TNLA

ကွတ်ခိုင် MNDAA တပ်စွဲနေရာကို TNLA က အကြောင်းကြားခြင်းမရှိဘဲ ဝင်ရောက်နေရာယူ

သျှမ်းပြည် ကွတ်ခိုင်မြို့တွင် ကိုးကန့်တပ်ဖွဲ့ (MNDAA) တပ်စွဲသည့်နေရာကို တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA က အကြောင်းကြားခြင်းမရှိဘဲ ဝင်ရောက်နေရာယူသဖြင့် အချင်းချင်းကြားစစ်ရေးတင်းမာမှုရှိနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဧပြီလ ၂၇ ရက်) နေ့လယ်အချိန်တွင် ကွတ်ခိုင်မြို့ ကောင်းခါးလမ်းခွဲရှိ စိုက်ပျိုးရေးခြံတွင် တပ်စွဲထားသည့် ကိုးကန့်တပ်ဖွဲ့ MNDAA...

ကွတ်ခိုင် ညီနောင်မဟာမိတ်အချင်းချင်းကြား ခြိမ်းခြောက်ပစ်ခတ်မှု ဖြစ်ပွား

သျှမ်းပြည် ကွတ်ခိုင်မြို့နယ်တွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား အချင်းချင်း ခြိမ်းခြောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဧပြီလ ၁၉ ရက်နေ့တွင် ကွတ်ခိုင်မြို့နှင့် တာမိုးညဲမြို့အကြားရှိ မော်ဟန်ကျေးရွာအုပ်စုအနီး တအာင်း(ပလောင်) တပ်ဖွဲ့ TNLA နှင့် ကိုးကန့်တပ်ဖွဲ့...

စစ်ရေးနှင့်လက်နက်ဖြင့် ခြိမ်းခြောက်ဆက်ဆံမှုသည် တိုင်းရင်းသားအချင်းချင်းကြား အဖြေကောင်းမဟုတ်ဟု KIA ပြော

စစ်ရေးနှင့်လက်နက်ဖြင့် ခြိမ်းခြောက်ဆက်ဆံမှုမျိုးသည် တိုင်းရင်းသားအချင်းချင်းကြားအတွက် အဖြေကောင်း မထွက်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် ဧပြီလ ၁၀ ရက်နှင့် ၁၂ ရက်နေ့တို့တွင် ကွတ်ခိုင်မြို့နယ် TNLA အုပ်ချုပ်ရေးအဖွဲ့မှ KIA ဆက်ဆံရေးရုံး တာဝန်ရှိသူများကို နှစ်ကြိမ်တိုင်တိုင် လာရောက်တွေ့ဆုံပြီး ဧပြီလ ၁၅...

နမ့်ခမ်းမြို့ TNLA ကျင်းပသည့် သင်္ကြန်မဏ္ဍပ်စင် အနီး ပေါက်ကွဲမှု ဖြစ်ပွား

သျှမ်းပြည် နမ့်ခမ်းမြို့ တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှဦးဆောင်ကျင်းပသည့် သင်္ကြန်ပွဲတော်နေရာတွင် ယနေ့ (ဧပြီ ၁၅)ရက် ညနေ ၄နာရီဝန်းကျင်၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ နမ့်ခမ်းမြို့ TNLA ဦးဆောင်ပြီး မြို့လယ်ဘုရားကြီးပွဲတော်ဝင်း (ပန်ပွဲ)ရှိ ဗဟိုမဏ္ဍပ်ပွဲစင်နေရာတွင် ယနေ့ (ဧပြီ ၁၅)ရက် ညနေ ၄နာရီဝန်းကျင်၌...

နမ့်ခမ်း TNLA ဦးဆောင်ပြီး တိုက်ပွဲကြား ကျင်းပမည့် သင်္ကြန်ပွဲကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်

သျှမ်းပြည် နမ့်ခမ်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ ဦးဆောင်ပြီး တိုက်ပွဲကာလအတွင်း ကျင်းပမည့် သင်္ကြန်ပွဲတော်ကြောင့် ဒေသခံများက လုံခြုံရေး စိုးရိမ်နေကြောင်း စုံစမ်းသိရသည်။ သင်္ကြန်ပွဲတော် ကာလဖြစ်သည့် ဧပြီလ ၁၄ ရက်မှ ၁၇ ရက်အထိ နမ့်ခမ်းမြို့၌ တအာင်း(ပလောင်)တပ်ဖွဲ့ TNLA မှ...

