Monday, May 6, 2024

စစ်ကောင်စီ

သျှမ်းပြည်တောင်ပိုင်း ၁ပတ်အတွင်း စစ်ဘေးရှောင် ၁၀၀၀ ကျော် ထပ်တိုး

သျှမ်းပြည် တောင်ပိုင်း တိုက်ပွဲ ၁ ပတ်အတွင်းတွင် စစ်ကောင်စီမှ လက်နက်ကြီး အကြိမ် ၁၀၀ ထပ်မနည်းပစ်ခတ်ပြီး စစ်ဘေးရှောင် တစ်ထောင်ကျော် တိုးလာပြီးကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ဟိုပုံးမြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့တွင် စစ်ကောင်စီမှ ၁ ပတ်အတွင် လက်နက်ကြီး ပတ်ခတ်မှု...

ဒေါနတောင်တိုက်ပွဲ ရွှေညောင်မြို့ အခြေစိုက် ခလရ (၉၄) တပ်ရင်းမှူး ဗိုလ်မှူးသန့်ဇော်ဝင်း သေဆုံး

သျှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့ အခြေစိုက် ခလရ (၉၄) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး-ဗိုလ်မှူးသန့်ဇော်ဝင်း ဒေါနတောင် တိုက်ပွဲ၌ သေဆုံးသွားကြောင်း စစ်ရေးသတင်းရင်းမြစ်က ယနေ့ (မေလ ၅ ရက်) တွင် အတည်ပြု ပြောသည်။ ကရင်ပြည်နယ်၊ မြ၀တီမြို့သို့ ဦးတည်နေသည့် စစ်ကောင်စီ စစ်ကြောင်းကို KNLA...

ညောင်ရွှေဂိတ်တွင် ဖမ်းဆီးခံရသည့် လူငယ်၇ဦး မိသားစုနှင့် တွေ့ခွင့်မရ

သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့ ၊ညောင်ဖြူစခန်းရပ်ကွက်မှ လူငယ်၇ဦးသည် အင်းလေး ၊စံကား သွားလည်စဉ် အပြန်ချိန် ညောင်ရွှေဂိတ်တွင် ဖမ်းဆီးခံရပြီး ယခုအချိန်ထိ မိသားစုဝင်များနှင့် တွေ့ခွင့်မရသေးကြောင်း စုံစမ်းသိရသည်။ ဧပြီလ ၂၃ရက် တွင် အဆိုပါ လူငယ် ၇ဦးသည် ဖမ်းဆီးခံရပြီးနောက် တောင်ကြီးမြို့ စူဠာမုနိ ဘုရားအောင်ဖက်...

ဆီဆိုင်စစ်ရှောင်များကို စစ်တပ်နှင့် PNO ဖိအားပေး အိမ်ပြန်ခိုင်း

သျှမ်းပြည် ဆီဆိုင်မြို့ပေါ်နှင့် ကျေးရွာဘက် ဒေသခံများသည် တိုက်ပွဲများကြောင့် ဟိုပုံး၊တောင်ကြီး၊ညောင်ရွှေမြို့နယ်တို့တွင်းစစ်ရှောင်ကြရပြီး ယခုတွင် စစ်ကောင်စီနှင့် ပြည်သူ့စစ် PNO က ဖိအားပေးပြီး အတင်းအဓမ္မ အိမ်ပြန်ခိုင်းနေကြောင်း စုံစမ်းသိရသည်။ စစ်ရှောင်များ မိမိနေအိမ် ပြန်မနေလျှင် အိမ်ချိတ်ပိတ်မည်၊ပိုင်ဆိုင်မှုနှင့် မြေယာများကို သိမ်းယူမည် ၊အိမ်မီးရှို့မည်ဆိုပြီး စစ်ကောင်စီနှင့် ပြည်သူ့စစ်...

နိုင်ငံရေးစားပွဲဝိုင်းတွင် အဖြေရှာရန် နည်းလမ်းမရှိတော့ခြင်းကြောင့် စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ရတော့မည်ဟု SSPP/SSA ဒုဥက္ကဋ္ဌပြော

နိုင်ငံရေးစားပွဲဝိုင်းတွင် အဖြေရှာရန် နည်းလမ်းမရှိတော့ခြင်းကြောင့် စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ရတော့မည်ဟု ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဒုဥက္ကဋ္ဌဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး ခွန်ဆိုင်က ပြောဆိုလိုက်သည်။ ယနေ့ (မေလ ၃ ရက်) တွင် SSPP/SSA ဒုဥက္ကဋ္ဌဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး ခွန်ဆိုင်ကစစ်မှန်သည့် ပြည်ထောင်စု ဒီမိုကရေစီ နိုင်ငံတော် ရရှိရန်နှင့်...

