောင်း သတင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

အောင်ပန်းမြို့ အသက် (၆) နှစ်အရွယ် ကလေးထံ နားကပ်လုပြီး သတ်ခဲ့သူကို ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့အနီး နောင်ရဲကျေးရွာမှ အသက် (၆) နှစ် ကလေးငယ်ထံမှ နားကပ်လုပြီး သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၆) ရက် ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆) နှစ်အရွယ် မဆောင်းနှင်းကို...

မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုး သောင်းကျန်းနေ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုးများ သောင်းကျန်းနေပြီး သက်ဆိုင်ရာ အာဏာပိုင်များက အရေးယူ ဆောင်ရွက်ခြင်းမရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၇ နာရီခွဲခန့်က မိုင်းဆတ်မြို့ မြို့မဈေးအဝင်လမ်းတွင် ရပ်ထားသည့် Wave 110 အမျိုးအစား ၂၀၂၆ ခုနှစ်ထုတ် ဆိုင်ကယ်နက်ပြာရောင်...

မူးယစ်သားကောင်ဘဝမှ လူငယ်ပြုစုပျိုးထောင်သူ ဘဝအဖြစ်ရောက်ရှိလာ

0
ကမ္ဘာ့အကြီးဆုံး စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာ နိုင်ငံ အဖြစ် မြန်မာနိုင်ငံရောက်ရှိနေကြောင်း  ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ၂၀၂၆ ခုနှစ် အစီရင်ခံစာတွင် ထုတ်ပြန်လိုက်သည်။ နိုင်ငံတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိက္ခများကြောင့် သျှမ်းပြည်သည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဂိုဏ်းများ၏ ဗဟိုချက်ဖြစ်လာပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများနှင့်ပါ စနစ်တကျ...