TNLA
နမ္မတူမြို့နယ် ဘုန်းကြီးကျောင်းအတွင်း စစ်ကောင်စီမှ လက်နက်ကြီး တပ်ဆင်ထား
သျှမ်းပြည် ကျောက်မဲခရိုင် နမ္မတူမြို့နယ်၊ ဆိုင်းခေါင်ကျေးရွာအုပ်စုရှိ ဘုန်းကြီးကျောင်းဝင်းအတွင်းတွင် အာဏာသိမ်း စစ်ကောင်စီ တပ်မှ လက်နက်ကြီး တပ်ဆင်ထားကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလ ပထမပတ်အတွင်းမှ စတင်ကာ နမ္မတူမြို့နယ်၊ ဆိုင်းခေါင်ကျေးရွာအုပ်စုအတွင်း အာစာသိမ်း စစ်ကောင်စီ နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)...
နမ့်ဆန်မြို့ကို TNLA တပ်ဖွဲ့ ထိန်းချုပ်နိုင်ပြီ
သျှမ်းပြည် နမ့်ဆန်မြို့ကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က ထိန်းချုပ်လိုက်ပြီး စစ်ကောင်စီ တပ်စခန်းအားလုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းသိရသည်။ နမ့်ဆန်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို ဒီဇင်ဘာလ ၁၅ ရက် ညနေ ၃ နာရီခွဲအချိန်ခန့်တွင် တအာင်း(ပလောင်)တပ် TNLA က အလုံးစုံသိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီပိုင် လက်ဖက်ခြောက်စက်ရုံ၊...
နမ့်ဆန်မြို့ စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲခြင်းကြောင့် အရပ်သား ၁ ဦးသေဆုံး
သျှမ်းပြည် နမ့်ဆန်မြို့တွင် စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲ တိုက်ခိုက်ခြင်းကြောင့် အရပ်သား ၁ ဦး သေဆုံးခဲ့ပြီး နမ့်ဆန်ရဲစခန်းကို TNLA တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၁၂ ရက်) နံနက် ၆ နာရီခန့်မှစ၍ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် နမ့်ဆန်မြို့ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့်...
မူဆယ်မြို့နယ် အမျိုးသားတစ်ဦး ကျည်ထိမှန် သေဆုံး
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်မရှိဘဲ စစ်ကောင်စီမှ လေကြောင်းဖြင့် ပစ်ခတ်ခဲ့သဖြင့် အမျိုးသားတစ်ဦး ကျည်ထိမှန်၍သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် မူဆယ်မြို့နယ် ဟိုနားရပ်ကွက် ယမန်နေ့ (ဒီဇင်ဘာ ၁၁)ရက် ညနေ ၄နာရီဝန်းကျင်တွင် တိုက်ပွဲ ဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် ပစ်ခတ်ပြီး ပြည်သူနေအိမ်ပေါ် ကျည်ကျကာ အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း...
လားရှိုးရောက် အာဏာသိမ်းစစ်ခေါင်းဆောင်က စစ်ဘေးရှောင်များ အမြန်ဆုံးနေရပ်ပြန်နိုင်ရန် ကြိုးပမ်းမည်ဟုဆို
သျှမ်းပြည် လားရှိုးမြို့သို့ ရောက်ရှိလာသည့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်ဘေးရှောင်များ အမြန်ဆုံးနေရပ်ပြန်နိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ မြန်မာ့အလင်း သတင်းစာက ယနေ့ (ဒီဇင်ဘာ ၁၁ ရက်) တွင် သတင်းထုတ်ပြန်သည်။ “၁၀၂၇ စစ်ဆင်ရေး” တစ်လကျော်အကြာ ဆင်နွှဲပြီးနောက်ပိုင်း ယမန်နေ့ (ဒီဇင်ဘာလ ၁၀ ရက်)...
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲ
မြန်မာ - တရုတ်နယ်စပ် မူဆယ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ သျှမ်းပြည် မူဆယ်မြို့နယ် တုန့်ခန်အောက်ကျေးရွာတွင် ယနေ့ (ဒီဇင်ဘာ ၁၁) ရက် ညနေ ၄ နာရီဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် ဗုံးကြဲပစ်ခတ်သွားခဲ့ကြောင်း...
ကွတ်ခိုင်မြို့နယ် လက်နက်ကြီး၊ မြေမြုပ်မိုင်းကြောင့် ကလေးငယ် ၁ ဦးသေဆုံး၊ ၈ ဦး ထိခိုက်ဒဏ်ရာရ
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်တွင် လက်နက်ကြီးနှင့် မြေမြုပ်မိုင်းကြောင့် ကလေးငယ် ၁ ဦးသေဆုံးပြီး ၈ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လူမှုကူညီရေးအသင်းထံမှ သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၉ ရက်နှင့် ဒီဇင်ဘာလ ၁၀ ရက် နှစ်ရက်အတွင်း ကွတ်ခိုင်မြို့နယ် မြို့နှင့် လွယ်ဆိုင်ကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့်...
သိန္နီမြို့တွင်း စစ်ကောင်စီလက်နက်ကြီးကြောင့် ပြည်သူနေအိမ် ၁၂ လုံး မီးလောင်ပျက်စီး
သျှမ်းပြည် သိန္နီမြို့တွင် စစ်ကောင်စီတပ်မှ ရမ်းသမ်းပစ်ခတ်သော လက်နက်ကြီးကြောင့် ပြည်သူနေအိမ် ၁၂ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၀ ရက်) ည ၁၀ နာရီကျော် အချိန်ခန့်မှစ၍ သိန္နီမြို့တွင်းသို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး သိန္နီမြို့ ရပ်ကွက်(၁) ဈေးတန်းရပ်အတွင်းသို့...
နမ့်ခမ်းမြို့နယ် စစ်ကောင်စီ လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်
သျှမ်းပြည် မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ်အတွင်း ယနေ့ (ဒီဇင်ဘာလ ၈ ရက်) နေ့လည်အချိန်တွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံ စုံစမ်း သိရသည်။ ယနေ့ (ဒီဇင်ဘာလ ၈ ရက်) နေ့လယ်ပိုင်း ၁ နာရီဝန်းကျင်တွင် နမ့်ခမ်းမြို့နယ် နောင်စန့်ရပ်ကွက် အတွင်း စစ်ကောင်စီမှ...
နမ့်ခမ်းမြို့ စခန်း ၁ ကုန်းသိမ်းပိုက်နိုင်ရေး တိုက်ပွဲဆက်လက်ပြင်းထန်၊ စစ်ကောင်စီလေယာဉ်ဖြင့် ထပ်မံဗုံးကြဲ
သျှမ်းပြည် မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီ စခန်း ၁ ကုန်းအား သိမ်းပိုင်နိုင်ရေးအတွက် လက်ရှိအချိန် ညီနောင်မဟာမိတ်သုံးဖော်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက် ပြင်းထန်နေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၇ ရက်) ညပိုင်းအချိန်ထိ နမ့်ခမ်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ လေယာဉ်ဖြင့်...





