နမ္မတူမြို့နယ်အတွင်း TNLA တပ်သားများ ဝင်ရောက်နေရာယူပြီး ကတုတ်ကျင်းများ တူးထားနေ

သျှမ်းပြည် ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်အတွင်း၌ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က ဝင်ရောက်နေရာယူပြီး ကတုတ်ကျင်းများပါ တူးထားနေကြောင်း ဒေသခံများထံ မှ စုံစမ်းသိရသည်။

ယမန်နေ့ (ဒီဇင်ဘာလ ၂၀) ရက် နံနက်ပိုင်း ၇ နာရီ ဝန်းကျင်တွင် TNLA စစ်ကြောင်း တစ်ခုသည် နမ္မတူမြို့ ကြူဆော့ကျေးရွာမှ တစ်ဆင့် ရပ်ကွက် (၈) သို့ ဝင်ရောက် လာပြီး၊ အမှတ် (၁) (၃) (၅) ရပ်ကွက်သို့လည်း အင်အားဖြန့်ကျက်နေရာယူထားကြောင်း အသက် (၅၀) ဝန်းကျင် ဒေသခံ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့ အင်အားကတော့ ၁၀၀ ကျော်ရှိမယ်ထင်တယ်။ နမ္မတူမြို့ မြောက်ဘက် တစ်ခြမ်းလုံးကို သူတို့ အင်အားဖြန့်ကျက်ထားတဲ့ အနေအထားရှိနေတယ်။ တချို့က ရွာထဲ နေရာယူထားတယ်၊ သူတို့ နေရာယူ ထား တဲ့နေရာတွေမှာ ကတုတ်ကျင်းတွေပါ တူးထားကြတာ။” ဟု လုံခြုံရေး အရ အမည်မဖော်လိုသည့် အသက် (၅၀) ဝန်းကျင် အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခင် နမ္မတူမြို့နယ်၊ နမ့်မိုင်းဆော့ကျေးရွာရှိ ဘုန်းကြီးကျောင်းဝင်းအတွင်း တပ်စွဲ နေရာယူထားသည့် TNLA တပ်သား ၅၀ ကျော်သည်လည်း ဘုန်းကြီးကျောင်း ပတ်ဝန်းကျင်နှင့် အနီးတစ်ဝိုက်ကို ကင်းလှည့် လုံခြုံရေး စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ယင်းကဲ့သို့ TNLA တပ်မှ နမ္မတူမြို့ မြောက်ဘက်ခြမ်း အတွင်း စစ်အင်အား ဖြည့်တင်းလာခြင်း၊ ကတုတ်ကျင်းများ တူးထားခြင်းတို့ကြောင့် နမ္မတူမြို့ အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများကို လည်း ပိတ်ထားရကြောင်း အသက် (၃၀) ကျော် အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စာသင်ကျောင်းပြန်ဖွင့်တာ တစ်လတောင် မရှိသေးဘူး၊ အရင်ကလည်း ဒီလိုပဲ စစ်ရေးတင်းမာလို့ ပိတ်ထားရတာ။ အခုလည်း စစ်သားတွေ ပိုများ ပြီးမလုံခြုံတော့တဲ့ အခြေအနေတွေကြောင့် မနေ့ကပဲ ကျောင်းကို ပြန်ပိတ်လိုက်တယ်။ ဘယ်တော့ ပြန်ဖွင့်မလဲ ဆိုတာ မသိဘူး” ဟု အသက် (၃၀) ကျော် ဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပိတ်ထားရသည့် စာသင်ကျောင်းများသည် နမ္မတူမြို့နယ် အမက ဆိုက်ခေါင်ကျောင်း၊ အမှတ် (၃) မူလွန် ကျောင်း၊ ရပ်ကွက် (၃) ရှိ အထက (၂) နှင့် သတလ(၃) ဝန်ထမ်း ရပ်ကွက်ရှိ အမှတ် (၁) အထက ကျောင်း ၊ အမှတ်(၂) အလက ကျောင်းတို့ ဖြစ်ကြပြီး ကျောင်း သား/သူ စုစုပေါင်း (၂၀၀၀) ဝန်းကျင်ရှိ ကြောင်းလည်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီ တပ်ဖွဲ့သည် နမ္မတူမြို့ရှိ ခမရ ၃၂၄ မှ တပ်သားများသည် ဆိုက်ခေါင်ကျေးရွာ အုပ်စုရှိ မန်ဖွေးကျေးရွာအနီး ၊ တုန့်ဟုန်းခမ်းကျောင်းတိုက်၊ ရန်အောင်ကျောင်းတိုက် နှင့် ဝန်ထမ်းရပ်ကွက် ဖြစ်သည့် သတလ(၃) ရပ်ကွက် မြို့နယ်တရားရုံး အနီး လမ်းလေးခွတို့တွင် နေရာယူထားပြီး နှစ်ဖက်တပ်ဖွဲ့ စစ်ရေးပြင်ဆင်မှုများ ပြုလုပ်နေကြကြောင်း လည်းဒေသခံများထံမှ သိရသည်။

အာဏာသိမ်း စစ်ကောင်စီ နှင့် TNLA တပ်ဖွဲ့ ပါဝင်သည့် မဟာမိတ်တပ်ဖွဲ့တို့၏ ၁၀၂၇ စစ်ဆင်ရေးသည် လက်ရှိအချိန်ထိ သျှမ်းမြောက်ဒေသအတွင်း တိုက်ပွဲပြင်းထန်နေလျက်ရှိပြီး၊ လက်နက်ကြီး / ငယ် အပြင် လေကြောင်းလိုင်းဖြင့်ပါ ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်နေကြသည့်အတွက် နမ္မတူမြို့ဒေသခံများ ကလည်း စစ်ရေးပိုမိုပြင်းထန်မည်ကို စိုးရိမ်နေ ကြကြောင်း ပြောဆိုနေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...