TNLA
မူဆယ် (၁၀၅)မိုင် အမျိုးသားတစ်ဦး လက်နက်ကြီးစထိမှန် သေဆုံး
SHAN -
မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးဇုန်ဖြစ်သည့် မူဆယ်မြို့နယ် (၁၀၅)မိုင်တွင် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်(၃)ဖွဲ့ တိုက်ပွဲဖြစ်ပွားကာ အမျိုးသားတစ်ဦး လက်နက်ကြီး ကျည်စထိမှန်သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ် (၁၀၅)မိုင်အနီးတွင် ယမန်နေ့ (နိုဝင်ဘာ ၂၆)ရက် ည ၇နာရီခွဲဝန်းကျင်မှ စပြီး စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့တို့သည် တိုက်ပွဲပြင်းထန်ခဲ့ပြီး အမျိုးသားတစ်ဦး လက်နက်ကြီးစထိမှန်သေဆုံးကာ နေအိမ် နှင့်...
သီပေါ စစ်ဘေးရှောင် ၃၀၀၀ ကျော်၊ စားနပ်ရိက္ခာ အရေးပေါ် လိုအပ်
SHAN -
သျှမ်းပြည် သီပေါမြို့နယ်တွင် ညီနောင်မဟာမိတ်တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ နှစ်ဘက်တိုက်ပွဲအကြား လုံခြုံရေးစိုးရိမ်မှုကြောင့် ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေကြောင်း စုံစမ်းသိရသည်။ သီပေါမြို့နယ်တွင် နိုဝင်ဘာ ၂၂ ရက်မှစပြီး ယနေ့ (နိုဝင်ဘာ ၂၇ ရက်)အထိ ညီနောင်မဟာမိတ်တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ လက်နက်ကြီးဖြင့်...
ကျောက်မဲမြို့ ဦးဇင်းတစ်ပါး နှင့် အမျိုးသမီး တစ်ဦး ကျည်ထိမှန်
သျှမ်းပြည် ကျောက်မဲမြို့နယ် အတွင်း လက်နက်ကြီးကျပေါက်ကွဲမှုကြောင့် ဦးဇင်းတစ်ပါး နှင့် အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်စ ထိမှန်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာ ၂၇)ရက် နံနက် ၈နာရီခွဲဝန်းကျင်တွင် ကျောက်မဲမြို့နယ် လွယ်ခေါ်ကျေးရွာတွင် လက်နက်ကြီးကျပေါက်ကွဲမှုကြောင့် အမျိုးသမီး တစ်ဦး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း နမ့်ခုံး ပရဟိတအသင်းမှ တာဝန်ရှိသူ...
“ပြည်သူလူထုတွေ ဘယ်သူမဆို ဒီလို တိုက်ပွဲတွေ မလိုလားဘူး။ မြန်မြန် အေးချမ်းချင်တယ်။ အိမ်လည်း ပြန်ချင်နေပါပြီ”
SHAN -
သျှမ်းပြည် နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်ရဲ့ စခန်းသစ်ကုန်း ကို သိမ်းပိုက်နိုင်ဖို့အတွက် နိုဝင်ဘာ (၃) ရက်နေ့ကစတင်ပြီး တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA ) နဲ့ စစ်ကောင်စီ တို့ နေ့စဥ်ဆက်တိုက် တိုက်ပွဲ ဖြစ်ပွားနေပါတယ်။ ဒီထိုးစစ်ဆင်မှုဟာ ၃ ပတ်ကြာလာပြီး TNLA...
နမ့်ခမ်း စစ်ကောင်စီ စခန်းသစ်ကုန်း သိမ်းပိုက်နိုင်ရန် TNLA တပ်ဖွဲ့ အပြင်းအထန် ထိုးစစ်ဆင်
SHAN -
သျှမ်းပြည် နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်၏ စခန်းသစ်ကုန်းကို သိမ်းပိုက်နိုင်ရန် တအာင်း (ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။ နမ့်ခမ်းမြို့နယ်တွင် အခြေစိုက်သည့် စစ်ကောင်စီတပ် စခန်းသစ်ကုန်းကို သိမ်းပိုက်နိုင်ရန်အတွက် TNLA က မြေပြင်ထိုးစစ်နှင့် ဒရုန်းတို့ဖြင့် နိုဝင်ဘာ ၂၂ ရက်တွင်...