ပြည်ပထွက်အလုပ်လုပ်ခွင့် ယာယီရပ်ဆိုင်းသတင်းကြောင့် လူငယ်များအကြား စိုးရိမ်ပူမှုများနေ

စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနက အမျိုသားများပြည်ပသို့ တရားဝင်အလုပ်သွားရောက် လုပ်ကိုင်ခွင့်ကို ယာယီရပ်ဆိုင်းလိုက်သည်ဟု သတင်းထွက်ပေါ်ပြီးနောက် လူငယ်များအကြား စိုးရိမ်ပူပန်မှုများရှိနေသည်။ စစ်ကောင်စီမှ ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းပြီးနောက် အပတ်စဉ် (၂) အတွက် လူသစ်စုဆောင်းမှုများ ပြုလုပ်နေစဉ် ယခုကဲ့သို့ အမျိုးသားများ ပြည်ပထွက်ခွာအလုပ်လုပ်ခွင့်အား မေလ ၁ ရက်နေ့စတင်ပြီး ယာယီပိတ်ပင်လိုက်ခြင်း ဖြစ်သည်။ “အခုကျနော်တို့...

ဆီဆိုင်မြိုနယ်ရှိ ချောင်းကူတံတားတစ်ခု စစ်ကောင်စီ မီးရှို့ဖျက်ဆီး

သျှမ်းပြည် ဆီဆိုင်မြို့နယ်အတွင်းရှိ တံတားတစ်စင်းကို စစ်ကောင်စီက မီးရှို့ ဖျက်စီးခဲ့ကြောင်း သိရသည်။ သျှမ်းပြည် ဆီဆိုင်မြို့နယ်အတွင်းရှိ နောင်စကာကျေးရွာ နှင့် ရွှေတဂူဘုရားအနီးတွင် ရှိသည့် သဘက်ချောင်းကူး တံတားကို စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တို့က မတ်လ ၁ ရက် နံနက် ၆ နာရီခွဲဝန်းကျင်တွင် မီးရှို့...

မိုင်းဆတ် ပြည်သူ့စစ်ခေါင်းဆောင် မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီးခံရ

သျှမ်းပြည် မိုင်းဆတ်မြို့နယ်မှ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးကို မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုဖြင့် တာချီလိတ်မြို့တွင် ဖမ်းဆီးခံလိုက်ရကြောင်း စုံစမ်းသိရသည်။ ဧပြီလ (၃၀) ရက်တွင် မိုင်းဆတ်မြို့နယ်၊ ဝိန်းကောင်းကျေးရွာ၌ စစ်ကောင်စီတပ်ဖွဲ့မှ ဖွဲ့စည်းပေးထားသည့် ပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင်ဖြစ်သူ စိုင်းဝန်းခမ်းသည် တာချီလိတ်မြို့သို့ သွားရောက်စဉ် ၎င်း၏ကားကို မူးယစ်တပ်ဖွဲ့က ရပ်တန့်ခိုင်းပြီး စစ်ဆေးခဲ့ရာ မူးယစ်ဆေးဝါးများ...

စစ်ကောင်စီထုတ် မြန်မာဘီယာ သောက် TNLA တပ်သားများ ကြိမ်ဒဏ် ၁၀ ချက်နှင့် အခြားပြစ်ဒဏ်ပေးခံရ

စစ်ကောင်စီ၏ ထုတ်ကုန်ပစ္စည်းဖြစ်သည့် မြန်မာဘီယာများကို သောက်သုံးခဲ့သည့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA မှတပ်သားများကို ကြိမ်ဒဏ် ၁၀ ချက်နှင့် အခြား ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း TNLA က ယနေ့ (မေလ ၂) ရက်တွင် ထုတ်ပြန်ထားသည်။ သျှမ်းပြည်မြောက်ပိုင်း “၁၀၂၇ စစ်ဆင်ရေး”...

ဆီဆိုင်မြို့ပြည်သူများကို စစ်ကောင်စီ နေရပ်ပြန်ခေါ်၊မြို့မဈေးကို ပြန်ပြုပြင်နေ

သျှမ်းပြည် ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီနှင့် PNOပြည်သူ့စစ် ပြန်လည်ထိန်းချုပ်ထားပြီးနောက် တိုက်ပွဲများ ငြိမ်သက်နေပြီး ပြည်သူများကိုလည်း နေရပ်ပြန်ရန် ခေါ်နေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် ဆီဆိုင်မြို့နယ်တွင် ဧပြီလ နောက်ဆုံးပတ်မှ စ၍ ထွက်ပြေးတိမ်းရှောင်နေသော ဒေသခံများကို စစ်ကောင်စီနှင့် PNO ပြည်သူတို့က စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူးကို တဆင့်ပြန်ခေါ်ခိုင်နေပြီး၊...

Latest news