Wednesday, January 28, 2026

နမ့်ဆန် TLEC ဆရာ/မ စွမ်းရည်မြှင့်သင်တန်းဆင်းပွဲသို့ AA ဒုစစ်ဦးစီးချုပ် တက်ရောက်

သျှမ်းပြည် နမ့်ဆန်မြို့တွင် တအာင်းပြည်ပညာရေးကောင်စီ (TLEC) ၏ ဆရာ/မများ စွမ်းရည်မြှင့်တင်ရေး သင်တန်းဆင်းပွဲသို့ AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။

ယမန်နေ့ (မေလ ၂၂ ရက်) တွင် နမ့်ဆန်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် တအာင်းပြည်ပညာရေးကောင်စီ (TLEC)၏ တစ်လကြာ ဆရာ/မ စွမ်းရည်မြှင့်တင်ရေး သင်တန်းဆင်းပွဲ အခမ်းအနားသို့ TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တာဘုန်းကျော်နှင့်အတူ AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်လည်း တက်ရောက်ပြီး အမှာစကား ပြောကြားခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

TLEC မှ ဦးစီးကျင်းပသည့် ဆရာ/မ စွမ်းရည်မြှင့်တင်ရေးသင်တန်းကို ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်တွင် စတင်ဖွင့်လှစ်ခဲ့၍ တစ်လကြာ သင်တန်းပို့ချပေးခဲ့ကာ အပတ်စဉ် (၃) အထိ နမ့်ဆန်၊ မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မိုင်းဝီး၊ မိုင်းငေါ့နှင့် မိုင်းလုံ သင်တန်းတည်နေရာ (၇)နေရာဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး ဆရာ/မ (၁၃၀၀)ကျော် တက်ရောက်ခဲ့ကြောင်း TLEC ကလည်း သတင်းထုတ်ပြန်ထားသည်။

အဆိုပါ စွမ်းရည်မြှင့်တင်ရေးသင်တန်းသို့ တက်ရောက်ကြသည့် ဆရာ/မ များသည် TLEC စာသင်ကျောင်းတွင် တာဝန်ထမ်းဆောင်နေသူများ အပါအဝင် တာဝန်မထမ်းဆောင်ရသေးသည့် ဆရာ/မ အသစ်များလည်း တက်ရောက်သင်ယူခဲ့ကြောင်း သိရသည်။

အလားတူ “၁၀၂၇ စစ်ဆင်ရေး”အတွင်း TNLA တပ်ဖွဲ့က သိမ်းပိုက်ထားနိုင်သည့် မြို့များတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ဇွန်လ (၁၀) ရက်တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ကျောင်းအပ်နှံရာတွင် ပညာသင်နှစ် တစ်ခုစာအတွက် ကျောင်းသားတစ်ဦးလျှင် မူလတန်းအဆင့် တစ်သိန်းကျပ်၊ အလယ်တန်းအဆင့် တစ်သိန်းခွဲကျပ်နှင့် အထက်တန်းအဆင့်ကို နှစ်သိန်းကျပ် အဖြစ် ပညာရေးရန်ပုံငွေ ပေးသွင်းရမည်ဖြစ်ကြောင်း TLEC က မေလ ၁၉ ရက်တွင် ထုတ်ပြန်ထားသည်။

TLEC သည် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် စာသင်ကျောင်းပေါင်း (၃၈၁) ကျောင်းကို ဆရာ/မ ဦးရေ (၁၆၀၀) ဖြင့် ဖွင့်လှစ်ခဲ့ပြီး လာမည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ယခင်ပညာသင်နှစ် ကျောင်းအပါအဝင် စာသင်ကျောင်းပေါင်း (၅၀၀) ကျော် ထပ်မံတိုးချဲ့ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...

လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမည်ဟု TNLA ဥက္ကဋ္ဌ ပြော

0
မိမိတို့ ထိန်းချုပ်ဒေသအတွင်းတွင် ရှိသော သျှမ်း၊ တအာင်း၊ ကချင်၊ ဗမာ၊ ဂေါ်ရခါး၊ ခိုလှုံလီရှော၊ လီဆူ၊ ကိုးကန့် နှင့် အခြားတိုင်းရင်းသားများစွာ စုပေါင်းနေထိုင်ကြခြင်းဖြစ်သောကြောင့် လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမှာဖြစ်သည်ဟု တအာင်းတပ် (TNLA)မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောသည်။ ယနေ့ ဇန်နဝါရီ...

နမ့်ခမ်းမြို့တွင် စက်သုံးဆီသိုလှောင်ရုံတစ်ခု မီးလောင်ပြီး လူ ၂ ဦး ဒဏ်ရာရ

0
သျှမ်းပြည် နမ့်ခမ်းမြို့တွင် စက်သုံးဆီ သိုလှောင်ထားသည့် ဂိုထောင်တစ်ခု မီးလောင်ကျွမ်းခဲ့ရာ လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၃ ရက်) ည ၈ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်း ရပ်ကွက်ရှိ စက်သုံးဆီ အမျိုးမျိုးနှင့်...