နမ့်ခမ်းမြို့ စခန်းသစ်ကုန်း သိမ်းပိုက်နိုင်ရေး TNLA ဘက်မှ ၅၀ နီးပါးကျဆုံး အများအပြား ထိခိုက်ဒဏ်ရာရ

သျှမ်းပြည် မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ် စစ်ကောင်စီ၏ စခန်းသစ်ကုန်း သိမ်းပိုက်နိုင်ရန် တအာင်း (ပလောင်) အမျိုးသားလွှတ်မြောက်ရေး တပ်မတော် TNLA မှ တစ် လကျော်ကြာ ထိုးစစ်ဆင် တိုက်ခိုက်လာစဉ်အတွင်း တပ်သား ၅၀ နီးပါးကျဆုံးပြီး အများအပြားထိခိုက်ဒဏ်ရရှိကြောင်း ထုတ်ပြန်ထားသည်။

နမ့်ခမ်းစခန်းသစ်ကုန်း

“၁၀၂၇ စစ်ဆင်ရေး” ဖော်ဆောင်နေသည့် ကာလအတွင်း နိုဝင်ဘာလ ၁၇ ရက်မှစ၍ နမ့်ခမ်းမြို့နယ် စစ်ကောင်စီ တပ်စခန်းများကို တအာင်း (ပလောင်)တပ်ဖွဲ့ TNLA မှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ တစ်ပတ်အကြာ တပ်စခန်းများ၊ ရဲစခန်းများနှင့် ဌာနဆိုင်ရာရုံးများအား အလုံးစုံသိမ်းပိုက်ရရှိခဲ့ကြောင်း ရေးသားဖော်ပြထားသည်။

သို့သော် နမ့်ခမ်းမြို့နယ် စစ်ကောင်စီ၏ စခန်းသစ်ကုန်းကို သိမ်းပိုက်နိုင်ရန်အတွက် စစ်ကောင်စီ၏ ပြင်းပြင်းထန်ထန် ခုခံတန်ပြန်တိုက်ခိုက်မှုကြောင့် အဆိုပါစခန်းကုန်းအား ရက်တိုအတောအတွင်း မှာတင် သိမ်းပိုက်နိုင်ခြင်းမရှိဘဲ ၁ လကျော်ကြာ ဒီဇင်ဘာလ ၁၈ ရက်မှ သိမ်းပိုက်နိုင်ခဲ့သည်။

ထိုစခန်းသိမ်းတိုက်ပွဲကာလအတွင်း တအာင်း (ပလောင်) တပ်ဖွဲ့ TNLA မှ တပ်သား ၄၉ ဦးသေဆုံးပြီး ၁၄၅ ဦး ထိခိုက်ဒဏ်ရာရရှိကာ စစ်ကောင်စီဘက်မှ ဗိုလ်မှူးအဆင့်အပါအဝင် အလောင်းများစွာနှင့် စစ်သုံ့ပန့် ၃ ဦးကို ဖမ်းဆီးရမိကြောင်း ဆိုသည်။

“ မနေ့ (ဒီဇင်ဘာ ၁၉)ရက် မနက် ၆ နာရီလောက်က စခန်းသစ်ကုန်း ကျသွားပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားတွေက TNLA တို့နဲ့ ဘယ်လိုနားလည်မှု ယူကြလည်းတော့မသိဘူး။ မူဆယ်ဆေးရုံကို ရောက်လာတာ အများကြီးပဲ “ ဟု မူဆယ်မြို့ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ ကလေး ၃ ဦးအပါအဝင် ပြည်သူ ၁၃ ဦးသေဆုံးပြီး ၄၃ ဦး ဒဏ်ရာရရှိကာ ဘာသာရေးအဆောက်အဦး၊ ဆေးရုံနှင့် နေအိမ် ၁၀၀ နီးပါး လက်နက်ကြီးထိမှန်၊ မီးလောင် ပျက်စီးသွားခဲ့သည်။


ထို့အပြင် တိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ၊ လက်နက်ကြီးများနှင့် စစ်သုံးဆောင်ပစ္စည်းများ ရှင်းလင်းသိမ်းဆည်းရမိကြောင်း ထုတ်ပြန်ချက်၌ ရေးသားဖော်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...