နမ္မတူ အစိုးရအိမ်ရာတွင် နေထိုင်သည့် ပင်စင်စားဝန်ထမ်းများကို TNLA ရွှေ့ပြောင်းခိုင်းနေ

သျှမ်းပြည် နမ္မတူမြို့ရှိ အစိုးရအိမ်ရာများတွင် နေထိုင်သည့် ပင်စင်စားနှင့် ကုမ္ပဏီဝန်ထမ်းများကို နေရာပြောင်းရွှေ့ရန် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က အကြောင်းကြားလာခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဧပြီလ ၂ ရက်)မှ စတင်ပြီး နမ္မတူမြို့ သတ္တုတွင်းရပ်ကွက် (၄)ရှိ အစိုးရအိမ်ရာများတွင် နေထိုင်သည့် ပင်စင်စားနှင့် ကုမ္ပဏီဝန်ထမ်းများကို...

TNLA ထိန်းချုပ်နယ်မြေ နမ္မတူမြို့ပေါ် တအာင်းအမျိုးသမီးဖိုရမ် ကျင်းပ

သျှမ်းပြည် နမ္မတူမြို့တွင် တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO)မှ ဦးဆောင်ပြီး ပထမအကြိမ် တအာင်းအမျိုးသမီးဖိုရမ်ကို ကျင်းပပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၈ နှင့် ၂၉ ရက်တို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA သိမ်းပိုက်ထားသည့် နမ္မတူမြို့၌ တအာင်းအမျိုးသမီး အဖွဲ့အစည်း (TWO)မှ ဦးဆောင်၍ ပထမအကြိမ် တအာင်းအမျိုးသမီးဖိုရမ်ကို...

နမ့်ခမ်းမြို့ လက်နက်ကြီးသံကြောင့် ဒေသခံစိုးရိမ်နေ

သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA က စစ်ကောင်စီလက်နက်ကြီးများကို စမ်းသပ်ပစ်ခတ်နေခြင်းကြောင့် ဒေသခံများက လုံခြုံရေးစိုးရိမ်နေကြောင်း စုံစမ်းသိရသည်။ မတ်လ နောက်ဆုံးပတ်မှ စတင်ပြီး နမ့်ခမ်းမြို့နယ်တွင် တအာင်း(ပလောင်)တပ်ဖွဲ့ TNLA က “၁၀၂၇ စစ်ဆင်ရေး”အတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းပိုက်ရရှိထားသည့် လက်နက်ကြီးများကို စမ်းသပ်ပစ်ခတ်လာခြင်းကြောင့်...

အပစ်ရပ်ဆိုပေမယ့် ပြန်နေစရာ အိမ်မရှိတော့တဲ့အခါ ဘယ်သူတာဝန်ယူမှာလဲ

တိတ်ဆိတ်နေတဲ့ နံနက်အရုဏ်ဦးမှာ တရုတ်ကျူရှင်သွားဖို့ ပြင်ဆင်နေတဲ့ သမီးလေးဟာ ကျယ်လောင်တဲ့ ပစ်ခတ်သံ ရုတ်တရက် ထွက်ပေါ်လာတာကြောင့် တုန်လှုပ်ခြောက်ခြား သွားပါတယ်။ အဲ့ဒီကျယ်လောင်တဲ့ ပစ်ခတ်သံဟာ လွန်ခဲ့တဲ့ ၂၀၂၃ ခုနစ် အောက်တိုဘာ ၂၇ ရက် နံနက် ၄ နာရီကျော်က စတင်ကြားလာပြီး မိုးလင်းလာတော့ တဖြည်းဖြည်းနဲ့...

သီပေါ-ကျောက်မဲ ကျင်သီတံတား ယာယီပြန်တည်ဆောက်

သျှမ်းပြည် သီပေါမြို့ နှင့် ကျောက်မဲမြို့ကြားရှိ ကျင်သီတံတားကို ယာဉ်ငယ်များ ဖြတ်သန်းသွားလာနိုင်ရန် အတွက် ယာယီတံတား ဆောက်လုပ်နေကြကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် သီပေါမြို့နှင့် ကျောက်မဲမြို့ ကြားရှိ ကျင်သီတံတားကို ယာဉ်ငယ်များသွားလာ အသုံးပြုနိုင်ရန် မတ်လ ၂၅ ရက်တွင် ဒေသခံများက ယာယီတံတားကို ပြန်လည်...

Latest news