မူဆယ် ကျင်စန်းကျော့ ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ကုန်ကား အစီး ၁၀၀ကျော် မီးလောင်ကျွမ်းနေ
SHAN -
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့နယ် ကျင်စန်းကျော့ ကုန်သွယ်ရေးဂိတ်တွင် ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ကုန်ကား ၁၀၀ စီးကျော် မီးလောင်ကျွမ်းနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာ ၂၃ ရက်) နံနက် ၉ နာရီခွဲဝန်းကျင်တွင် မူဆယ်မြို့နယ် ကျင်စန်းကျော့ ကုန်သွယ်ရေးဂိတ်တွင် ရပ်နားထားသည့် ကုန်တင်ယာဉ်တန်းများပေါ်သို့ ဗုံးကျရောက်ပေါက်ကွဲခြင်းကြောင့် ကုန်ကား အစီး...
မြန်မာ- တရုတ်နယ်စပ် မူဆယ်မြို့နယ် ကျင်စန်ကျော့ဂိတ် ကုန်ကား ၁၀ စီးထက်နည်း မီးလောင်ပျက်စီး
SHAN -
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့နယ် ကျင်စန်းကျော့ဂိတ်အတွင်း ရပ်နားထားသည့် ၂၂ဘီး ကုန်တင်ယာဥ်တန်များပေါ် ဗုံးကျ ပေါက်ကွဲမှုကြောင်း ကုန်ကား (၁၀)စီးထက်မနည်း မီးလောင်ပျက်စီးသွားကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် မူဆယ်မြို့နယ် ကျင်စန်ကျော့နယ်စပ်ဂိတ် သွားမည့်လမ်းပေါ် ကောင်းခန်ကျေးရွာ 7 ဟွာကျင်း ကားဂိတ် တွင် ယနေ့ (နိုဝင်ဘာလ ၂၃ ရက်)...
သိန္နီမြို့နယ် ကိုးကန့်တပ်ဖွဲ့ MNDAA က လူငယ် ၂၀ ဦးထက်မနည်း ဖမ်းဆီးခေါ်ဆောင်သွား
SHAN -
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA က လူငယ် ၂၀ ဦးထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ “၁၀၂၇ စစ်ဆင်ရေး” စတင်လာသည့် အောက်တိုဘာ ၂၇ ရက်မှစ၍ သိန္နီမြို့နယ် နမ့်စလပ်နှင့် စယ်အူကျေးရွာအုပ်စုရှိ ကျေးရွာများမှ လူငယ် ၂၀ ဦးထက်မနည်းကို ကိုးကန့်တပ်ဖွဲ့ MNDAA...
မူဆယ် (၁၀၅) မိုင် ဘုန်းကြီးကျောင်းထဲ ဒရုန်းဗုံး ပြုတ်ကျ ပေါက်ကွဲမှုကြောင့် ကိုရင်ကြီး တစ်ပါးထိ
SHAN -
မြန်မာ-တရုတ်ကုန်သွယ်ရေးဇုန် မူဆယ်မြို့နယ် မိုင်းယု (၁၀၅) မိုင် အောက်နမ့်ဟွယ်ကျေးရွာရှိ ဘုန်းကြီးကျောင်းထဲ ဒရုန်း ဗုံးပြုတ်ကျပြီး ပေါက်ကွဲမှုကြောင့် ကိုရင်ကြီး တစ်ပါး ထိမှန်ကာ ဒဏ်ရာရရှိခဲ့ပြီး အဆောက်အဦးများ ပျက်စီးသွားခဲ့ကြောင်း စုံစမ်း သိရသည်။ မူဆယ်မြို့နယ် မိုင်းယု (၁၀၅) မိုင် အောက်နမ့်ဟွယ်ကျေးရွာရှိ ဇေယျမင်္ဂလာကျောင်းတိုက် အတွင်းတွင်...
လားရှိုးမြို့နယ် ညီနောင်မဟာမိတ်ဖွဲ့ ပြည်သူနေအိမ် ဝင်ရောက်ဖျက်ဆီး၊ ပြည်သူ ၁ ဦး သေနတ်ပစ်သတ်ခံရ
SHAN -
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းကျက်အုပ်စုတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့က ပြည်သူနေအိမ်များကို ဝင်ရောက်ဖျက်စီးနေပြီး တိုက်ပွဲကာလ သုံးပတ်အတွင်း ပြည်သူ ၁ ဦး သေနတ်ပစ်သတ်ခံရကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့နှင့် မိုင် ၆၀ အကွာရှိ မိုင်းယော်တိုက်နယ်၊ မိုင်းကျက်အုပ်စုတွင် အခြေစိုက်သော စစ်ကောင်စီတပ်ကို “၁၀၂၇ စစ်ဆင်ရေး”...





