Wednesday, January 28, 2026

နမ့်ခမ်းမြို့ စခန်းသစ်ကုန်း သိမ်းပိုက်နိုင်ရေး TNLA ဘက်မှ ၅၀ နီးပါးကျဆုံး အများအပြား ထိခိုက်ဒဏ်ရာရ

သျှမ်းပြည် မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ် စစ်ကောင်စီ၏ စခန်းသစ်ကုန်း သိမ်းပိုက်နိုင်ရန် တအာင်း (ပလောင်) အမျိုးသားလွှတ်မြောက်ရေး တပ်မတော် TNLA မှ တစ် လကျော်ကြာ ထိုးစစ်ဆင် တိုက်ခိုက်လာစဉ်အတွင်း တပ်သား ၅၀ နီးပါးကျဆုံးပြီး အများအပြားထိခိုက်ဒဏ်ရရှိကြောင်း ထုတ်ပြန်ထားသည်။

နမ့်ခမ်းစခန်းသစ်ကုန်း

“၁၀၂၇ စစ်ဆင်ရေး” ဖော်ဆောင်နေသည့် ကာလအတွင်း နိုဝင်ဘာလ ၁၇ ရက်မှစ၍ နမ့်ခမ်းမြို့နယ် စစ်ကောင်စီ တပ်စခန်းများကို တအာင်း (ပလောင်)တပ်ဖွဲ့ TNLA မှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ တစ်ပတ်အကြာ တပ်စခန်းများ၊ ရဲစခန်းများနှင့် ဌာနဆိုင်ရာရုံးများအား အလုံးစုံသိမ်းပိုက်ရရှိခဲ့ကြောင်း ရေးသားဖော်ပြထားသည်။

သို့သော် နမ့်ခမ်းမြို့နယ် စစ်ကောင်စီ၏ စခန်းသစ်ကုန်းကို သိမ်းပိုက်နိုင်ရန်အတွက် စစ်ကောင်စီ၏ ပြင်းပြင်းထန်ထန် ခုခံတန်ပြန်တိုက်ခိုက်မှုကြောင့် အဆိုပါစခန်းကုန်းအား ရက်တိုအတောအတွင်း မှာတင် သိမ်းပိုက်နိုင်ခြင်းမရှိဘဲ ၁ လကျော်ကြာ ဒီဇင်ဘာလ ၁၈ ရက်မှ သိမ်းပိုက်နိုင်ခဲ့သည်။

ထိုစခန်းသိမ်းတိုက်ပွဲကာလအတွင်း တအာင်း (ပလောင်) တပ်ဖွဲ့ TNLA မှ တပ်သား ၄၉ ဦးသေဆုံးပြီး ၁၄၅ ဦး ထိခိုက်ဒဏ်ရာရရှိကာ စစ်ကောင်စီဘက်မှ ဗိုလ်မှူးအဆင့်အပါအဝင် အလောင်းများစွာနှင့် စစ်သုံ့ပန့် ၃ ဦးကို ဖမ်းဆီးရမိကြောင်း ဆိုသည်။

“ မနေ့ (ဒီဇင်ဘာ ၁၉)ရက် မနက် ၆ နာရီလောက်က စခန်းသစ်ကုန်း ကျသွားပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားတွေက TNLA တို့နဲ့ ဘယ်လိုနားလည်မှု ယူကြလည်းတော့မသိဘူး။ မူဆယ်ဆေးရုံကို ရောက်လာတာ အများကြီးပဲ “ ဟု မူဆယ်မြို့ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ ကလေး ၃ ဦးအပါအဝင် ပြည်သူ ၁၃ ဦးသေဆုံးပြီး ၄၃ ဦး ဒဏ်ရာရရှိကာ ဘာသာရေးအဆောက်အဦး၊ ဆေးရုံနှင့် နေအိမ် ၁၀၀ နီးပါး လက်နက်ကြီးထိမှန်၊ မီးလောင် ပျက်စီးသွားခဲ့သည်။


ထို့အပြင် တိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ၊ လက်နက်ကြီးများနှင့် စစ်သုံးဆောင်ပစ္စည်းများ ရှင်းလင်းသိမ်းဆည်းရမိကြောင်း ထုတ်ပြန်ချက်၌ ရေးသားဖော်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...